Saturday, August 4, 2012

ဒုတိယအကြိမ် ရခိုင်ပြည်သူများ မစ္စတာ ကင်တင်းနားအား ဆန္ဒထုတ်ဖေါ်ပြသ


indexရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်သို့ မစ္စတာ ကင်တင်းနား(Tomas Ojea Quintana) ဆိုက်ရောက်ခိုက် ရခိုင်ပြည်သူများက UNအလိုမရှိဟူ၍ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး အကျဉ်းထောင်ရှေ့တွင် ဗုဒ္ဓဟူးနေ့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ် ပြသခဲ့ကြောင်း သိရှိရသည်။ 

ကျောက်ဖြူတွင် ကျောင်းဆောင်သစ်များကို လွှဲပြောင်းမပေးအပ်သောကြောင့် စာသင်ကြားရေးအခက်ကြုံ


3ကျောက်ဖြူမြို့နယ်တွင်ကျောင်းဖွင့် ရာသီရောက်ရှိနေပြီဖြစ်သော်လည်း၊ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းမှဆောက်လုပ် လှူဒါန်းထားသောကျောင်းဆောင်သစ်များကို ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်နိုင်ခြင်းမရှိပဲ ကျောင်းသား/သူများမှာ အဆောက်အဦးဟောင်းများတွင် ကျပ်တည်းစွာနေထိုင်ပြီး အခက်အခဲများစွာနဲ့ စာသင်ကြားနေရကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံ ကွမ်လာလန်ပူမြို့တွင် ရခိုင်ဆိုင်တစ်ဆိုင်ကို အကြမ်းဖက်ဘင်္ဂလီများ ဝင်စီး


မလေးရှားနိုင်ငံ ကွမ်လာလန်ပူ(kuala lumpur)မြို့တွင် ဦးစောအောင်ပိုင်ဆိုင်သော မြန်မာ့ဥယျာဉ်(ရခိုင်ဆိုင်) ကို ဒီကနေ့ ညနေ ၅ နာရီခန့်က အမည်မသိ အကြမ်းဖက် ဘင်္ဂလီမူဆလင်များ ၅၀ ခန့်က လာရောက်ဝင်စီး၍ ဆိုင်တွင်းရှိ ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ခြံစည်းရိုးခတ်ရုံနဲ့ မလုံခြုံနိုင်



ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မှာ နိုင်ငံတော် အစိုးရက ဒေသရဲ့ လိုအပ်ချက် အရ ဒေသန္တရ အုပ်ချုပ်ရေး စည်းမျဉ်း စည်းကမ်းတွေကို အသီးသီး ချမှတ်ထားပေမယ့် အဲသလို  ချမှတ်ထားတဲ့ အပေါ်မှာ နစက တာဝန်ရှိသူ အများအပြားဟာ လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် မောင်တောနဲ့ ဘူးသီးတောင် ဒေသဟာ အထိန်းအကွပ် မရှိ ဖြစ်ချင်တိုင်း ဖြစ်နေတယ်လို့ မောင်တောမြို့  တရားရုံး ရှေ့နေ တစ်ဦးက ပြောပါတယ်။
ယခင် နစကမှူး ဗိုလ်မှူးချုပ် အောင်ကြီး အစ္စလာမ်ဘာသာဝင်များအား ဘွဲ့ခေါင်းပေါင်းများ ချီးမြှင့်နေစဉ်။ ယခုလို ဘာသာရေး ပွဲလန်းသဘင် တစ်ခု လုပ်ခွင့်အတွက် ကျပ်သိန်း ရာချီ၍ ပေးရကြောင်း သိရသည်။

ဓါးခုတ်ခံရသူ တရားပြန်စွဲခံနေရ ဓါးခုတ်ခံရသူ မသန်းသန်းအေး



သမ္မတကြီးကို ထောက်ခံတဲ့ ဆန္ဒပြပွဲ





ဒ်ါအောင်ဆန်းစုကြည်နှင့် မစ္စတာ ကွင်တားနားတို့ တွေ့ဆုံဆွေးနွေး


 


အတိုးဆပ်ပြီးပါက ကမ္ဘာ့ဘဏ်က ကန်(၈၅)သန်း ထုတ်ချေးမည်


မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာဘဏ်သို့ပေးဆပ်ရမည့် ကန်ဒေါ်လာ(၃၉၇)သန်းအတွကအတိုး ငွေပေးဆပ်ပြီးပါက နိုင်ငံတွင်း ဖွံ့ဖြိုးမှုလုပ်ငန်းများအတွကကမ္ဘာဘဏ်က အမေရိကန် ကန်ဒေါ်လာ (၈၅)သန်း ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူမျိုးခြားပြဿနာမရှိစေရန်နိုင်ငံသားဥပဒေအားလေးစားလိုက်နာမှု ရှိကြရန်လိုအပ်


မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး(၁၃၅)မျိုးမှလွဲ၍လူမျိုးခြားပြဿနာမရှိစေရန် နိုင်ငံသားဥပဒေအား လေးစားလိုက်နာမှု ရှိကြရန်လိုအပ်လျှက်ရှိကြောင်း သိရှိရသည်။

ဖားကန့်မှော်တွင်မြိုင်စိန်ကျောက် အထူးအရောင်းသွက်နေ


ဖားကန့်မြို့နယ် ကျောက်စိမ်းမှော်တွင် ကျောက်ဖြူတစ်မျိုးဖြစ်သည့်မိုင်စိန်ကျောက်မှာ ကျောက်စိမ်းဈေးကွက်  အတွင်း အထူးရေပန်းစား အရောင်းသွက်လျှက်ရှိသည်

သံလွင်မြစ်ရေလျှံ၍ ဘားအံမြို့နေ ၄,၀၀၀ ကျော် ရေဘေးသင့်

စံခလပူရီ (မဇ္ဈိမ) ။        ။ ဇူလိုင်လကုန်ပိုင်းမှ စပြီး သံလွင်မြစ်ရေ လျှံတက်ခြင်းကြောင့် ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်ရှိ ရပ်ကွက် သုံးခုတွင် ရက်သတ္တ တပတ်ခန့် ရေကြီးလျက် ရှိကာ လူဦးရေ ၄,ဝဝဝ ကျော် ရေဘေးဒဏ် ခံနေရကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများက ဆိုသည်။

အမေရိကန် ပိတ်ဆို့မှု သက်တမ်းတိုးခြင်းကို USCB ကြိုဆို

မြန်မာ့သွင်းကုန် ပိတ်ပင်တားမြစ်မှု အပါအဝင် အခြား အရေးယူ ပိတ်ဆို့မှုများကို သုံးနှစ် ထပ်မံ သက်တမ်းတိုးရန် အမေရိကန် အောက်လွှတ်တော်က ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ခဲ့သည့်အပေါ် မြန်မာ့အရေး လှုပ်ရှားနေသည့် အမေရိကန်အခြေစိုက် US Campaign for Burma (USCB) က ကြိုဆိုလိုက်သည်။

မတရားဖမ်းဆီး၍ မတရားစီရင်ခဲ့ကြောင်း ကိုဖြိုးဝေအောင် ရှင်းလင်းမည်

ရန်ကုန် (မဇ္ဈိမ) ။          ။ မတရား ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြစ်ဒဏ်ချမှတ်ခံရသူ ဖြစ်ကြောင်းကို သက်သေ အထောက်အထားများဖြင့် ရှင်းလင်းသွားမည်ဟု လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သောကြာနေ့က အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ကိုဖြိုးဝေအောင် က ပြောသည်။

ဒေါ်စု ကော့မှူးတွင် လယ်သမားများနှင့် ဆွေးနွေး

ရန်ကုန် (မဇ္ဈိမ) ။       ။ လယ်ယာမြေ အသိမ်းခံရမှု၊ လယ်မြေများ ရေနစ်မြုပ်မှုနှင့် လယ်သမားများ လယ်ယာလုပ်ငန်း ဆိုင်ရာ အသိပညာဖွံဖြိုးမှု အစရှိသည့်အကြောင်းများကို ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ကော့မှူးမြို့နယ် ခရီးစဉ်တွင်
တောင်သူလယ်သမားများနှင့် ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲပါဝင်သူများက ပြောသည်။

‘လျှပ်တစ်ပြက်’ ဂျာနယ်အမှု ပဉ္စမအကြိမ် ကြားနာစစ်ဆေး

ရန်ကုန် (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်နှင့် ရိုဟင်ဂျာ မူဆလင် အရေးအခင်း သတင်းနှင့် သတင်းဓာတ်ပုံများ ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ လျှပ်တစ်ပြက် ဂျာနယ်အား တရားစွဲဆိုထားမှုကို ပဉ္စမအကြိမ်အဖြစ် ပုဇွန်တောင်မြို့နယ် တရားရုံးတွင် သောကြာနေ့က ကြားနာစစ်ဆေးခဲ့သည်။

ခရီးသွားလုပ်ငန်း ဖက်စပ်လုပ်ကိုင်ရန် ပြည်တွင်း ကုမ္ပဏီများ မျှော်လင့်

ရန်ကုန် (မဇ္ဈိမ) ။       ။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်အရ နိုင်ငံခြားသား ကုမ္ပဏီများကို ၁ဝဝ ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့် ပေးရန် ရှိသော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် ရာနှုန်းပြည့်ပိုင် ကုမ္ပဏီအဖြစ် လာရောက် အခြေစိုက်ရန် လွယ်ကူမည် မဟုတ်ဘဲ ပြည်တွင်း ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ရန်
မျှော်လင့်ထားကြောင်း မြန်မာ့ ခရီးသွားလုပ်ငန်း အသင်းမှ တာဝန်ရှိသူများ က ဆိုသည်။

 တနင်္သာရီမြစ်ဖျားတွင် မိုးသည်းထန်စွာ ရွာသွန်းနေမှုများနှင့်အတူ တနင်္သာရီမြစ်ရေတက်လာပြီး တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်


တနင်္သာရီမြို့အထက်တန်းကျောင်း ရေမြုပ်နေမှုကို တွေ့ရပုံ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ တနင်္သာရီမြစ်ရေမှာ မိုးသည်းထန်စွာရွာသွန်းနေမှုများကြောင့်တနင်္သာရီမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများမှာ ရေလွမ်းမှုများခံရလျက်ရှိကြောင်းသိရသည်။  

X20 ရေကစားမဏ္ဍပ်ရှေ့တွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ကျူးလွန်သူဟု ဖမ်းဆီးပြီး သေဒဏ်၊ ထောင်တစ်သက် တစ်ကျွန်းစသည့် ပြစ်ဒဏ်များ ချမှတ်ခံရသူ ကိုဖြိုးဝေအောင် ပြန်လည်လွတ်မြောက်


X20 ရေကစား မဏ္ဍပ်ရှေ့တွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ကျူးလွန်သူဟု ဖမ်းဆီးပြီး သေဒဏ်၊ ထောင်တစ်သက်တစ်ကျွန်းစသည့် ပြစ်ဒဏ်များချမှတ်ခံရသူ ကိုဖြိုး ဝေအောင်သည် ယနေ့တွင် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ပြောကြားခဲ့သော သမ္မတကြီးအား ထောက်ခံသည့်အနေဖြင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့



ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သော သမ္မတကြီးအား ထောက်ခံသည့်အနေဖြင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် သြဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆန္ဒဖော်ထုတ်ဖော်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်ပို့ခြင်းအား ပိတ်ပင်ထားသည့် ဥပဒေကို အမေရိကန်ကွန်ဂရက်မှ ထပ်မံသက်တမ်းတိုး


အမေရိကန်ကွန်ဂရက်မှ မြန်မာနိုင်ငံအပေါ် သွင်းကုန်တင်ပို့ခွင့် တားမြစ်ပိတ်ပင်မှုဆိုင်ရာ ဥပဒေ(တစ်နည်း မြန်မာနိုင်ငံမှ ကုန်ပစ္စည်းတင်ပို့လာခြင်း) ကို တစ်နှစ်ထပ်မံ သက်တမ်းတိုးလိုက်ကြောင်း သြဂုတ်လ ၂ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ကုလ လူ့အခွင့်ရေးရုံးရှေ့ ဆန္ဒပြ



2012-08-03
ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး(UNHCR) ရုံးရှေ့မှာ ရိုဟင်ဂျာ ဘင်္ဂါလီလူမျိုးတွေနဲ့ ပတ်သက်လို့ UNHCR မဟာမင်းကြီးရဲ့ သဘောထား ပြောကြားချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့ နေ့လည်(၁) နာရီက ပြည်သူလူထု အယောက် (၂၀) ခန့် စုဝေးကြွေးကြော်ကာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၃ ရက်က ရန်ကုန်မြို့ ပြည်လမ်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြနေကြစဉ်။