Monday, December 10, 2012

အာကာသထဲအထိ သွားနိုင်မည့် အမြန်ဆုံး ခရီးသည်တင်လေယာဉ်

ဗြိတိန် လေယာဉ် ထုတ်လုပ်မှု ကျွမ်း ကျင်သူများက ယခုအခါ လန်ဒန်မြို့မှ ဩစတြေးလျနိုင်ငံ

ဆစ်ဒနီမြို့ သို့ လေးနာရီ ကျော် ကြာသော မောင်းနှင် ရောက် ရှိနိုင်သည့် တစ်နာရီမိုင် ၄၀၀၀နှုန်း ပျံသန်းနိုင်သည့် မျိုးဆက်သစ် ဂျက်လေယာဉ် တစ်မျိုးကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၈ ရက်နေ့က ထုတ်ဖော်ပြော ကြားလိုက်သည်။

အာကာသထဲအထိ သွားနိုင်မည့် အမြန်ဆုံး ခရီးသည်တင်လေယာဉ်

 

ထိုလေယာဉ်မှာ ဆန်း သစ်ပြီး သမာရိုးကျ ဒီဇိုင်းများနှင့်မတူ တစ်မူထူးခြားသည့် လေယာဉ်မျိုးဖြစ်ကာ ထိုလေယာဉ်တီထွင်နိုင်မှုမှာ အသေအ ချာပင်ဖြစ်ကြောင်း ဥရောပအာကာသ အေဂျင်စီမှ အတည်ပြုခဲ့ပြီး ၄င်း သည် ထပ် မံ၍ အနည်းငယ်မွမ်းမံရုံနှင့် အာကာသထဲ ထိဂြိုဟ်တုများကို သယ်ဆောင် သွားနိုင် မည်ဖြစ်ပြီး ၄င်းမှာ အာကာသထဲရှိလေထု နှင့် အရှိန်၏ပွတ်တိုက်အားကို ခံနိုင်ရည်ရှိ ဟုသိရသည်။

ထိုလေယာဉ်ကို အောက်စဖို့ဒ် ရှိုင်းယားနယ် အခြေစိုက် ကုမ္ပဏီမှ ဒီဇိုင်းထုတ်၍ လေယာဉ်၏ မြန်နှုန်းမှာ မျက်တောင်တခတ် ကြာချိန် ထက် ခြောက်ဆ ပိုမြန်သည်ဟု သိသာလွယ်အောင်ပြောဆိုခဲ့ကြသည်။

အဆိုပါလေယာဉ်သည် အမြင့်ပေ ၉၂၀ဝ၀ အထိ ပျံသန်းနိုင်ပြီး တစ်နာရီမိုင် ၄၀၀၀ အထိ မြန်နှုန်းမြှင့်နိုင်သောကြောင့် သောကြောင့် ယခု ခေတ်စားနေသော အမြန်ဆုံး ဂျက်လေယာဉ် Air Bus နှင့် Con Cord တို့ထက် သုံးဆကျော် ပိုမို မြန်ဆန်သည်။

အဆိုပါ လေယာဉ်တစ်စင်း ဖန်တီး တီထွင်ရန်အတွက် စီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၄၀ဝ နီးပါး အကုန်ကျခံခဲ့ရပြီး များမကြာမီ နှစ်များ အတွင်း ဈေးကွက် ထဲသို့ တင်သွင်းသွားမည်ဟု စဦးထုတ်လပ်သူများထဲမှ တာ ဝန်ရှိသူတစ်ဦးကဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။