Saturday, August 4, 2012

အတိုးဆပ်ပြီးပါက ကမ္ဘာ့ဘဏ်က ကန်(၈၅)သန်း ထုတ်ချေးမည်


မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာဘဏ်သို့ပေးဆပ်ရမည့် ကန်ဒေါ်လာ(၃၉၇)သန်းအတွကအတိုး ငွေပေးဆပ်ပြီးပါက နိုင်ငံတွင်း ဖွံ့ဖြိုးမှုလုပ်ငန်းများအတွကကမ္ဘာဘဏ်က အမေရိကန် ကန်ဒေါ်လာ (၈၅)သန်း ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

၁၉၈၇ ခုနှစ်မှစတင်ကာ ကမ္ဘာဘဏ်မှ မြန်မာနိုင်ငံအပေါ် ငွေကြေးထောက်ပံ့မှုများဖြတ် တောက်ခဲ့သည့် နှစ်ပေါင်း(၂ဝ)နှစ်ဆယ်ကျော် ကာလတွင်းပထမဦးဆုံးဖြစ်ပေးအပ်သော ထောက်ပံ့ငွေဖြစ်ကြောင်း၊ ယခုကဲ့သို့မြန်မာနိုင်ငံနှင့်   ပြန်လည်ဆက်ဆံရခြင်းသည်   မြန်မာနိုင်ငံ၏အပြုသဘောဆောင်သော ပြောင်းလဲမှုများကြောင့်ဖြစ်ကြောင်းအရှေ့အာရှနှင့်ပစိဖိတ်ရေးရာ ဒုတိယဥက္ကဌ မစ္စပန်မလာကောက်စ်က ဆိုသည်။

''ကြွေးမြီအတွက် အတိုးငွေ ပြန်လည်ဆပ်ပြီးတာနဲ့ ထောက်ပံ့ငွေ ဒေါ်လာ(၈၅)သန်းကို ကမ္ဘာဘဏ်မှ ပေးအပ်သွားမှာဖြစ်ပါတယ်။ အဲဒီ ထောက်ပံ့ငွေကိုလည်းအောက်တိုဘာလ မှာပေးနိုင်ပါလိမ့်မယ်''ဟု ၄င်းကကမ္ဘာဘဏ်ရုံးခန်းသစ်ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ကမ္ဘာဘဏ်သို့ ပေးအပ်ရမည့် ကြွေးမြီကိစ္စများနှင့်ပတ်သက်၍ရှင်လင်း မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ရှင်းလင်းမှုများအား ဇန်နဝါရီလနောက်ဆုံးထားပြုလုပ် သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင်အတိုးငွေပြန်လည်ပေးနိုင်ရန်အတွက် ကမ္ဘာဘဏ်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ အကူအညီပေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

ကမ္ဘာဘဏ်ရုံးခန်းသစ်ဖွင့်ပွဲကို ရန်ကုန်မြို့ရှိ Chatriumဟိုတယ်တွငသြဂုတ်လ (၁)ရက် နေ့က ပြုလုပ်ခဲ့သည်။

ကမာ့္ဘဘဏ်ရုံးခန်းဖွင့်ပွဲသို့ ကမ္ဘာဘဏ်၊ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဒုတိယဥက္ကဌ မစ္စပန်မလာကောက်စ်နှင့် အာရှပစိဖိတ်ဆိုင်ရာ နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်းမှ ဒုတိယဥက္ကဌ ကာရင်ဖင်ကယ်စတန်တို့ တက်ရာက်ခဲ့ကြသည်။

အဆိုပါပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင် ဆန်းစုကြည်နှင့်အခြားလွှတ်တော်ကိုယ်စားများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။