www.yemintun86.blogspot.com
၁၂.၄.၂၀၁၂ တွင်တည်ထောင်သည်
မူလစာမျက်နှာ
နည်းပညာများ
Flash song များ
ဗဟုသုတများ
ကဗျာစာမျက်နှာ
စားသောက်ဖွယ်ရာအဖြာဖြာ
အားကစားသတင်းဆိုဒ်
Gmail
Facebook
ဂိမ်းများ
Wednesday, July 25, 2012
စရဖ နှိပ်စက်သဖြင့် ဦးဘရန်ရှောင် စိတ်မူမမှန်တော့ဟု ဆို
၂၀၁၁ ခရစ္စမတ် နေ့က ဂျန်မိုင်ကောင် နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတွင် မိသားစုနှင့် အတူ တွေ့မြင်ရသော ဦးလထော်ဘရန်ရှောင် (ဓာတ်ပုံ – Hkamung pan)
ကချင် လွပ်လပ်ရေး အဖွဲ့ (KIO) ၏ ဝန်ထမ်းနှင့် ဖောက်ခွဲရေးသမားဟု စွပ်စွဲ ဖမ်းဆီးထားသော ဦးလထော် ဘရန်ရှောင်မှာ ဖမ်းဆီးခံထားရစဉ် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ၏ နှိပ်စက်သည့် ဒဏ်ရာများကြောင့် စိတ်မူမမှန်သည့် အခြေအနေ တွေ့ရှိရကြောင်း မျက်မြင်များက ပြောသည်။
Read more »
မယ်တော်ဆေးခန်း နာရေးသင်္ဂြိုဟ်မှု အခက်အခဲကြုံ
မယ်တော် ဆေးခန်းတွင် လာရောက် ဆေးကုသမှု ခံယူနေသော လူနာများကို တွေ့ရစဉ် (ဓာတ်ပုံ – Reuters)
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် ကုသနေသည့် လူနာများ တလလျှင် ၂၀ ခန့် သေဆုံးပြီး အလောင်းများကို မီးသင်္ဂြိုဟ်ရန် အခက်အခဲ ကြုံတွေ့နေရသည်။
Read more »
ရခိုင် နယ်ခြားစောင့်တပ် ဖွဲ့ရေး ကြိုးပမ်းမည်
ပဋိပက္ခ ကာလအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ တနေရာ (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနှင့် ရခိုင်ဒေသတွင်း လုံခြုံရေးအတွက် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ ပြည်သူ့စစ် ဖွဲ့စည်းရေး ကိစ္စများအတွက် ရခိုင်ခေါင်းဆောင်များက ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရသည်။
Read more »
ပေါင်းလောင်းဆည် စီမံကိန်း ရွာ ၂၀ ကျော် ပြောင်းရမည်
ဆောက်လက်စ ပေါင်းလောင်းဆည် စီမံကိန်း (ဓာတ်ပုံ – KNGY)
အစိုးရ ဌာနဆိုင်ရာရုံးများ အခြေစိုက်ရာ နေပြည်တော်သို့ မီးပေးရန်တည်ဆောက်နေသော အထက်ပေါင်းလောင်းဆည် စီမံကိန်း ဧရိယာတွင်းရှိ ကျေးရွာ၂၃ ရွာမှ ဒေသခံ ၈၀၀၀ ကျော်သည် နေရပ်ရင်းကို စွန့်ခွာကြရမည်ကို စိုးရိမ် ပူပန်နေကြသည်။
Read more »
မြန်မာဒါရိုက်တာ ရိုက်မယ့် ဒေါ်အောင်ဆန်းစုကြည် မှတ်တမ်းရုပ်ရှင်နဲ့ အရိုင်း အမှတ်ရ ပြပွဲ
လွှတ်တော် တက်မည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Reuters)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Documentary စတင် ရိုက်ကူးနေပြီ ဖြစ်တဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀သက်တမ်း တလျှောက်မှာ သူ့ရဲ့ နှလုံးသား၊ ခံစားချက်နဲ့ သက်ဆိုင်တာတွေကို အဓိကထားပြီး ရိုက်ကူးမှာလို့ ဧရာဝတီကို ပြောပါတယ်။
Read more »
ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူများ အကူအညီပေးရန် မောင်တောသို့ ရောက်ရှိ
မြန်မာရုပ်ရှင် အစည်းအရုံးမှ နာယက ဦးအောင်လွှင်နှင့် အစည်းအရုံး မှ တွဲဘက် အတွင်းရေးမှူး ကိုဖြိုးတို့ ဦးဆောင်သော အဖွဲ့သည် ဒုက္ခရောက်နေကြသော ရခိုင်တိုင်းရင်းသားများကို အကူအညီများ ဆက်လက် ပေးအပ်ရန် အတွက် ယမန်နေ့က မောင်တောမြို့သို့ ရောက်ရှိလာသည်။
Read more »
ကျပ်သိန်း(၂၀၀)အထက်ကား ရန်ကုန်တွင် အရောင်းအ၀ယ်မရှိသလောက်ဖြစ်လာ
ရန်ကုန်ကားဈေးကွက်တွင် ဇူလိုင်လတတိယအပတ်အတွင်း၌ ငွေကျပ် သိန်း ၁၂၀နှင့် ၁၆၀ ဝန်းကျင်ရှိ အောက်ကားများသာ အနည်းငယ်အရောင်းအဝယ်ဖြစ်နေပြီး ငွေကျပ်သိန်း(၂၀၀)အထက် အပေါ်ကားများမှာ အရောင်းအဝယ် လုံးဝမရှိသလောက်ဖြစ်နေကြောင်း ကားအရောင်းအဝယ်ဈေးကွက်အတွင်းက သိရသည်။
Read more »
ရှပ်ပြေးယာဉ်မှ သေဆုံးသူများ၏ မိသားစုဝင်များ အာမခံကြေး(၅)သိန်းစီထုတ်ယူနိုင်
ဗန်မော်မြို့ နယ်အတွင်း ဇူလိုင်လ ၂၀ရက်နေ့ တွင် တိမ်းမှောက်ခဲ့ သော မြမင်းအောင်(၁) ရှပ်ပြေး ယာဉ်မှ သေဆုံးခဲ့သူများ၏ မိသားစုဝင်များအနေဖြင့်  သူတစ်ပါးထိခိုက်နစ်နာမှု အာမခံကြေးတစ်ဦး လျှင် ငွေကျပ်ငါးသိန်းစီ နီးစပ်ရာမြန်မာအာမခံရုံးခွဲများတွင် လာရောက်ဆက်သွယ် ထုတ်ယူနိုင် ကြောင်း မြန်မာအာမခံလုပ်ငန်း(ဗပိာု)က သိရှိရသည်။
Read more »
တိုက်ပွဲများနှင့်ပတ်သက်၍ သမ္မတထံသို့စာတင်မည်ဟု SSA-S ဒုဗိုလ်ချူပ်ကြီးယွက်စစ် ပြောကြား
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်စီ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် အပစ်အခက်ရပ်စဲထားသော်လည်း တိုက်ပွဲများဆက်ဖြစ်ပွား နေသည့် ကိစ္စနှင့်ပတ်သက်၍ SSAမှ သမ္မတဦးသိန်းစိန်ထံသို့ စာရေးတင်ပြ သွား မည်ဖြစ်ကြောင်း သိရသည်။
Read more »
ဆရာကြီး သခင်ကိုယ်တော်မှိုင်းအထိမ်းအမှတ်နှင့် စာကြည့်တိုက်များ အမြဲရှင်သန်စေဖို့
ဆရာကြီး
သခင်ကိုယ်တော်မှိုင်းရဲ့
ဇာတိမြေမှာ
စာကြည့်တိုက်ဖွင့်မယ်လို့
ကြားကြားခြင်း
ကျမအနေနဲ့
ဝမ်းသာမိခဲ့ပါတယ်။
ပြီးတော့
စိတ်မကောင်းလည်း
ဖြစ်သွားခဲ့မိတယ်။
သခင်ကိုယ်တော်မှိုင်းလို
နယ်ချဲ့ဆန့်ကျင်ရေး၊
အမျိုးသားလွတ်မြောက်ရေးနဲ့
ငြိမ်းချမ်းရေးရှေ့ဆောင်ကြီး၊စာပေပညာရှင်ကြီးရဲ့
ဇာတိမြေမှာ
အထင်ကရ
စာကြည့်တိုက်
တောင်
မရှိပါလားဆိုပြီး
တကယ်ကိုစိတ်မကောင်းဖြစ်ခဲ့ရတယ်။
Read more »
ပြုပြင်ပြောင်းလဲမှုများအား ဆက်လက်လုပ်ဆောင်သွားမည်ဟု ထိုင်းခရီးစဉ်၌ သမ္မတဦးသိန်းစိန် ပြောကြား
မြန်မာအစိုးရအဖွဲ့ဆောင်ရွက်နေသော နိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုများအား ထိုင်းဝန်ကြီးချုပ် က ထောက်ခံသည့် အပေါ်တွင်ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် သမ္မတဦးသိန်းစိန်က ယနေ့ပြောကြားခဲ့ခြင်းဖြစ်သည်။
Read more »
ထားဝယ်ဆိပ်ကမ်းစီမံကိန်းတွင် ဒေသခံတို့၏ အခက်အခဲများအား အလေးထားသင့်
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအား နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်လုပ်ကိုင်ရာ၌အစိုးရ၀န်ကြီးများ အနေဖြင့် ဒေသခံများ၏ အခက်အခဲများအပေါ် လေ့လာသုံးသပ်လုပ်ဆောင် သင့်ကြောင်း ဒေသခံလူမှုရေးအဖွဲ့အစည်းများက ဆိုသည်။
Read more »
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တင်ပေးခဲ့သော တာမွေဒီချုပ်ဆိုင်းပုဒ်ကို ရိုက်ခွဲခဲ့သူအား ပြန်လည်ကျေအေး
တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်အား ခဲနှင့်ရိုက်ခွဲခဲ့သော ကာယကံရှင်အား ဒီချုပ် (NLD)က တရားစွဲဆိုခဲ့သည့်အမှုအား ယနေ့ဇူလိုင်လ(၂၄)ရက်နေ့တွင် ကျေအေးလိုက်ပြီဖြစ်သည်။
Read more »
လှိုင်သာယာ အလုပ်သမား ဆန္ဒပြ
2012-07-24
လှိုင်သာယာ စက်မှုဇုန် (၄) မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် ဟိုင်မို ဟိုက်အာ့တ် (Hi Mo - High Art) ဆံပင်တုစက်ရုံမှာ ဒီကနေ့ မနက် ကိုးနာရီက စတင်ကာ အလုပ်သမား နှစ်ထောင်နီးပါး စက်ရုံတွင်းမှာ အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။
RFA
Read more »
မြန်မာသံဃာတော်များက ဘန်ကောက် သံရုံးရှေ့တွင် ဆန္ဒပြ
မဇ္ဈိမသတင်းဌာန။ ။ မြန်မာသံဃာတော်များက ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် အင်္ဂါနေ့က စုရုံးကြပြီး ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ အဆုံးသတ်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်မဲပေးနိုင်ရန် မြန်မာနိုင်ငံသို့ ပြန်ခွင့်ပြုရေးတို့ တောင်းဆိုကြ သည်ဟု ရိုက်တာ သတင်းတရပ်တွင် ပါရှိသည်။
မြန်မာသမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံရှိ မြန်မာလူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် သံရုံးတွင်း တွေ့ဆုံရန် စီစဉ်ထားသည်။
တိုင်းရင်းသား အခွင့်အရေး ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းပေးရန် ဆွေးနွေး
နေပြည်တော် (မဇ္ဈိမ) ။ ။ တိုင်းရင်းသားဒေသများတွင် တွေ့ကြုံခံစားနေရသည့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်မရမှုများ၊ တိုင်းရင်းသား ဘာသာများ စာသင်ကျောင်းများတွင် သင်ကြားခွင့် မရမှု၊ ဘာသာစကား ယဉ်ကျေးမှု၊ စာပေတို့ ပျောက်ကွယ်နေသည့် အခြေအနေများကို ထောက်ပြ၍ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေရေးဆွဲပြဋ္ဌာန်းရေး အဆိုကို တနင်္လာနေ့ ပြည်သူ့ လွှတ်တော်တွင် တိုင်းရင်းသား လွှတ်တော်အမတ်များက ထောက်ခံဆွေးနွေးခဲ့ကြသည်။
Read more »
မြန်မာ့ စွမ်းအင် လိုအပ်ချက် ထိုင်း PTT က ကူညီမည်
မဇ္ဈိမသတင်းဌာန ။ ။ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထိုင်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များ ရရှိပြီးနောက် မြန်မာသမ္မတ ဦးသိန်းစိန်သည် တနင်္လာနေ့က ထိုင်းထိပ်တန်း စီးပွါးရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
Read more »
ထိုင်းနိုင်ငံသား ၉၂ ဦးကို မြန်မာတရားရုံးမှ ထောင်ဒဏ်များ ချမှတ်လိုက်
စံခလပူရီ (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်း တရားမဝင် ကျူးကျော်ဝင်
ရောက် နေထိုင်သည့် ထိုင်းနိုင်ငံသား ၉၂ ဦးကို ကော့သောင်းခရိုင် တရားရုံးက ဇူလိုင်လ ၂၂ ရက်နေ့တွင် ထောင်ဒဏ် ၆ နှစ်ခွဲစီ အမိန့်ချမှတ်လိုက်ကြောင်း မြို့နယ် လူဝင်မှု ကြီးကြပ်ရေးဌာနမှ အရာရှိတဦးက ပြောသည်။
Read more »
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ပြန်လည်ပြုပြင်မည်
ရန်ကုန် (မဇ္ဈိမ) ။ ။ ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း၏ ဂူဗိမာန်အား ပြန်လည်ပြုပြင် မွမ်းမံရန်အတွက် စီစဉ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
Read more »
ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေ နှစ်ကုန်ပိုင်း ထွက်မည်
ရန်ကုန် (မဇ္ဈိမ) ။ ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန် ရှိသူများနှင့် ပြည်တွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ လေးခုတို့က ရေးဆွဲနေပြီး ၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်း တွင် ထွက်လာမည် ဖြစ်ကြောင်း ဥပဒေ ရေးဆွဲရာတွင် ပါဝင်သူများက မဇ္ဈိမကို ပြောသည်။
Read more »
ဒုက္ခသည်များကို တလအတွင်း ပြောင်းရွှေ့ရန် တရုတ်အစိုးရ ပြော
ချင်းမိုင်(မဇ္စျိမ) ။ ။ တရုတ်နိုင်ငံ၊ နောင်တောင်း ခရိုင်၊ ရွှေလီမြို့နယ်အတွင်း ခိုလှုံနေသော ကချင် စစ်ပြေးဒုက္ခသည် ၄,ဝဝဝ ကျော်အား တလအတွင်း ပြောင်းရွှေ့ပေးရန် တရုတ်အစိုးရက ပြောဆိုခဲ့သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဒုက္ခသည် ကူညီရေးကော်မတီ တာဝန်ခံ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။
Read more »
ပါကစ္စတန် လူ့အခွင့်အရေး ခေါင်းဆောင် ရခိုင်ပြည်နယ် လာမည်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရိုဟင်ဂျာ မူဆလင်များအရေး ကိုယ်တိုင် လေ့လာ ကူညီရန်အတွက် ပါကစ္စတန်နိုင်ငံမှ လူ့အခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင် Ansar Burney သည် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။
Read more »
သတ္တုတွင်း ဥပဒေသစ် သဘာဝပတ်ဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စ ပြင်မည်ဟုဆို
ရန်ကုန် (မဇ္ဈိမ) ။ ။ အသစ်ပြန်လည် ရေးဆွဲလျက်ရှိသော Mining Law (သတ္တုတွင်း ဥပဒေ)တွင် အဓိက အားဖြင့် အချက်နှစ်ချက်အား အဓိက ပြုပြင်သွားမည်ဟု သတ္တုတွင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်သက် က ပြောသည်။
ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပပြုလုပ်လျက်ရှိသည့် Myanmar Mining Summit (မြန်မာ သတ္တုတွင်း ထိပ်သီးအစည်းအဝေး) တွင် တက်ရောက်နေစဉ် မဇ္ဈိမ၏ မေးမြန်းချက်ကို ဖြေကြားသွားခြင်း ဖြစ်သည်။
Read more »
မော်လမြိုင်(အထက-၁၀)ကျောင်းကို ကျောက်တင်ကား ၀င်တိုက်မှုဖြစ်ပွား
ဇူလိုင်လ ၂၄ ရက် (ယနေ့ နံနက်) တွင် မော်လမြိုင်မြို့အ၀င်၊ ဆွမ်းအုပ်အ၀ိုင်းအနီး၊ (အထက-၁၀)ကျောင်းအား မုတ္တမဘက်မှ စကျင်ကျောက်တုံးများ တင်လာသော ကျောက်တင်ကားတစ်စီး ၀င်တိုက်မှု ဖြစ်ပွါးခဲ့ကြောင်း၊ သတင်းရရှိပါသည်။
Read more »
မြန်မာ့ရေနံချက် စက်ရုံများကို နိုင်ငံခြားလုပ်ငန်းနှင့် ပုဂ္ဂလိက လုပ်ငန်းများသို့ လွှဲပြောင်းသွားမည်ဖြစ်ပြီး သန်လျင် ရေနံချက်စက်ရုံကို ပထမဆုံးလွှဲပြောင်း လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေ
မြန်မာ့ရေနံချက် စက်ရုံများကို နိုင်ငံခြားလုပ်ငန်းများနှင့် ပုဂ္ဂလိက လုပ်ငန်းများသို့ လွှဲပြောင်းလုပ်ကိုင် ခွင့်ပြုသွားမည်ဖြစ်ပြီး သန်လျင်ရေနံချက်စက်ရုံကို ပထမဆုံးလွှဲပြောင်း ပေးနိုင်ရန် စီစဉ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန စွမ်းအင်စီမံကိန်းဦးစီး ဌာနမှ သတင်းရရှိပါသည်။
Read more »
စတုတ္ထမဏ္ဍိုင်၏ စောင့်ကြည့် ထောက်ပြမှုများ အပေါ် မဏ္ဍိုင်(၃)ရပ်က အလေးထား၊ အရေးယူ၊ လိုက်နာ ပြုပြင်၊ ညှိနှိုင်းဆောင်ရွက်သွားရန် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား
ဒီမိုကရေစီစနစ် မှန်မှန်ကန်ကန်နှင့် အနှစ်သာရရှိရှိ ကျင့်သုံးနိုင်ရန်အတွက် စတုတ္ထမဏ္ဍိုင် ဖြစ်သည့် စာပေစာနယ်ဇင်းများ အနေဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်(၃) ရပ်ကို ထိန်းကျောင်း တည့်မတ်ပေးဖို့ လိုအပ်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးဝင်း က ပြောကြားခဲ့သည်။
Read more »
ဦးနေမျိုးဝေကို ရဲကစစ်ဆေး
ဇေကမ္ဘာကုမ္ပဏီက မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာနဲ့ ပတ်သက်ပြီး မင်္ဂလာဒုံ ရဲစခန်းက ဦးနေမျိုးဝေကို ဒီကနေ့  ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။
RFA
Read more »
မင်္ဂလာပါ ဒီမိုကရေစီ ရုပ်ရှင်ပွဲတော် ရှေ့လစမယ်
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး မင်္ဂလာပါ ဒီမိုကရေစီအမည်နဲ့ ရုပ်ရှင်ပွဲတော်ကို လာမဲ့လမှာ စတင် ကျင်းပမယ်လို့ သိရပါတယ်။
Photo: thisprisonwhereilive.co.uk
ဟာသသရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ ခေါ် ကိုသူရ။ (Photo: thisprisonwhereilive.co.uk)
Read more »
အခြေအနေမဲ့ ကလေးတွေကို ပြည်မြို့မှာ ပညာသင်ပေး
ပြည်မြို့က အခြေအနေမဲ့ ကလေးငယ်တွေအတွက် ပညာသင်ပေးတဲ့ အစီအစဉ်ကို လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက မြကွမ်းတောင် ဘုန်းတော်ကြီးကျောင်းမှာ ဒီနေ့ စပြီး ဖွင့်လှစ်လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်က ပြည်မြို့ မြကွမ်းတောင် ဘုန်းတော်ကြီးကျောင်းတွင် အခြေအနေမဲ့ ကလေးငယ်များ ဘုရားရှိခိုး နေကြစဉ်။
Read more »
ကျူးကျော်ဆိုင်ခန်းတွေ အင်အားသုံး ဖယ်ရှား
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်အတွင်း ဗဟိုလမ်းအနီးက ကျူးကျော် အရောင်းဆိုင်ခန်း ၄၀ ကျော်ကို မီးရထား ၀န်ထမ်းတွေနဲ့ ရဲဝန်ထမ်းတွေ အပါအ၀င် လူအင်အား (၄၀) လောက်က ဒီကနေ့ မနက်က အဓမ္မ လာရောက် ဖျက်ဆီး ဖယ်ရှားခဲ့ကြတယ်လို့ ကာယကံရှင် ဆိုင်ခန်းရှင်တွေက RFA ကို ပြောပါတယ်။
Read more »
UNFC က တွေ့ဆုံရေးအတွက် အစိုးရကို ကမ်းလှမ်း
UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီက အစည်းဝေးတစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်း မြန်မာနယ်စပ် တစ်နေရာမှာ ပြုလုပ်ခဲ့ပြီးနောက် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ UNFC တို့ လွတ်လပ်တဲ့ ကြားဒေသတစ်ခုမှာ တွေ့ဆုံဖို့ တောင်းဆိုလိုက်ပါတယ်။
Read more »
နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်တွေကို မြန်မာအစိုးရ ဖိတ်ခေါ်
စီးပွားရေးဖွံ့ဖြိုးမှု ဖော်ဆောင်တဲ့ ခြေလှမ်းသစ်တစ်ခုအဖြစ် မြန်မာနိုင်ငံက သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်တွေကို မြန်မာအစိုးရက ဖိတ်ခေါ်လိုက်ပါတယ်။
Read more »
ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဝန်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံဆွေးနွေးမည်
24.7.2012
ရှမ်းပြည်နယ် တောင်ကြီးမြို့ကို ရောက်နေတဲ့ ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဦးခွန်မြင့်ထွန်း ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ဒီကနေ့ တောင်ကြီးမြို့မှာရှိတဲ့ ပအို့ဝ် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသမှာရှိတဲ့ ဟိုပုန်းမြို့နယ်က ပရဟိတကျောင်းကို သွားရောက်ခဲ့တယ်လို့ ဦးခွန်မြင့်ထွန်းက အာအက်ဖ်အေကို အခုလို ပြောပါတယ်။
Read more »
ကချင်စစ်ပြေး ဒုက္ခသည် ဖြစ်ရပ်မှန် ဗွီဒီယို မှတ်တမ်း ရုပ်ရှင် ဖြန့်ချိ
အပြစ်မဲ့ ကချင်စစ်ပြေး ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ရိုက်ကူးထားတဲ့ ကချင်ပြည်သူတွေအပေါ် မြန်မာစစ်တပ်က ရက်ရက်စက်စက် ဆက်လက် ကျူးလွန်ခြင်းဆိုတဲ့ ဖြစ်ရပ်မှန် ဗွီဒီယို မှတ်တမ်း ရုပ်ရှင်တို တစ်ကားကို ထိုင်း အခြေစိုက် ကချင် အမျိုးသမီးအသင်း KWAT က မနေ့က ဖြန့်ချိလိုက်ပါတယ်။
Read more »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)