Monday, September 10, 2012

ဖုန်း ဆင်းကဒ်တွေ ဈေးသက်သာဖို့”ရွှေပြည်တံခွန်”ကုမ္ပဏ္ဏီက ကြိုးစား








မြန်မာနိုင်ငံသူ နိုင်ငံသားတွေ မျှော်လင့် တောင့်တနေကြတဲ့ ဆက်သွယ်ရေး အဆင်ပြေပြီး ဖုန်း ဆင်းကဒ်တွေ ဈေးသက်သာစေဖို့ အတွက် ရွှေပြည်တံခွန်
ကုမ္ပဏ္ဏီက ကြိုးစား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည် ပဋိပက္ခ ၃ လပြည့် အခမ်းအနား ကျဆုံးသူ သူရဲကောင်း ၃၄ဦးကို ဂုဏ်ပြု

ထွန်းထွန်း
စက်တလင်္ဘာလ ၈ ရက်နေ့၌ ကျရောက်သော ရခိုင် ပဋိပက္ခ  (၃) လပြည့် နေ့ အခမ်းအနားတွင် ရခိုင်ပြည်နယ် အတွင်း  မိမိရပ်ရွာကို  ခုခံ ကာကွယ်ရင်း အသက်ပေး ကျဆုံးသွားခဲ့ကြသော ရခိုင် သူရဲကောင်း ၃၄ဦး တို့အား ဂုဏ်ပြုခဲ့ကြသည်။
အခမ်းအနားကို စစ်တွေမြို့  ဂြစ်ဖက်ကျောင်းတိုက် ခန်း မတခုတွင် ရခိုင် အန်ဂျီအို တစ်ခု ဖြစ်သော ၀ံလက်ဖောင်ဒေးရှင်း အဖွဲ့မှ ကမကထ ပြုကာ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။

အစိုးရလက်လှမ်းမမှီသော ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် CHDN ကို ဖွဲ့စည်း


အစိုးရကလက်လှမ်းမမှီသော  ကျေးလက်ဒေသများတွင်  ကျန်းမာရေးပြုစုစောင့်ရှောက်မှု ပေးနေသော အဖွဲ့အစည်းများအတွက်  ကျန်းမာရေးစောင့်ရှောက်မှုပေါ်လစီနှင့်ပတ်သက်၍  အာမခံရှိရန်လိုအပ်ကြောင်း KNPPမှ  တာဝန်ရှိသူတစ်ဦးက အကြံပြုပြောဆိုသည်။

လူထုအတွက် ချထားတဲ့ ကျန်းမာရေးပေါ်လစီတွေက  လူထအတွကအာမခံချက်  ရှိဖို့လိုတယ်၊ ကျွန်တော် တို့က  ဒီအဖွဲ့အစည်းတွေကနေ လူထုအတွကဘာတေလုပ်ပေးနိုင်မလဲဟု KNPPမှ  ခူးဒယ်နီယာက ပြောသည်။

မန္တလေး- ဂန့်ဂေါ- ကလေးပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ယမားချောင်း ရေကြီးမှုကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် အစီးရေ ၁၀၀ နီးပါး သွားလာမှု ရပ်ဆိုင်း


မန္တလေး- ပခုက္ကူ- စလင်း- ဂန့်ဂေါ- ကလေး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ယမားချောင်း ရေကြီးမှုကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် စုစုပေါင်း ယာဉ်အစီး ရေ ၁၀၀ နီးပါး ယာဉ်အသွားအလာ ရပ်ဆိုင်းထားရကြောင်း ဒေသခံများထံမှ သိရှိရသည်။
အဆိုပါယမားချောင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စလင်းကြီး မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ကြားတွင် တည်ရှိကြောင်းလည်း သိရှိရသည်။

ပဲခူးမြို့တွင် စွန့်ပစ်ထားသည့် မွေးကင်းစ ကလေး(၁)ယောက်တွေ့ရှိ


7497
ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ ရန်ကုန်-မန္တလေး အဝေးပြေးကားလမ်းမနှင့် ကျုံးရိုးလမ်းတို့ဆုံရာ လမ်းထောင့်တွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့ နံနက်(၅း၀၀)နာရီအချိန်ခန့်၌ စွန့်ပစ်ထားသည့် မွေးကင်းစကလေး(၁)ယောက်အား တွေ့ရှိခဲ့ကြောင်း သိရသည်။

 ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အိုအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ


ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)အဖွဲ့တို့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့ အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းမှစတင်ခဲ့ကာ လက်ရှိအချိန်၌ တစ်နှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်သော်လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေဆဲဖြစ်သည်ဟု သိရှိရသည်။

တိုက်အနောက်ဘက် (၆) လွှာမှ အရေးပေါ်လှေကား နှင့်အတူ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု အလုံမြို့နယ်၌ ဖြစ်ပွား



74912
သေဆုံးသူအား ဆေးရုံသို့ ပို့ဆောင်နေသည်ကို တွေ့ရစဉ်
တိုက်အနောက်ဘက် (၆)  လွှာမှ အရေးပေါ်လှေကားနှင့်အတူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တစ်ဦး ပြုတ်ကျသေဆုံးမှု တစ်ခုအလုံ မြို့နယ်၌ စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်မှုဇုန်များတွင် အဓိကဖြစ်ပွားနေသော မြေယာအငြင်းပွားမှု ပြဿနာများနှင့် အခွန်စနစ်သစ် သက်တမ်း ကုန်ဆုံးသွားခြင်းကြောင့် ရင်းနှီးမြှုပ်နှံလိုသူများ အခြေအနေစောင့်ကြည့်နေ


အခွန်စနစ်သစ် သက်တမ်းကုန်ဆုံးသွားခြင်းနှင့် စက်မှုဇုန်များတွင် အဓိကဖြစ်ပွားနေသည့် လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာများကြောင့် အိမ်ခြံမြေရောင်းဝယ်မှု ဈေးကွက်မှာ စောင့်ကြည့် အနေအထားဖြစ်နေပြီး လတ်တလော အိမ်ခြံမြေဈေးကွက်မှာ အရောင်းအ၀ယ်ဖြစ်ပေါ်မှု မရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များထံမှ သိရှိရသည်။

ပုဇွန်တောင်မြို့နယ်တွင် စက်တင်ဘာလ ၆ ရက်နေ့က ဖြစ်ပွားခဲ့သော လူသတ်မှု၌ ကျူးလွန်သူအား ဖမ်းဆီးရမိ


ပုဇွန်တောင်မြို့နယ်တွင် စက်တင်ဘာလ ၆ ရက်နေ့က ဖြစ်ပွားခဲ့သော လူသတ်မှုတွင် ကျူးလွန်သူအား စက်တင်ဘာလ ၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ပုဂ္ဂလိက၀န်ထမ်းများပါ သက်ကြီး ပင်စင်လစာ ခံစားခွင့် ရရှိမည့် လူမှုဖူလုံရေး နည်းဥပဒေ(မူကြမ်း) ရေးဆွဲလျက်ရှိ၊ ဖြည့်စွက်ပြင်ဆင်ရန် ပြည်သူများအနေဖြင့် အကြံပြုနိုင်ကြောင်းသိရ


လူတိုင်းသက်ကြီး ပင်စင်လစာ ခံစားခွင့်အပြင် အခြားအာမခံစနစ်များ ပါဝင်သည့် လူမှုဖူလုံရေး နည်းဥပဒေ (မူကြမ်း) ကို ရေးဆွဲလျက်ရှိပြီး ဖြည့်စွက်ပြင်ဆင်ရန် ပြည်သူများအနေဖြင့် အကြံပြုနိုင်ကြောင်း သိရသည်။
လူတိုင်းပင်စင်လစာ ခံစားခွင့်ဆိုသည်မှာ ယခင်က သက်ကြီးပင်စင် လစာအား အစိုးရ၀န်ထမ်းများကသာ ခံစားခွင့်ရရှိသော်လည်း လူမှုဖူလုံ ရေးဥပဒေသစ်အရအစိုးဝန်ထမ်းများ သာမက ပုဂ္ဂလိက၀န်ထမ်းများပါ ပင်စင်လစာခံစားရရှိမည်ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် သတ္တုတူးဖော်ရေး လုပ်ငန်းမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ နီးပါးဖြင့် တတိယနေရာတွင်ရှိ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအပြင် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပါပူးတွဲလုပ်ကိုင်ခွင့် ပြုမည်


မြန်မာနိုင်ငံ၏ သတ္တုတူးဖော် ရေးထုတ်လုပ်ရေးကဏ္ဍ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ နီးပါးရှိပြီး လျှပ်စစ်စွမ်းအား၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍပြီးလျှင် တတိယမြောက် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ် ကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီညွှန်ကြားမှုဦးစီးဌာနမှ ထုတ် ပြန်ချက်များအရ သိရှိရသည်။

(၇၃) ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းနား ကျင်းပ



2012-09-09
(၇၃) ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းနားတွေကို ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့က နေရာအတော်များများမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်တစ်ဝှမ်း ၇၃ နှစ်မြောက် ဦးဥတ္တမနေ့ အခမ်းအနားကျင်းပ



2012-09-09
၇၃ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားတွေကို ရခိုင်ပြည်နယ်အနှံ့မှာ ဒီကနေ့ ကျင်းပခဲ့ကြပါတယ်။ အဲဒီလိုကျင်းပရာမှာ မြို့နယ်အသီးသီးရှိ နိုင်ငံရေးပါတီတွေအပြင် ရပ်ကွက်အလိုက်၊ အဖွဲ့အစည်းအလိုက် ဆရာတော် ဦးဥတ္တမကို ရည်စူးပြီး လွမ်းသူ့ပန်းခွေချတာတွေ၊ ဆွမ်းဆီမီး ကပ်လှူတာတွေ၊ ဟောပြောပွဲ အခမ်းအနားတွေ၊ ဆုတောင်းပွဲတွေ၊ နံရံကပ်စာစောင် ပြုလုပ်ပွဲတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ရခိုင်ပဋိပက္ခ ၃ လပြည့် အထိမ်းမှတ်ပြုလုပ်



2012-09-09
ရခိုင်ပြည်နယ် မောင်တောမြို့ကနေ စတင်ခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှု ဖြစ်စဉ်တွေဟာ စက်တင်ဘာ ၈ ရက် မနေ့က ၃ လ ပြည့်မြောက်ခဲ့တဲ့အတွက် စစ်တွေမြို့ ဂြစ်ဖဘုန်းတော်ကြီးကျောင်းမှာ မနေ့က နေ့လည် ၁ နာရီမှာ ဝံလက် ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (ရခိုင်ပြည်နယ်)က ဦးဆောင်ပြီး ပဋိပက္ခတွေအတွင်း သေဆုံးသွားခဲ့ကြတဲ့ ရခိုင်လူမျိုး ၃၄ ဦးကို ဝမ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပခဲ့ပါတယ်။

ဝတ်ပြုဆုတောင်းဖို့သွားကြတဲ့ ရွာသားများ အာဏာပိုင်က တားဆီး



2012-09-09
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လက်ပန်းတောင်းတောင် ပျောက်ကွယ် မသွားရအောင် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကို ဒီကနေ့ ၀တ်ပြု ဆုတောင်းဖို့ သွားရောက်ကြတဲ့ ၀က်မှေးရွာနဲ့ ရွှေလှေရွာက ရွာသား ၁၀၀ ကျော်ကို လမ်းတစ်ဝက် အရောက်မှာ အာဏာပိုင်တွေက မြစ်တဖက်ကို ဖြတ်ကူးခွင့်မပြုဘဲ တားဆီး ပိတ်ပင်လိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။

သမိုင်းဝင်အဆောက်အအုံ ပုဂ္ဂလိကထံ လွှဲပြောင်းပေးသည့်ကိစ္စ ရုပ်သိမ်းဖို့ တောင်းဆို



2012-09-09
မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုသမိုင်းဝင် ကိုလိုနီခေတ်လက်ရာ ရန်ကုန်မြို့က တရားလွှတ်တော် အဆောက်အအုံတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီ လွှဲပေးလိုက်တဲ့ကိစ္စကို အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ပြန်လည်ရုပ်သိမ်းပေးဖို့ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက်က ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြီး တိုက်တွန်းလိုက်ပါတယ်။

၈၈ မျိုးဆက် ထန်းတပင်မြို့နယ်မှာ ဟောပြော



2012-09-09
ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်မှာ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ဘောင် ဖော်ဆောင်ရေး ဆွေးနွေးပွဲကို ဒီကနေ့ ပြုလုပ်ခဲ့ပြီး ကိုမင်းကိုနိုင်၊ ကိုဂျင်မီနဲ့ ကိုကိုကြီး(စမ်းချောင်း)တို့ သွားရောက် ဟောပြောခဲ့ကြပါတယ်။
ထန်းတပင်မြို့နယ် ရွာသစ်ကျေးရွာမှာ ဒီကနေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့တဲ့ အဲဒီ ဆွေးနွေးပွဲမှာ ကိုမင်းကိုနိုင်က ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ ဒေသခံ ပြည်သူတွေကို အာဏာ တစ်ခုတည်းနဲ့ မအုပ်ချုပ်သင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။
အဲဒီ ဆွေးနွေးပွဲကိုအနောက်ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေ တောင်သူ လယ်သမားတွေ အပါအဝင် ဒေသခံ ပြည်သူ (၃၀၀) ကျော် တက်ရောက်ခဲ့ကြပါတယ်။

မကွေးဒေသခံတွေကို အာဏာပိုင်က စစ်ဆေးမေးမြန်း



2012-09-09
ဧရာဝတီတိုင်းက ရေဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ စက်တင်ဘာ ၇ ရက်နေ့က မကွေးမြို့မှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတအဖွဲ့ကို ကူညီခဲ့တဲ့ မကွေး ဒေသခံတွေကို အာဏာပိုင်တွေက စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ RFA က စုံစမ်း သိရပါတယ်။

ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက် ကြေးနီစီမံကိန်း ဘေးထွက်ဆိုးကျိုး ဟောပြော



2012-09-08
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တွေ အကြောင်း စီမံကိန်း အနီးအနား တစ်ဝိုက်က ကျေးရွာတွေ သိရှိ နားလည်လာအောင် ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်က မနေ့က လှည့်လည် ဟောပြောခဲ့တယ်လို့ သိရပါတယ်။