Saturday, August 4, 2012

မြန်မာနိုင်ငံတွင် လူမျိုးခြားပြဿနာမရှိစေရန်နိုင်ငံသားဥပဒေအားလေးစားလိုက်နာမှု ရှိကြရန်လိုအပ်


မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး(၁၃၅)မျိုးမှလွဲ၍လူမျိုးခြားပြဿနာမရှိစေရန် နိုင်ငံသားဥပဒေအား လေးစားလိုက်နာမှု ရှိကြရန်လိုအပ်လျှက်ရှိကြောင်း သိရှိရသည်။

 ပြနာမဖြစ်ရအောင် အစိုးရအနေနဲ့က တည်ဆဲဥပဒေအရ တိုင်းရင်းသားဥပဒေ၊နိုင်ငံသား ဥပဒေကို ပြတ်ပြတ်သားသား လုပ်ထားရမယ် ၊ မဟုတ်ရင်ဒီပြနာကအေးမှာ မဟုတ်ဘူး ၊ နိုင်ငံသား ၊ ဧည့်နိုင်ငံသားဆိုတာဘင်္ဂါလီတစ်ခုတည်းမဟုတ်ဘူး တရုတ်တွေလည်း မြန်မာနိုင်ငံမှာ ရှိနေတယ် အခုရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပြဿနာကိုပဲကြည့်    နောက်ဒီလို   ပြဿနာတွေထပ်ဖြစ်မလာဖို့ဆိုရင် နိုင်ငံသားဥပဒေကို တိတိကျကျပြဌာန်းထားဖို့နဲ့လိုက်နာကြဖို့လိုတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံကျင်းပရေးကော်မရှင် ရခိုင်ပြည်နယ်အတွင်းရေးမှူးဦးအောင်ကြွင်းအောင်က ပြောသည်။
 
ရခိုင်ပြည်နယ်တွင် ပဋိပက္ခပြဿနာဖြစ်ပေါ်ရခြင်းမှာ နယ်စပ်ဒေသများမှတရားမဝင်ဖြတ်ကျော်ဝင်ရောက်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်အထူးကြပ်မတ်စစ်ဆေး အေးယူဆောင်ရွက်မအားနည်းခြင်းကြောင့်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က သုံးသပ်ပြောဆိုသည်။

“ တရားမဝင် ဝင်ရောက်လာတဲ့လူတွေကို မဝင်လာနိုင်အောင်လုံခြုံရေးတင်းကြပ်ပြီး စနစ်တကျ ချထားခဲ့ရင်အခုလို   ပြဿနာတွေဆက်ဖြစ်စရာမရှိဘူး အဓိကက လုံခြုံရေးပါပဲ ဟုရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးထွန်းညိုကပြောသည်။

ဘင်္ဂလီိများမှ မြန်မာနိုင်ငံသားအဖြစ်ခံယူလိုပါက ၁၉၈၂ခုနှစ် မတိုင်ခင်ထုတ်ပေးထားသော White Card ယာယီသက်သေခံကဒ်ပြားရှိရန် လိုအပ်ပြီး၁၉၈၂ခုနှစ်တွင်ပြဌာန်းခဲ့သောမြန်မာနိုင်ငံသား ဥပဒေအရဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

“ White Card ရှိတဲ့ဘင်္ဂလီတွေမြန်မာနိုင်ငံသားဖြစ်ချင်ရင်ဖြစ်ခွင့်ရှိတယ်၊အခွင့်အရေးလည်းအတူတူပဲရမှာပါ၊ ကိုယ်ရေးရာဇဝင် တင်ပြရမယ်၊ မြန်မာစကားပြောတတ်ရမယ်၊ ဘိုးစဉ်ဘောင်ဆက်အချက် အလက်ပြနိုင်ရမယ်။ ဒါတွေက ၁၉၈၂ခုနှစ်ကပြဌာန်း ခဲ့တဲ့နိုင်ငံသားဥပဒေအရပဲ ဆောင်ရွက်မှာပါ”ဟုလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။
 
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဦးခင်ရီသည်မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ တွင်ရိုဟင်ဂျာလူမျိုးဟူ၍မရှိသော်လည်း ဘင်္ဂလီများသည် ၁၉၈၂ခုနှစ် မတိုင်ခင်ကတည်းက   မြန်မာနိုင်ငံတွင်   နေထိုင်ခဲ့ကြသူများဖြစ်ကြောင်း ရခိုင်အရေးနှင့်ပတ်သက်သည့် သံတမန်များအား ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 ၂ဝ၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရာတွင်ရိုဟင်ဂျာလူမျိုးများပါဝင်ဖွယ် မရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြောကြားထားကြောင်းကိုလည်း သိရှိသည်။
 
နိုင်ငံတော်အစိုးရအနေဖြင့် လူမျိုးခြားပြသာနာနှင့် ပတ်သက်ပြီးဘာသာရေးခေါင်းဆောင်များ   ၊ လူမှုအသင်းအဖွဲ့များ ၊ နိုင်ငံရေးပေါတီများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာများမှသတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။