Sunday, September 9, 2012

ဘန်ကောက်အဲဝေးစ် တစ်ရက်သုံးကြိမ် ပျံသန်းပြေးဆွဲမည်


စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်ကာ ဘန်ကောက် လေကြောင်းလိုင်း (Bangkok Airways) က ရန်ကုန် ဘန်ကောက် ခရီးစဉ်ကို တစ်ရက်သုံးကြိမ် ပျံသန်း ပြေးဆွဲမည် ဖြစ်ကြောင်း ရန်ကုန်ရုံး တာဝန်ရှိသူ ကပြောသည်။ “ရန်ကုန် - ဘန်ကောက်သီး သန့်ခရီးစဉ်ပေါ့၊ တခြားမြို့တွေ တော့ဘန်ကောက်ကနေ ထရန်စစ် လုပ်ပြီး ဆက်သွားနိုင်ပါတယ်”ဟု ၄င်းက Venus News Weekly သို့ ပြောသည်။

ဇေကမ္ဘာက သိမ်းသွားသော လယ်များအတွက် ဆန္ဒပြ

ရန်ကုန် (မဇ္ဈိမ)  ။   ။ မင်္ဂလာဒုံမြို့နယ်နှင့် လှည်းကူးမြို့နယ်များရှိ လယ်သိမ်းခံရသော လယ်သမား ၇၅ ဦးက ထိုက်သင့်သော လျော်ကြေးမပေးဘဲ ၄င်းတို့၏ လယ်ယာမြေသိမ်းယူခဲ့သော ဇေကမ္ဘာ ကုမ္ပဏီအား ဆန္ဒဖော်ထုတ်ခြင်း
ကို သြဂုတ်လ ၇ ရက်နေ့က ထောက်ကြန့်မြို့နယ်တွင် ဆန္ဒပြခဲ့ကြသည်။

မြန်မာဆိုးသွမ်းပရိတ်သတ်ကြောင့် ဒဏ်ငွေဆောင်ရ

ရန်ကုန် (မဇ္ဈိမ)။         ။ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် AFC U-22 ချန်ပီယံရှစ် ခြေစစ်ပွဲ
(Group-G)ပွဲစဉ်များတွင် ပရိသတ်အချို့၏ ဆိုးသွမ်းသည့်အားပေးမှုများကြောင့် အာရှဘောလုံးအဖွဲ့ချုပ်
(AFC) မှ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အား ဒဏ်ငွေ ဒေါ်လာ နှစ်သောင်းရှစ်ထောင် ပေးဆောင်ရန်
ပြစ်ဒဏ်ချမှတ်လိုက်သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေသန့်ရှင်းမှုစီမံကိန်း အကောင်အထည်ဖော်မည်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေသန့်ရှင်းမှု စီမံကိန်းတစ်ခု အကောင်အထည်ဖော်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ယင်းကို အကောင်အထည်ဖော်မည့် FREDA မှ ဒုဥက္ကဋ္ဌ ဦးအုန်းက ပြောသည်။

ယခုစီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် ကုလသမဂ္ဂဖွံဖြိုးရေး အစီစဉ် ( UNDP ) ကမ်းလှမ်းချက်ဖြင့်
ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၁၀ သန်း ပေးအပ်ရန်လည်း နှုတ်အားဖြင့် သဘောတူထားပြီးဖြစ်ကြောင်း သိရ
သည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရထားခရီးစဉ်အချို့ ရပ်နားခဲ့သော မန္တလေး-မြစ်ကြီးနားရထားလမ်း၌ ရထားများ ပုံမှန်ပြန်လည်ပြေးဆွဲ


မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ရထားခရီးစဉ်အချို့  ရပ်နားခဲ့ရာ၌ လက်ရှိတွင် ပုံမှန် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် ကာလူနှင့်မော်ဟန်အကြား မိုင်တိုင်အမှတ် ၆၂၂/၈၉ အကြားတွင် ကေအိုင်အေနှင့် တပ်မတော်တို့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း၊ သံတံတားအမှတ် ၅၅၅ တွင် သံပေါင် သုံးပေပျက်စီးခဲ့ကာ သံလမ်းနှစ်ဖက် လေးပေခန့် ပျက်စီးခဲ့သည့်အတွက် ယင်းနေ့ ည ၇ နာရီခန့်မှစတင်၍ ရထားလမ်းအသွားအလာမရှိ ပိတ်လိုက်ကြောင်း မြစ်ကြီးနားမြို့တွင် ထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရသည်။

 ဆရာတော် ဦးဥတ္တမနေ့ကို ပြန်လည်ကျင်းပခွင့်ပြု



ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနား လွမ်းသူ့ပန်းခွေ ကပ်လှုကြစဉ် ဓါတ်ပုံ - သန်းလှိုင်
လွတ်လပ်ရေး၏ မီးရှူးတန်းဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့(ဦးဥတ္တမနေ့)တွင် စစ်တွေမြို့နှင့် ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

သမ္မတ ဦးသိန်းစိန်က ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို မြန်မာပြည် ပြန်လာဖို့ ဖိတ်ခေါ်



2012-09-08
တရုပ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ စစ်ဆေးရုံကြီးမှာ အသည်းအသန် နာမကျန်းဖြစ်နေတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ရွေတိဂုံဘုရားကို ဖူးမြော်လိုကြောင်း ပြောကြားတာကို ကြားသိရပြီးနောက် သမ္မတ ဦးသိန်းစိန်က သူ့ကို မြန်မာပြည်ပြန်လာဖို့ ဖိတ်ကြားလိုက်ပါတယ်။

ကိုးရီးယား အထည်ချုပ်စက်ရုံ ဆန္ဒပြပွဲ ကျေအေးပြီးဆုံး



2012-09-08
ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် အမှတ် (၄) မှာရှိတဲ့ ကိုးရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ်စက်ရုံက အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ အလုပ်သမား ၁၀၀၀ ကျော်ရဲ့ တောင်းဆိုပွဲဟာ အဓိကတောင်းဆိုချက် ဖြစ်တဲ့ အခြေခံလစာကို အလုပ်ရှင်ဘက်က မတိုးပေးပေမယ့် တခြားတောင်းဆိုချက်နဲ့ အခွင့်အရေးတွေ အားလုံးနီးပါး ဖြည့်ဆည်း ပေးလိုက်တဲ့အတွက် အလုပ်သမားတွေဘက်ကသဘောတူ ကျေအေးပေးလိုက်တာကြောင့် ဆန္ဒပြပွဲကို အဆုံးသတ်လိုက်ပြီလို့ အလုပ်သမား ကိုယ်စားလှယ် တစ်ဦးက RFA ကို ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကားအတွက် သရုပ်ဆောင်သစ်တစ်ဦး ထပ်မံရွေးချယ်



2012-09-08
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ်နေရာက ပါဝင်သရုပ်ဆောင်မယ့်သူ ရွေးချယ်ပွဲကို ဒီကနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ ဦးဝိစာရလမ်းထောင့်မှာရှိတဲ့ ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။

မိုးထိ မိုးမိ ရွှေလုပ်သားခေါင်းဆောင် ၂၂ ဦး တရားစွဲဆိုခံရ



2012-09-08
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် မိုးထိ မိုးမိဒေသ ရွှေတူးဖော်ရေး လုပ်ငန်းခွင်က လုပ်သားခေါင်းဆောင် ၂၂ ဦးကို အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီကနေ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖွဲ့ စစ်တွေကိုရောက်ရှိ



2012-09-08
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Yun နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell တို့ ဦးဆောင်တဲ့ အဖွဲ့ဟာ မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဒီကနေ့မနက်ပိုင်းက သွားရောက်ခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဋ္ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး



2012-09-08
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ အဖွဲ့ဝင်တွေနဲ့ ရန်ကုန်တိုင်းအတွင်းက ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ တရားရေးဝန်ထမ်းတွေ ပထမဆုံးအကြိမ် တွေ့ဆုံပွဲကို ရန်ကုန်မြို့၊ ပြည်လမ်းက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

စုံစမ်းရေး ကော်မရှင်အဖွဲ့ စစ်တွေမြို့ ပထမဆုံးအကြိမ် ရောက်ရှိ



2012-09-07
ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတကနေ ဖွဲ့စည်းတာဝန် ပေးထားတဲ့ စုံစမ်းရေး ကော်မရှင်အဖွဲ့ဟာ မနေ့ နေ့လည်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပါတယ်။

စစ်ရေးပဋိပက္ခအခြေအနေ ၈၈ မျိုးဆက်တွေ ကူညီဖြေရှင်းပေးဖို့ ဖားကန့်ဒေသခံများ တောင်းဆို



2012-09-07
ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အစိုးရတပ်တွေနဲ့ KIA တပ်တွေအကြား စစ်ရေးပဋိပက္ခ အခြေအနေတွေကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ကူညီ ဖြေရှင်းပေးဖို့ ဒေသခံ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုရေးအသင်း အဖွဲ့တွေက မနေ့က အရေးပေါ် အစည်းအဝေးကျင်းပပြီး တောင်းဆို လိုက်ကြပါတယ်။