
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်စီ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် အပစ်အခက်ရပ်စဲထားသော်လည်း တိုက်ပွဲများဆက်ဖြစ်ပွား နေသည့် ကိစ္စနှင့်ပတ်သက်၍ SSAမှ သမ္မတဦးသိန်းစိန်ထံသို့ စာရေးတင်ပြ သွား မည်ဖြစ်ကြောင်း သိရသည်။
“ဒီကိစ္စကို သမ္မတဆီကို စာရေးမယ်။ ဘာကြောင့် တိုက်ပွဲတွ ဖြစ်နေရသေးတာလဲ၊
နောက်ပြီးတော့ SSA တပ်ဖွဲ့တွေရှိနေတာကို သိရက်နဲ့ တမင်ထိုးစစ်ဆင်နေတာဟာ
ဒီလိုဆက်ဖြစ်နေရင် ငြိမ်းချမ်းရေးပျက်သွား နိုင်တယ်။
ငြိမ်းချမ်းရေးတကယ်ပျက်စေ ချင်ရင်လဲ SSA အနေနဲ့ ပျက်မှာ မစိုးရိမ်ဘူး။
ငြိမ်းချမ်းရေး ပျက်သွား ရင်တော့ အခုလိုမျက်နှာချင်းဆိုင်ဖို့ဆိုတာ
အရမ်းခက်ခဲသွားမယ်ဆိုတဲ့ အကြောင်းတွေ ရေးသားတင်ပြ သွားမယ်။” ဟု
ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးအဖွဲ့ RCSS (Restoration Council of the Shan
State) ဒုတိယ-ဗိုလ်ချူပ်ကြီး ယွက်စစ်က ရှမ်းသံတော်ဆင့် သတင်းဌာနမှ
ရုပ်မြင်သံကြားတွင် ပြောကြားခဲ့သည်။ SSA တောင်ပိုင်းတပ်ဖွဲ့သည်
ပြည်ထောင်စုအစိုးရငြိမ်းချမ်းဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များနှင့်
ပြီးခဲ့သည့် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ ယခုနှစ် မေလတွင် တစ်ကြိမ်
အပစ်အခတ်ရပ်စဲရေးကို သဘောတူ ညီချက်များအား လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း
သိရှိရသည်။ မြန်မာအစိုးရတပ်မှ ထိုးစစ်ဆင်တိုက်ပွဲများ
ဆက်လက်ဆင်နွဲနေလျှင် SSA တပ်နှင့် ထာဝရငြိမ်းချမ်းရေးအား
အကောင်အထည်ဖော်နိုင်ရန် ဖြစ်မလာနိုင်ကြောင်းကိုလည်း ဒုတိယ-ဗိုလ်ချူပ်ကြီး
ယွက်စစ်က ထည့်သွင်း ပြောကြားခဲ့သည်။ နှစ်ဖက်ကြားအပစ်အခတ်ရပ်စဲပြီး
နောက် ဇွန်လ(၁၇) ရက်နေ့မှ စ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခြင်း
ဖြစ်ပြီး SSA ထိန်းချုပ်နယ်မြေအတွင်းသို့ ဇူလိုင်လ (၂) ရက်နေ့တွင်မူ
အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များကပါ
ဝင်ရောက်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု SSA-S ကဆိုသည်။
တိုက်ပွဲများမှာရပ်တန့်မသွားပဲ ဇူလိုင်လ (၂၂)ရက်နေ့ မနက်ပိုင်းတွင်
အစိုးရတပ်ဖွဲ့ ခမရ (၃၆၀)တပ်ရင်းနှင့် SSA တပ်ဖွဲ့မှာ
အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းကိုလည်း သိရှိရသည်။ SSA
တပ်ဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်သည့်အချိန်တွင်
အတက်နိုင်ဆုံးကြိုးစားထိန်းသိမ်း သွားမည် ဖြစ်ပြီး
မည်သည့်အကြောင်းများကြောင့် စစ်ဖြစ်ပွားနေရသည်ကို သမ္မတထံ စာရေးတင်ပြသွားမည်
ဖြစ်သည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။