Monday, March 13, 2017

သီပေါမြို့နယ် ဘော်ကြိုနှင့် ကျင်သီကျေးရွာကြား မိုင်တိုင် (၁၂၃)တွင် ရီမုတ်မိုင်းတစ်လုံးတွေ့ရှိ


သီပေါ မတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ဘော်ကြိုကျေးရွာနှင့် ကျင်သီကျေးရွာကြား မန္တလေး-လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၂၃) အေသုံးလုံးကွေ့ ကျင်သီချောင်းတံတားအနီး ကားလမ်းမကြီး၏တောင်ဘက် ၁၅ ပေခန့်တွင် မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီက လျှပ်စစ်ဝန်ထမ်းတစ်ဦးက ဓာတ်တိုင်ပေါ်တက်၍ လျှပ်စစ်မီးပြင်ရာမှ ဓာတ်တိုင်အနီး ချုံပုတ်အတွင်း၌ အမြင့်ခုနစ်လက်မ၊ ဗြက်လေးလက်မ၊ အလျား ၁ဝ လက်မရှိ ဒေသန္တရမိုင်း (ရီမုတ်မိုင်း)တစ်လုံး တွေ့ရှိခဲ့သည်။

အဆိုပါ တွေ့ရှိရသည့် မိုင်းကို နယ်မြေခံတပ်ရင်းနှင့် မြို့နယ်တာဝန်ရှိသူ များ သွားရောက်စစ်ဆေး၍ Water Bottle နည်းဖြင့် အသက်မဲ့အောင် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စိုင်း(သီပေါ)
The Mirror Daily
https://www.facebook.com/TheMirrorDaily/

ဆီဆိုင်မြို့ မှာ ပွဲပြန် ဆိုင်ကယ်နှင့် ထော်လာဂျီတိုက်မိ တစ်ဦး သေဆုံး


(12-3-2017)

မတ်လ (၁၂)ရက်နေ့ ည ၈း၃၀ နာရီခန့်လောက်က ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ တောင်ဖက် နီလာရိုးမစက်သုံးဆီ အရောင်းဆိုင် တောင်ဖက် မီတာ ၂၀၀ခန့် အကွာမှာ ပုံးလောင်းဒဲဉ်သီးလာဗွေ ပွဲ မှ ပြန်လာသော ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်မှ ကိုကိုဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ပုံးလောင်းပွဲသို့လာသော ထော်လာဂျီတို့ တိုက်မိပြီး ကိုကိုဝင်းမှာ နေရာတွင် ပွဲချင်ပီး သေဆုံးသွားခဲ့ပါတယ်။

ရွှေစက်တော် အထက်စက်တော်ရာတွင် ဘုရားဖူးယာဉ် တိမ်းမှောက်၍ တစ်ဦးသေဆုံး

မန်းရွှေစက်တော်ဘုရားပွဲတော် အထက်စက်တော်ရာအတက်လမ်း သုံးထပ်ဆောင် ဗိမ္မာန်အနီးတွင် မတ်လ (၁၂)ရက် နံနက် (၁၀)နာရီအချိန်ခန့်က ဘုရားဖူးယာဉ် တိမ်းမှောက်ကာ တစ်ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“တပေါင်းလပြည့်နေ့ဆိုတော့ ဘုရားဖူး တော်တော်များတယ်။ ကားတွေကလည်း ပြည့်ကြပ်နေအောင် တင်ကြတယ်။ အခုဖြစ်တာက အထက်စက်တော်ရာကို အတက်မှာ ဖြစ်သွားတာ။ အတက်မှာ မတက်နိုင်ဘဲ တုံးလုံးလဲသွားတာ” ဟု မင်းဘူး/စကုမြို့နယ်ကြက်ခြေနီသူနာပြုတပ်ရင်း ဒုတိယတပ်ရင်းမှူးတင်ညွှန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဘုရားဖူးယာဉ်မှာ တောင်တွင်းကြီးမှ ထွက်လာသည့် လိုက်ထရပ် ဘုရားဖူးယာဉ်ဖြစ်ပြီး ဘုရားဖူး ခရီးသည်(၃၀)ခန့် တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် တောင်တွင်းကြီးမြို့မှ ကိုကြည်နိုင်ဆိုသူမှာ နေရာတွင် သေဆုံးသွားပြီး ကျား(၃)ဦး၊ မ(၃)ဦး ဒဏ်ရာ ရသွားကြောင်း မင်းဘူး/ စကုမြို့နယ် ကြက်ခြေနီသူနာပြုတပ်ရင်း ဒုတိယတပ်ရင်းမှူးတင်ညွှန့်ထံမှ သိရသည်။

ဒဏ်ရာရသူများအား ဆေးကုသမှုခံယူရန် မင်းဘူးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

သတင်း - ဖီးနစ်
Tachileik News Agency
http://www.tachileik.net/2017/03/sst.htmlမန်းရွှေစက်တော်ဘုရားပွဲတော် အထက်စက်တော်ရာအတက်လမ်း သုံးထပ်ဆောင် ဗိမ္မာန်အနီးတွင် မတ်လ (၁၂)ရက် နံနက် (၁၀)နာရီအချိန်ခန့်က ဘုရားဖူးယာဉ် တိမ်းမှောက်ကာ တစ်ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“တပေါင်းလပြည့်နေ့ဆိုတော့ ဘုရားဖူး တော်တော်များတယ်။ ကားတွေကလည်း ပြည့်ကြပ်နေအောင် တင်ကြတယ်။ အခုဖြစ်တာက အထက်စက်တော်ရာကို အတက်မှာ ဖြစ်သွားတာ။ အတက်မှာ မတက်နိုင်ဘဲ တုံးလုံးလဲသွားတာ” ဟု မင်းဘူး/စကုမြို့နယ်ကြက်ခြေနီသူနာပြုတပ်ရင်း ဒုတိယတပ်ရင်းမှူးတင်ညွှန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တိုက်ပွဲတွေကြောင့် လောက်ကိုင် မြို့နယ်မှာ အလုပ်သမား ၇၀ ကျော် ပိတ်မိနေ

လောက်ကိုင်တိုက်ပွဲတွေကြောင့် ထွက်ပြေးနေတဲ့ စစ်ပြေး ဒုက္ခသည်တွေကို မတ်လ ၆ ရက်နေ့က တွေ့ရစဉ်
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ အလုပ်သမား ဦးရေ ၃ ထောင်လောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ပိတ်မိနေသူ ၇၀ ကျော် ရှိနေသေးတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ရန်လုံကျိုင်းနဲ့ မန်တုံ ကျေးရွာတွေဘက်မှာ ပိတ်မိနေတဲ့သူတွေရှိပေမယ့် လုံခြုံရေးစိုးရိမ်ရ တာကြောင့် သွားမခေါ်နိုင်တဲ့အခြေအနေ ဖြစ်နေတယ်လို့ လောက်ကိုင်ခရိုင် ကြက်ခြေနီဦးစီးမှူး တတိယတန်း ဦးစောရွှေမြင့်က ပြောပါတယ်။

တစ်နှစ်အတွင်း ရတနာအခွန် ၁၂ ဘီလျံကျော်ရရှိကြောင်း ကချင်ပြည် နယ်ဝန်ကြီးချုပ် ပြော

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို တွေ့ရစဉ်ကချင်ပြည်နယ်မှာ တစ်နှစ်အတွင်း ငွေကျပ် ၆၅ ဘီလျံကျော် တန်ဖိုးရှိတဲ့ ကျောက်စိမ်းတန်ချိန် ၂ သောင်းကျော် ထုတ်ယူနိုင်ခဲ့ပြီး ရတနာအခွန်အဖြစ် စုစုပေါင်း ကျပ် ၁၂ ဘီလျံကျော် ကောက်ခံရရှိခဲ့ကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ပြောပါတယ်။
အစိုးရသစ်ရဲ့ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်တွေကို မနေ့ညက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ကနေ ပြည်သူလူထုထံ အစီရင်ခံတင်ပြတဲ့အထဲမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့ ချီတက်တောင်းဆိုပွဲ အလုပ်သမ တစ်ထောင်ခန့် ပါဝင်

    စက်ရုံအလုပ်သမ တစ်ထောင်ခန့် မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြတောင်းဆိုနေစဉ်
    စက်ရုံအလုပ်သမ တစ်ထောင်ခန့် မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြတောင်းဆိုနေစဉ်
    Photo: Khine Zar
စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ခွင့်ရက် ၁၂၀ ခံစားခွင့်ရရှိဖို့နဲ့ လုပ်ငန်းခွင်မှာ တန်းတူအခွင့်အရေးရရှိဖို့ စက်ရုံအလုပ်သမ တစ်ထောင်ခန့်က ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
လက်ရှိဥပဒေမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်သမားတွေ ခွင့်ရက် ၉၀ ကျော်သာ ရရှိတာကြောင့် မိခင်တွေ နို့ချိုတိုက်ကျွေးတဲ့ကာလ ပိုမိုရရှိဖို့ ရည်ရွယ်ပြီး တောင်းဆိုတာလို့ ဆန္ဒပြပွဲစီစဉ်သူ မခိုင်ဇာအောင် က ပြောပါတယ်။

စနစ်တကျရေဆိုးမစွန့်ပစ်သလို စွန့်ပစ်မှုနည်းလမ်းမမှန်တဲ့ အရက်ချက်စက်ရုံ ၇၀ နီးပါးရှိ

မန္တလေးစက်မှုဇုန်က ရေဆိုးတွေကို ဒုဋ္ဌဝတီမြစ်ထဲ စွန့်ပစ်နေစဉ်
မန္တလေးစက်မှုဇုန်က ရေဆိုးတွေကို ဒုဋ္ဌဝတီမြစ်ထဲ စွန့်ပစ်နေစဉ်
Photo: Hset Paing Toe/RFA







တစ်နိုင်ငံလုံးမှာရှိတဲ့ အရက်ချက်စက်ရုံ ၇၃ ရုံထဲမှာ စက်ရုံအများစုက ရေဆိုးစနစ်တကျစွန့်ပစ်မှု မရှိသလို စွန့်ပစ်မှုနည်းလမ်းမမှန်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
ရေဆိုးစွန့်ပစ်မှုတွေကို လေ့လာနေတဲ့ မြန်မာအစိမ်းရောင်ပုံရိပ်များအဖွဲ့ရဲ့ တင်ပြချက်အရ လေးရုံသာ စနစ်တကျ လုပ်နေပြီး ကျန်တဲ့စက်ရုံတွေက နည်းလမ်းမှန်ကန်မှုမရှိဖြစ်နေတယ်လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
"အခုဒီလေးရုံပဲရှိသေးတယ်လို့သိရတယ်။ ဒါပေမယ့် ဘီယာစက်ရုံတွေလည်းရှိသေးတယ်လို့ပြောတယ် အဲ့ဒါ တွေက မသွားရသေးဘူး။ တချို့စက်ရုံတွေက လုပ်တယ် ဒါပေမယ့် နည်းလမ်းမမှန်ဘူးပေါ့ တချို့က ရေကို PH လျှော့ချဖို့ ထုံးတွေရောတာတို့ ကန်တွေနဲ့ လုပ်တာတို့ ဒလက်တွေနဲ့လုပ်တာတို့ နည်းစဉ် မမှန်ဘူးပေါ့ "

တရားမဝင်သစ်ထုတ်တဲ့ တရုတ်နိုင်ငံသား ၁၁ ဦးကို တပ်မတော် ဖမ်းဆီး

ဖမ်းဆီးရမိထားတဲ့ တရုတ်နိုင်ငံသား ၁၁ ဦးကို တွေ့ရစဉ်
ဖမ်းဆီးရမိထားတဲ့ တရုတ်နိုင်ငံသား ၁၁ ဦးကို တွေ့ရစဉ်
Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/ 













ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်မှာ တရားမ၀င်သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား ၁၁ ဦး နဲ့ သစ်တင်ယာဉ်ယန္တရားမျိုးစုံ ၉၉ စီးကို တပ်မတော်က မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၁၁ ဦးကို တပ်မတော်က ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးထားကြောင်း ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးသွင် က ပြောပါတယ်။

ဆွေညီနောင်စတိုးမှာ အနှိပ်စက်ခံ ဆိုင်အကူမိန်းခလေးနှစ်ဦး

 ဆွေညီနောင်စတိုးမှာ အနှိပ်စက်ခံ ဆိုင်အကူမိန်းခလေးနှစ်ဦးဖြစ်သူထက်ထက်
ဇော် ၁၂နှစ် တောင်တွင်းကြီး မေသဇင် ၁၀နှစ်
ကျိုက်လတ် နေသူတို့အား မျက်နှာ နဖူး ဖူး
ရောင် ခန္ဓာကိုယ် ဒုတ်နဲ့ရိုက်ပြီး သံချောင်းမီး
ဖုတ် ထိုးဒါဏ်ရာများဖြင့် တွေ့ရှိခဲ့၍ ဆိုင်ရှင်
မဖြူဖြူထွန်း(ခ)မငယ် အသက် ၄၀ အဘ
ဦးဒါဝတ် အမိ ဒေါ်ဖာထမာ တိုက်အမှတ်
ဋ္ဌ-A/8 အဆောင် ၄ မုံရွာလမ်း နေသူအား မင်္ဂလာဒုံမြိ့မ ရဲစခန်းတွင်
ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်
ခဲ့ပါသည် ဒုရဲအုပ်ဟန်ကိုဦးမှ တရာလိုပြုလုပ်
ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် မေးလည်း ဒီလိုပဲဖြေမယ်ဆိုတဲ့ ရဲဝံ့သောသက်သေများ


 ဒီသက်သေတွေကို ဖော်ထုတ်လိုက်သူက စပီကာဂျာနယ်။
နာမည်မရှိသေးတဲ့ဂျာနယ်ဆိုတော့ လူတွေက ဒွိဟဖြစ်ကြတယ်။
အကြောင်းအရာကို သေချာဖတ်ရင် သက်သေတွေလုံးဝမလိမ်ဘူးဆိုတာ ထင်ရှားတယ်။
ဒီသတင်းတက်တက်လာခြင်းမှာ ညီမဖြစ်သူကဒါ ငါ့အကိုပါဟယ်ဆိုပြီး
ဖေ့ဘုတ်တင်လိုက်တော့ လူတွေကေ၀၀ါးသွားတယ်။
တခါ နာမည်ကြိးဖေ့ဘုတ် ဆယ်လီ ပန်ဆယ်လိုကပါ
အမှုအသွားလာကို မလေ့လာပဲ စပီကာဂျာနယ်ကိုပါးပါးလေးထုသလို
အသက်နဲ့ရင်းပြီးပြောလာတဲ့သက်သေတွေကို အလကားဖြစ်အောင်
ပြုလုပ်ပြီး အမှုကို လူတွေအလေးမထားအောင်လုပ်ပြစ်ခဲ့တယ်။

၈လောင်းပြိုင်အမှုနှင့် CID၏ မူမမှန်လုပ်ရပ်များတဲ့..။

ကားမီးလောင်မှုဖြစ်သည့်နေ့----၂၁.၁.၂၀၁၇
ကားသမားအောင်ခန့် က သူမမောင်းဘူးဟု လိမ်ပြောပြီးမှ
မောင်းပါတယ်ဟုပြန်ဝန်ခံသောနေ့----၂၅.၁.၂၀၁၇
CID မှ အမြန်လမ်းရဲစခန်းကိုကြေးနန်းပို့ပြီး
အမှုကို လွှဲပြောင်းယူသွားသောနေ့-- ၂၆.၁.၂၀၁၇
+++

အမျိုးသမီးငယ်ကို သုံးနှစ်ခန့် ပိတ်လှောင်ပေါင်းသင်းပြီး လက်ထပ်ရန် ငြင်းဆန်သော အမျိုးသားကို လိမ်လည်မှုဖြင့် ပြောင်းလဲအမှုဖွင့်

အမျိုးသမီးငယ်တစ်ဦး ကို ခိုးပြေးပြီးနောက် သုံးနှစ်ခန့် (၂ နှစ်နှင့် ရှစ်လ) သော့ခတ်ပိတ် လှောင်ပေါင်းသင်းကာ လက်ထပ် ရန် ငြင်းဆိုခဲ့သော အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၄၁၇ (လိမ် လည်မှု)ဖြင့် အမှုပြောင်းလဲဖွင့်လှစ်ကာ အာမခံပေးခဲ့ကြောင်းသတင်းရရှိသည်။


ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံ ထားရသော အောင်ထွန်းဟိန်း(ခ) ရှို့တီကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ဗဟန်းရဲစခန်း၌ ၁၀ ရက် (သို့မ ဟုတ်) ၁၀ ရက်ထက်ပို၍ ချုပ် နှောင်ထားမှုအတွက် ပုဒ်မ ၃၄၄၊ မိန်းမခိုးယူမှု(သို့မဟုတ်) သွေး ဆောင်ခေါ်ယူမှု(သို့မဟုတ်)သွေး ဆောင်မှုပုဒ်မ ၃၆၆ ဖြင့် ဖမ်းဆီး အမှုဖွင့်စစ်ဆေးပြီးနောက် မတ်လ ၁၀ ရက်တွင် အာမခံပေးကာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ရဲအရာတစ်ဦးက ပြောသည်။