Monday, September 10, 2012

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် သတ္တုတူးဖော်ရေး လုပ်ငန်းမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ နီးပါးဖြင့် တတိယနေရာတွင်ရှိ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအပြင် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပါပူးတွဲလုပ်ကိုင်ခွင့် ပြုမည်


မြန်မာနိုင်ငံ၏ သတ္တုတူးဖော် ရေးထုတ်လုပ်ရေးကဏ္ဍ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ နီးပါးရှိပြီး လျှပ်စစ်စွမ်းအား၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍပြီးလျှင် တတိယမြောက် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ် ကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီညွှန်ကြားမှုဦးစီးဌာနမှ ထုတ် ပြန်ချက်များအရ သိရှိရသည်။

ပြည်တွင်းသတ္တုတူးဖော်ရေး လုပ်ငန်းများတွင် နိုင်ငံခြားလုပ်ငန်း ရှင်များမှ အမေရိကန်ဒေါ်လာ သန်း ၂၈၁၄ ဒသမ ၃၆၀ မြှုပ်နှံထားပြီး  နိုင်ငံသားလုပ်ငန်းရှင်များမှ ကျပ် သန်း ၁၁၀၀၇ ဒသမ ၉၂ မြှုပ်နှံ ထားကြောင်း သိရှိရသည်။
သတ္တုတူးဖော်ရေးလုပ်ငန်း၌ သတ္တုရှာဖွေခြင်း၊စမ်းသပ်တိုင်းတာ ခြင်း၊တူးဖော်ထုတ်လုပ်ခြင်း၊သန့်စင် ကြိုချက်ခြင်း လုပ်ငန်းများကိုလည်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအပြင် ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်ကြောင်းလည်း သတ္တုတွင်းဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“အခုဆိုရင် တချို့ ပြည်တွင်း လုပ်ငန်းရှင်တွေကနေ သူတို့နဲ့ပူး ပေါင်းလုပ်ဆောင်ဖို့ နိုင်ငံခြားကုမ္ပဏီတွေကို ဖိတ်ခေါ်နေပါတယ်။ လက်ရှိမှာတော့ သြစတြေးလျ၊ရုရှား၊ တရုတ်၊ ဗီယက်နမ်နဲ့ထိုင်းနိုင်ငံတို့က ၀င်ရောက်လုပ်ကိုင်နေကြပါတယ်”ဟု လည်း ၎င်းက ပြောကြားခဲ့သည်။
သတ္တုတူးဖော်ရေးလုပ်ငန်း တစ်ခုချင်းအလိုက် နိုင်ငံခြားလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက် ကြမည့် ကုမ္ပဏီများမှာ အရေအတွက်အားဖြင့် ၃၆ ခု ရှိနေသည်။
“တောင်အာဖရိကနိုင်ငံတွေ ကလည်း ၀င်ရောက်လုပ်ကိုင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ သတ္တု တူးဖော်တဲ့နေရာမှာ အတွေ့အကြုံများပြီး ကျွမ်းကျင်တဲ့ကုမ္ပဏီကြီးတွေပါ”ဟု သတ္တုတူးဖော်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ(ငြိမ်း) ဦးစောမိုးမြင့်က ပြောကြားခဲ့သည်။
လက်ရှိ၌ သတ္တုတူးဖော်ရေး လုပ်ငန်းရှစ်မျိုးတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် နိုင်ငံခြားလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း လည်း သိရသည်။   

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။