Saturday, August 4, 2012

ကျောက်ဖြူတွင် ကျောင်းဆောင်သစ်များကို လွှဲပြောင်းမပေးအပ်သောကြောင့် စာသင်ကြားရေးအခက်ကြုံ


3ကျောက်ဖြူမြို့နယ်တွင်ကျောင်းဖွင့် ရာသီရောက်ရှိနေပြီဖြစ်သော်လည်း၊ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းမှဆောက်လုပ် လှူဒါန်းထားသောကျောင်းဆောင်သစ်များကို ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်နိုင်ခြင်းမရှိပဲ ကျောင်းသား/သူများမှာ အဆောက်အဦးဟောင်းများတွင် ကျပ်တည်းစွာနေထိုင်ပြီး အခက်အခဲများစွာနဲ့ စာသင်ကြားနေရကြောင်း သတင်းရရှိသည်။

ရွှေသဘာဓါတ်ငွေ့စီမံကိန်းမှ ဆောက်လုပ်လှူဒါန်းထားသော ဂုံးချွိန် ကျောင်းဆောင်သစ်၊ စစ်တော ကျောင်းဆောင်သစ်၊ မလကျွန်းကျောင်းဆောင်သစ်များမှာ ပညာရေးဌာနမှ ချမှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိပဲ အဆောက်အဦးအရည်အသွေး လိုအပ်ချက်များကြောင့် ဘုတ်အဖွဲ့ဖွဲ့၍ စစ်ဆေးရန်ရှိနေပါသည်။ ဆက်လက် စုံစမ်းသိရှိရသည်မှာ ကျောင်းအဆောက်အဦးနှင့် ကျေးလက်ဆေးခန်းများ ဆောက်လုပ်ရန်အတွက် ဒေးဝူးကုမ္ပဏီမှ ကန်ထရိုက်တာ ရွေးချယ်ရာတွင်လည်း ဈေးနှုန်းအသက်သာဆုံးဖြစ်သော ဒေသခံကုမ္ပဏီကိုမရွေးချယ်ပဲ လက်သင့်ရာကုမ္ပဏီကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
ကျောင်းများအတွက် တင်ပြပေးလိုက်သော ကုန်ကျမည့် ငွေကန်ထရိုက်မှာ ဒေသခံကုမ္ပဏီမှ စစ်တောကျောင်းအတွက် (၄၅၀၀၀၀၀၀)ကျပ်၊ ဂုံးချွိန်ကျောင်းအတွက်(၇၀၀၀၀၀၀၀)ကျပ် ၀န်းကျင်တို့ကို ဆောက်လုပ်ရန် တင်ပြပေးခဲ့ပြီး ဒေးဝူးကုမ္ပဏီမှ FUEL ကုမ္မဏ္ဍီကို စစ်တောကျောင်းအတွက်(၇၀၀၀၀၀၀၀) ကျပ်နှင့် ဂုံးချွိန်ကျောင်းအတွက်လည်း (၇၀၀၀၀၀၀၀) ကျပ်တို့ကို အပ်နှံခဲ့သော်လည်း ကျောင်းအား ကောင်းမွန်စွာမဆောက်ပဲ ဒေ၀ူးကုမ္ပဏီမှ တာဝန်ရှိသူနှင့် FUEL တို့ပူးပေါင်းပြီး ငွေအလွဲသုံးစားလုပ်ကာ ဆောက်လုပ်ခဲ့သောကြောင့် သတ်မှတ်စံချိန် စံညွှန်းနှင့် မပြည့်မှီ၍ ပညာရေးဝန်ကြီးဌာနသို့ပေးအပ်နိုင်ခြင်းမရှိသည့်အတွက် ကလေးများ ကျောင်းတက်ရန်မှာ အခက်ခဲဖြစ်နေကြသည်ကို သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။