Sunday, September 9, 2012

ဘန်ကောက်အဲဝေးစ် တစ်ရက်သုံးကြိမ် ပျံသန်းပြေးဆွဲမည်


စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်ကာ ဘန်ကောက် လေကြောင်းလိုင်း (Bangkok Airways) က ရန်ကုန် ဘန်ကောက် ခရီးစဉ်ကို တစ်ရက်သုံးကြိမ် ပျံသန်း ပြေးဆွဲမည် ဖြစ်ကြောင်း ရန်ကုန်ရုံး တာဝန်ရှိသူ ကပြောသည်။ “ရန်ကုန် - ဘန်ကောက်သီး သန့်ခရီးစဉ်ပေါ့၊ တခြားမြို့တွေ တော့ဘန်ကောက်ကနေ ထရန်စစ် လုပ်ပြီး ဆက်သွားနိုင်ပါတယ်”ဟု ၄င်းက Venus News Weekly သို့ ပြောသည်။
ဘန်ကောက် အဲဝေးစ်သည် ၂၀ဝ၄ ခုနှစ် မေလမှစတင်ကာရန် ကုန် - ဘန်ကောက် ခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်တင် ဘာလ ၁၅ ရက်နေ့က စတင်ကာ ပြေးဆွဲမည့် လေယာဉ် အမျိုးစား မှာ PG705(Bangkok-Yangon) နှင့် PG706(Yangon-Bangkok) တို့ဖြစ်ကြောင်း၊ ATR Aircraft (70 seater) ပါဝင်ကြောင်း ယင်းလေ ကြောင်းလိုင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
စက်တင်ဘာလအတွင်းတွင် ဘန်ကောက်အဲဝေးစ်နည်းတူ အဲ အေးရှား လေကြောင်းလိုင်းက လည်း ဗန်ကောက် -မန္တလေးတိုက်ရိုက်လေကြောင်းလိုင်း ခရီး စဉ်အသစ်ကို ပြေးဆွဲမည်ဖြစ် ကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။ ၄င်းနည်းတူမြန်မာနိုင်ငံသို့ ယခုနှစ်အတွင်းSilk Air လေ ကြောင်းလိုင်းမှ စင်ကာပူ-မန္တလေး ခရီးစဉ်၊Thai International မှ ဗန်ကောက်-မန္တလေး ခရီးစဉ်၊ Air Asia မှမန္တလေး တိုက်ရိုက်ခရီးစဉ်၊All Nipon လေကြောင်းလိုင်း၊ All Nipon ၊ုKNA Airline ၊ Kartar Airline ၊Doha Airline ၊ Congo Airline တို့လည်း ပျံသန်း ရန်ရှိနေသည်။ မြန်မာနိုင်ငံသို့လက်ရှိပြေးဆွဲနေသော နိုင်ငံတကာလေကြောင်း ခရီးစဉ်များမှာ ဘန်ကောက်-ရန် ကုန်၊ စင်ကာပူ-ရန်ကုန်၊ ကွာလာ လန်မ်ပူ-ရန်ကုန်၊ ကူမင်း-ရန်ကုန်၊ နန်နင်း-ရန်ကုန်၊ ဂေါင်ဇူး-ရန်ကုန်၊ တိုင်ပေ-ရန်ကုန်၊ ကက်ကုတန်-ဂါယာ-ရန်ကုန်၊ ဂါယာ-ရန်ကုန်၊ ဟနွိုင်း-ရန်ကုန်၊ ဟိုချီမင်း-ရန် ကုန်၊ ချင်းမိုင်-ရန်ကုန်၊ ဖူးခက်- ရန်ကုန်၊ ဆီယီယမ်-ရန်ကုန်၊ ကူ မင်း-မန္တလေး စသည့်လေကြောင်း လိုင်း ၁၅ လိုင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။