
ယင်းဆန္ဒထုတ်ဖေါ်ပြသမှုမှာ ရခိုင်ပြည်နယ်အတွင်း UNနှင့် ယင်းလက်အောက်ရှိ INGOနှင့် NGOs များက ဒေသအတွင်း ခွဲခြားဆက်ဆံမှု များကြောင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်ရခြင်းကို ထုတ်ဖေါ်ပြသလိုက်ခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့မှ ကျောင်းဆရာမ တစ်ဦးက ပြောသည်။
“ ကျမတို့ အဓိကဆန္ဒပြရတာက ဒီမှာရှိနေတဲ့ NGOsတွေဟာ ခွဲခြားဆက်ဆံတယ်၊ ပြီးတော့ဘက်လိုက်မှုတွေရှိနေတယ်၊ နောက်တဖက် အားပေးကူညီနေတော့ ကုလားတွေကအားရှိလာပြီး ခုလိုပြဿနာတွေ စဖြစ်ရတာဆိုတာကို UNကိုယ်စားလှယ် ကင်တင်းနားကိုထုတ်ဖေါ်ပြသတာ ဖြစ်ပါတယ်၊ သူ့ကိုပြဿနာစတင်ဖြစ်ပွားတဲ့ အမှန်တကယ် တရားသဖြင့်ကို သိစေချင်တယ်၊ မြင်စေချင်တယ်၊ ဒီမှာက ကုလားအိမ်တအိမ်မှ မီးလောင်တာ သူမမြင်ခဲ့ရဘူး၊ ဘူးသီးတောင် ထောင်ရှေ့ဝမှာ ပြဆန္ဒကြတာပါ၊ လူအင်အားက ၁၀၀ ကျော်လောက် ပါပါတယ်။ ” ဟု ဆိုသည်။
“ ဘူးသီးတောင်မှာက ရခိုင်အမျိုးသားတွေနဲ့ မတွေ့ခဲ့ဘူး၊ ရခိုင်တွေက တွေ့ပြီးတော့ အမှန်တရားတွေကို တင်ပြပြောဆိုချင်ကြပါတယ်၊ အဲဒီရန်ကုန်က ရောက်နေတဲ့ရှေ့နေ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့တွေ့ခဲ့တယ်၊ မြို့အနောက်ဘက်မှာရှိတဲ့ အကျဉ်းထောင်အတွင်းကနေ ပဋိပက္ခနဲ့ ဆက်နွယ်မှုဖြင့် ဖမ်းဆီးထားတဲ့ NGOs ၀န်ထမ်းတွေဖြစ်တဲ့ ဦးမောင်ခင်ထွေး၊ ဦးစိုးမြင့်နဲ့ မချိုလေးမာတို့ ကုလား ၃ ဦးနဲ့တွေ့ဆုံခဲ့ပါတယ်၊ ဘာတွေဆွေးနွေး ပြောခဲ့ကြတယ်ဆိုတာ မသိဘူး၊ နားထောင်ခွင့်၊ အနားကပ်ခွင့်တောင် မရဘူးဆိုတော့ မသိဘူး အသေးစိပ်ကိ
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။