Sunday, September 9, 2012

ဇေကမ္ဘာက သိမ်းသွားသော လယ်များအတွက် ဆန္ဒပြ

ရန်ကုန် (မဇ္ဈိမ)  ။   ။ မင်္ဂလာဒုံမြို့နယ်နှင့် လှည်းကူးမြို့နယ်များရှိ လယ်သိမ်းခံရသော လယ်သမား ၇၅ ဦးက ထိုက်သင့်သော လျော်ကြေးမပေးဘဲ ၄င်းတို့၏ လယ်ယာမြေသိမ်းယူခဲ့သော ဇေကမ္ဘာ ကုမ္ပဏီအား ဆန္ဒဖော်ထုတ်ခြင်း
ကို သြဂုတ်လ ၇ ရက်နေ့က ထောက်ကြန့်မြို့နယ်တွင် ဆန္ဒပြခဲ့ကြသည်။



လယ်ဧက သုံးထောင်ကျော်အသိမ်းခံရသော မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးနှင့် လှည်းကူးမြို့နယ် ဆင်ဖုံကျေးရွာများမှ လယ်သမားတို့ဘက်က လိုက်ပါဆောင်ရွက်နေသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး
ပါတီရုံးရှေ့တွင် စုရုံးဆန္ဒပြရန်အတွက်ကိုပင် မြို့နယ်ရဲစခန်းတွင် ခွင့်တောင်းခဲ့ရာ ဆန္ဒပြမည့်သူအရေအတွက်
ကို သုံးပုံတပုံနီးပါးသာ ကန့်သတ်ပေးခဲ့သည်။

“မင်္ဂလာဒုံစက်မှုဇုံ(၁)၊(၂)၊(၃)အတွက်ဆိုပြီးလယ်တွေသိမ်းတုန်းက နစ်နာကြေး၊လျော်ကြေးမပေးခဲ့ပါဘူး။ ပေ ၄၀-၆၀
မြေကွက်တစ်ယောက်တစ်ကွက်ပေးမယ်ဆိုပြီးလည်းမပေးခဲ့ပါဘူး၊ ထိုက်သင့်တဲ့ နစ်နာကြေးလိုချင်လို့
ခုလိုဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်” ဟု ဆန္ဒပြလယ်သမား ဦးမြင့်သိန်းက ပြောသည်။

လွန်ခဲ့သော ၁၅ နှစ်ခန့်က လယ်ယာမြေများအား စက်မှုဇုန်ဖော်ထုတ်ရေး စီမံကိန်းအတွက်ဟု သိမ်းယူခဲ့ခြင်း
ဖြစ်သည်။

“ကျွန်တော်လယ် ၆ ဧက သိမ်းခံလိုက်ရတယ်။ ကျွန်တော်လယ်တွေ ပြန်လိုချင်ပါတယ်။ လယ်သိမ်းခံရပြီးတည်းက လယ်ပိုင်မရှိနဲ့ အတော်အခက်ခဲကြုံရပါတယ်။ ခုဆို ကျပန်းလုပ်ကိုင်စားသောက်နေရပါတယ်”ဟု လယ်သမား
ကိုအေးခိုင်ကဆိုသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဌ ဦးနေမျိုးဝေက “သူတို့ကပြောတယ် စက်မှုဇုန်က ၈၀ ရာခိုင်နှုန်း
အောင်မြင်နေတယ်ပြောတယ်၊ တကယ်တော့ ဟောင်းလောင်းကြီး မြေကွက်လွတ်တွေပဲ ရှိသေးတယ်၊ သူတို့ရဲ့
လုပ်ရပ်တွေကို ဥပဒေနဲ့ အညီဖြစ်ဖို့လိုပါတယ်” ဟု  ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။