Monday, August 6, 2012

ကြက်သွန်ဖြူဈေးကျချိန် အနီဈေးပြန်လည်မြင့်တက်


မီးဖိုချောင်သုံး စားသောက်ကုန်ဈေးကွက်တွင်းရှိ ကြက်သွန်ဖြူဈေးနူန်းများသိသိသာသာကျဆင်းလျှက်ရှိပြီး ကြက်သွန်နီဈေးနူန်းမှာ အနည်းငယ်မြင့်တက်လျှက်ရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။

ပုဂံဇုန်တွင် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု ၄ဝ% ကျော်မြင့်တက်


ဇူလိုင်လတွင် မြန်မာနိုင်ငံ၏ ခရီးသွားဇုန်တစ်ခုဖြစ်သော ပုဂံဇုန်၌နိုင်ငံခြားသားခရီးသွားဦးရေမှာဇွန်လကထက် ၄ဝ% နှုန်းကျော်မြင့်တက်လာကြောင်း ဟိုတယ်နှင့်ခရီးညွှန်ကြားမှုဦးစီးဌာနက သိရှိရသည်။

ရာသီဥတုကြောင့် နယ်စပ်စားကုန်နှင့်ထိုင်းဆီများ မော်လမြိုင်သို့ အဝင်နည်း


 ယိုးဒယားနယ်စပ်မှ မော်လမြိုင်ဈေးကွက်တွင်းသို့ ကုန်စည်ဝင်ရောက်မူကျဆင်းလျှက်ရှိသော်လည်း ကုန်ဈေးနူန်း တည်ငြိမ်နေကြောင်း ဈေးကွက်တွင်းက သိရသည်။

အိုလံပစ် ပြိုင်ပွဲဝင် မြန်မာအားကစားသမားများ ရလဒ်များ မကောင်း

ရန်ကုန် (မဇ္ဈိမ)။   ။ ၂၀၁၂ ခုနှစ်၊လန်ဒန် အိုလံပစ် ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ အားကစားသမားများသည် လက်ရှိအချိန်တွင် ရလဒ်များ ဆိုးရွားလျက်ရှိပြီး ပါဝင်ယှဉ်ပြိုင်နေသည့် ကစားသမား
ခြောက်ဦးတွင် လေးဦးအထိ ပြိုင်ပွဲကိုယ်စီမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။

အမေရိကန် ပိတ်ဆို့မှု သက်တမ်းတိုးခြင်းကို USCB ကြိုဆို

မြန်မာ့သွင်းကုန် ပိတ်ပင်တားမြစ်မှု အပါအဝင် အခြား အရေးယူ ပိတ်ဆို့မှုများကို သုံးနှစ် ထပ်မံ သက်တမ်းတိုးရန် အမေရိကန် အောက်လွှတ်တော်က ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ခဲ့သည့်အပေါ် မြန်မာ့အရေး လှုပ်ရှားနေသည့် အမေရိကန်အခြေစိုက် US Campaign for Burma (USCB) က ကြိုဆိုလိုက်သည်။

ရွှေဘိုနယ်တစ်ဝိုက်ရှိ တောင်သူများ ဘဏ်ချေးငွေထုတ်ယူရာတွင် အခက်အခဲများ ကြုံတွေ့နေရ



ရွှေဘိုခရိုင်တွင်းရှိ ကျေးရွာအချို့မှ တောင်သူများ မိုးစပါးအတွက် စိုက်ပျိုးရေးဘဏ်ချေးငွေ ထုတ်ယူရာတွင် အခက်အခဲအချို့ ကြုံတွေ့နေရကြောင်း တောင်သူများထံမှ စုံစမ်းသိရသည်။ 

ရန်ကုန်တက္ကသိုလ် အပါအ၀င် တက္ကသိုလ်ခုနစ်ခုနှင့် နော်ဝေနိုင်ငံ အော်စလို တက္ကသိုလ်တို့ ပူးပေါင်း၍ ပညာရပ်ဆိုင်ရာ သင်တန်းများဖွင့်လှစ်ရန် ဆွေးနွေး



7447
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် အဆောက်အအုံအား သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်တက္ကသိုလ် အပါအ၀င် တက္ကသိုလ်ခုနစ်ခုနှင့် နော်ဝေနိုင်ငံ အော်စလိုတက္ကသိုလ်တို့ ပူးပေါင်း၍ တက္ကသိုလ်ပညာရေး အဆင့်အတန်း မြင့်မားလာစေရေးအတွက် ပညာရပ် ဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတစ်ဝန်း ဟိုတယ်ဇုန်သစ်များ ထပ်မံဖော်ထုတ်ရန် လျာထား ဇုန်သစ်နေရာများအား စိစစ်အတည်ပြုပြီးပါက ရင်းနှီးမြှုပ်နှံခွင့်ပြုမည်



7445
နေပြည်တော်ဟိုတယ်ဇုန်အား တွေ့ရစဉ်

ယခုလက်ရှိတွင် ဟိုတယ်ဇုန်များ ဖော်ထုတ်နိုင်ရန်အတွက် မြေနေရာနှင့် အဆောက်အအုံ ၂၅ ခုအား လျာထားနေဆဲဖြစ်ကြောင်း၊ လျာထားပြီးစီးပါက နိုင်ငံသားနှင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူများကို လွတ်လပ်စွာမြှုပ်နှံခွင့် ပြုသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သိရှိရသည်။

သီလ၀ါဆိပ်ကမ်းဒေသ အထူးစီးပွားရေးဇုန်၌ ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့် Myanko မြို့တော်စီမံကိန်းနှင့်ပတ်သက်၍ တရားဝင်ခွင့်ပြုထားခြင်း မရှိဟု သိရ


သီလ၀ါ ဆိပ်ကမ်းဒေသ အထူးစီးပွားရေးဇုန်၌ ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့် Myanko မြို့တော် တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်၍ တရားဝင် ခွင့်ပြုထားခြင်း မရှိဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်၏ ပြောကြားချက်အရ သိရပါသည်။

သတ္တုတူးဖော်ရေး လုပ်ငန်း၌ နိုင်ငံခြား လုပ်ငန်းရှင်များမှ ကန်ဒေါ်လာ သန်း ၃၀၀၀ နီးပါး မြှုပ်နှံထား သန့်စင်ပြီးသတ္တုများ တင်ပို့နိုင်ရေးအတွက် ပုဂ္ဂလိကနှင့် နိုင်ငံခြားလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မည်



7444
မိုးကုတ်ဒေသရှိ သတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်Photo :germ research.ch
ပြည်တွင်း သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် နိုင်ငံခြား လုပ်ငန်းရှင်များမှ အမေရိကန်ဒေါ်လာ သန်း ၂၈၁၄ ဒသမ ၃၆၀ မြှုပ်နှံထားပြီး နိုင်ငံသားလုပ်ငန်းရှင်များမှ ကျပ် သန်း ၁၁၀၀၇ ဒသမ ၉၂မြှုပ်နှံ ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်

နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

 လက်ရှိအချိန်တွင် ပုံမှန်အခြေအနေသို့ မရောက်သေးကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မောင်တောမြို့သို့ ရောက်ရှိစဉ်အတွင်း ပြောကြား



7443
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မောင်တောမြို့နယ် (၄)မိုင် အမှတ်(၂) ရဲတပ်ရင်းတွင် ဖွင့်လှစ်ထားသော
ကယ်ဆယ်ရေးစခန်းရှိ တိုင်းရင်းသား ဒုက္ခသည်များနှင့် တွေ့ဆုံနေစဉ်
လက်ရှိ အခြေအနေသည် ပုံမှန်အခြေအနေသို့ မရောက်နိုင်သေးသည်ကို တွေ့ရပါကြောင်း ဒုတိယ သမ္မတဒေါက်တာ စိုင်းမောက်ခမ်းက သြဂုတ်လ ၃ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် (၄)မိုင် အမှတ်(၂) ရဲတပ်ရင်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းရှိ တိုင်းရင်းသား ဒုက္ခသည်များနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

မီဒီယာ လွတ်လပ်ခွင့်အတွက် သတင်းထောက်များ လှုပ်ရှား

မကြာသေးခင်က ပိတ်ပင် ခံလိုက်ရတဲ့ ဂျာနယ်နှစ်စောင် ပြန်ပြီး ထုတ်ဝေခွင့် ရဖို့အတွက် မြန်မာသတင်းထောက်တွေ စုပေါင်း ဖွဲ့စည်းထားတဲ့ သတင်းလွတ်လပ်ခွင့် ကော်မတီက ဒီကနေ့ အာဏာပိုင်တွေကို တင်ပြ တောင်းဆိုခဲ့ကြပါတယ်။ “Stop Killing the Press” လို့ စာတမ်းပါတဲ့ တီရှပ်တွေကို ၀တ်ဆင်ပြီး သမ္မတကြီးဆီ တင်ပြမယ့် စာတမ်းအတွက် လက်မှတ် စုဆောင်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုရဲကျော်အောင်က သတင်းပေးပို့ထားပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယရောက်

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးစဉ်။ (၀၈၊ ၀၃၊ ၂၀၁၂)တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၈ ရက်ကြာ ခရီးနဲ့ အိန္ဒိယ နိုင်ငံမှာ ရောက်ရှိနေပါတယ်။ သြဂုတ်လ ၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ ၈ ရက်ကြာ ခရီးစဉ်အတွင်းမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး အပြင် ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့လည်း သီးခြားစီ တွေ့ဆုံဖို့ ရှိပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့ ပြီးနောက် အိန္ဒိယနိုင်ငံကို သွားတဲ့ ခရီးစဉ်ဟာ ဘယ်လောက်ထူးခြားသလဲ၊ အိန္ဒိယ စစ်တပ်နဲ့ ဘယ်လို သဘောတူညီမှုတွေ ရနိုင်သလဲ ဆိုတာကို စုံစမ်းထားတဲ့ မစုမြတ်မွန်က ဆက်လက် တင်ပြပါမယ်။

မှော်ဘီမြို့နယ်က ရေလွှမ်းမိုးမှု


၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေနဲ့ သမ္မတ ပထမဆုံးအကြိမ်တွေ့မည်



2012-08-03
သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးမယ့် နိုင်ငံရေးပါတီ ၁၄ ပါတီထဲမှာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေဟာ မနက်ဖြန်မှာ ပျဉ်းမနား နေပြည်တော်ကို အရောက်သွားရမယ်လို့ စုံစမ်းသိရှိရပါတယ်။
Photo: President Office Website
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၀ ခုမှ ခေါင်းဆောင်များ တွေ့ဆုံစဉ်။

ဒုက္ခသည်တွေအတွက် စုပေါင်းအလှူ ရေစက်ချ တရားဟောခွင့် ပိတ်ပင်ခံရ



2012-08-03
ဟင်္သာတမြို့သူ မြို့သားတွေက ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် စုပေါင်းအလှူကို ဆရာတော် ဦးသုမင်္ဂလ ကတစ်ဆင့် လှူဒါန်းတဲ့အခါမှာ ရေစက်ချ တရားဟောခွင့် ပိတ်ပင်ခံရတယ်လို့ သတင်းရရှိပါတယ်။
ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ကျပ်ငွေ သိန်း ၄၀ နဲ့ အစားအသောက်တွေ၊ ပစ္စည်းတွေကို ဟင်္သာတမြို့က ဆယ်ထပ်ကြီး ဘုရားဝင်းထဲက သာသနာ့ဗိမာန်မှာ ရေစက်ချ လှူဒါန်းမှာကို မြို့နယ် သံဃာ့ နာယကအဖွဲ့က ခွင့်ပြုခဲ့ပေမယ့် တိုင်း သံဃာ့နာယက အဖွဲ့က ပိတ်ပင်တားမြစ်တာလို့ ဟင်္သာတခရိုင် ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုသန့်စင်က RFA ကိုပြောပါတယ်။

သွားလာရေးအခက်အခဲ ဖြေရှင်းပေးဖို့ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများ အရေးဆို



2012-08-03
ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားတွေက သူတို့ သွားလာရေး အခက်အခဲ ကြုံနေရတာ ဖြေရှင်းပေးဖို့ ကျောင်းသား အယောက် ၂၀၀ ကျော် လက်မှတ်ထိုးပြီး ပါမောက္ခချုပ်ကို သွားရောက် အရေးဆိုကြတယ်လို့ သတင်းရရှိပါတယ်။

လယ်သမားအရေး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး



2012-08-03
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၃ ရက်က ကော့မှူးမြို့နယ် မဟာဝိဇောဓရ ကျောင်းတိုက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံနေစဉ်။

သေဒဏ်ကျ အကျဉ်းသား ပြန်လွှတ်လာ



2012-08-03
X2O သင်္ကြန်မဏ္ဍပ်ရှေ့ ဗုံးခွဲမှုနဲ့ စွပ်စွဲပြီး သေဒဏ် ချမှတ် ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုဖြိုးဝေအောင်ကို အစိုးရက ဒီနေ့ နေ့လည်က ပြန်လွှတ်ပေးလိုက်ပါတယ်။
သူဟာ ကင်ဆာဖြစ်ပြီး ခန္ဓာကိုယ်အောက်ပိုင်း လှုပ်လို့ မရတဲ့ ရောဂါတွေကြောင့် အင်းစိန်မြို့နယ် ဆေးရုံမှာ ဆေးကုသခံနေရချိန်မှာ ခံဝန်ချက် လက်မှတ်နဲ့ ပြန်ပြီးလွတ်မြောက်လာတာလို့ ကိုဖြိုးဝေအောင်က RFA ကိုပြောပါတယ်။

အကျဉ်းကျ ဘာသာရေးခေါင်းဆောင်က မြန်မာကို ခြိမ်းခြောက်



2012-08-03
မြန်မာနိုင်ငံမှာ မွတ်စလင် ရိုဟင်ဂျာတွေကို ဆက်လက်ပြီး အန္တရာယ် ပြုနေမယ်ဆိုရင် မိမိတို့အနေနဲ့ တိုက်ခိုက်ရေးစစ်ပွဲ ဆင်နွှဲမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ အကျဉ်းထောင်ရှိ အစ္စလာမ်ဝါဒီ အစွန်းရောက် ခေါင်းဆောင် တစ်ဦးက ခြိမ်းခြောက် ပြောဆို လိုက်ပါတယ်။

ကွာလာလမ်ပူမြို့ မြန်မာအရောင်းဆိုင် အကြမ်းဖက်သမားများ ဖျက်ဆီး



2012-08-03
မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့လယ်က ရခိုင်တိုင်းရင်းသား ဦးစောအောင် ပိုင်ဆိုင်တဲ့ မြန်မာ့ဥယျာဉ် အမည်ရှိ အရောင်းဆိုင်ကို သောကြာနေ့ ညနေ (၅) နာရီလောက်က အကြမ်းဖက်သမားတွေ ၀င်ရောက် တိုက်ခိုက် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်သူ ( ၅၀) နီးပါးဟာ မြန်မာဥယျာဉ်ဆိုင်ရဲ့ အောက်ထပ်မှာရှိတဲ့ စားသောက်ကုန် အရောင်းဆိုင်မှန်ကို ရိုက်ခွဲ ၀င်ရောက်လာကြတာဖြစ်ပြီး ဆိုင်အတွင်းရှိသမျှ ပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီး သွားကြတယ်လို့ မြန်မာဥယျာဉ်ဆိုင်ရဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ ဒေါ်ခင်ခင်စန်းအေးက RFA ကို ပြောပါတယ်။

မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြ



2012-08-03
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံက မြန်မာသံရုံးရှေ့မှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အတိုက်အခံ ပါတီဝင်တွေနဲ့ မလေးရှားရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ ရာဂဏန်းလောက် မနေ့က စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်



2012-08-04
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာ ရှိတဲ့ မြန်မာနိုင်ငံ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ သာသနာ့ ရိပ်သာကို ဒီကနေ့ သွားရောက်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။

မီဒီယာဖိနှိပ်မှု ရပ်တန့်ရေး တောင်းဆို



2012-08-04
မြန်မာသတင်းသမားတွေက လက်ရှိ သတင်းမီဒီယာလောက အပေါ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ရပ်စဲဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။
88 Generation Students Group
၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက် နံနက်ပိုင်းက ပြုလုပ်သော စာနယ်ဇင်းသမားများ၏ "မီဒီယာဖိနှိပ်မှု ရပ်" လှုပ်ရှားမှုတွင် မင်းကိုနိုင်ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ ပူးပေါင်းပါဝင်နေကြစဉ်။

ကင်တားနားနဲ့ ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးဌေးဦး သီးသန့်ဆွေးနွေး



2012-08-04
မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားနဲ့ ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး တို့ဟာ မနေ့တုန်းက ပြည်သူ့လွှတ်တော်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒုသမ္မတအဖြစ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း အရွေးခံရသတင်း ထွက်ပေါ်



2012-08-04
လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက် တပ်မတော် (ရေ) ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ရွေးချယ်လိုက်ပြီလို့ နေပြည်တော် အသိုင်းအဝန်းနဲ့ ရန်ကုန်မီဒီယာလောကမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။
AFP
တပ်မတော် (ရေ) ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့က အိန္ဒိယနိုင်ငံကို အလည်အပတ်ရောက်ရှိစဉ် တွေ့ရပုံ။

ရခိုင်ပြည်နယ်အရေး အဖြစ်မှန်ဖော်ထုတ်ဖို့ ကင်တားနားတိုက်တွန်း



2012-08-04
ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံကို ၆ ရက်ကြာ သွားရောက် လေ့လာစုံစမ်းခဲ့တဲ့ မစ္စတာ ကင်တားနားက ခရီးစဉ်ပြီးဆုံးတဲ့နောက် အခုလို တိုက်တွန်း ပြောဆိုလိုက်တာပါ။

ကလေးစစ်သား အသုံးမပြုရေး ဂျီနီဗာ သဘောတူညီချက် မွန် နဲ့ ကရင်နီ အဖွဲ့ လက်မှတ်ရေးထိုး



2012-08-05
အသက် (၁၈) နှစ်အောက် ကလေးသူငယ်များကို စစ်မှုမထမ်းခိုင်းရေး အတွက် ဂျီနီဗာ သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့က သြဂတ် (၃) ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ တရားဝင် သဘောတူ လက်မှတ် ရေးထိုးလိုက်တယ်လို့ သိရပါတယ်။

သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် မန်းသတင်းထောက်များ တောင်းဆို



2012-08-05
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀ ရရှိရေးအတွက် မန္တလေးမြို့မှာ ရှိတဲ့ သတင်းထောက် စုစုပေါင်း အယောက် (၅၀) ကျော်ဟာ “မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်၊ Stop Killing Press” စာတန်းပါ တီရှပ် အနက်ရောင်တွေကို ၀တ်ပြီး လူစည်ကားတဲ့နေရာတွေမှာ ဒီကနေ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြ ပါတယ်။
အဓိက အနေနဲ့ စာပေစိစစ်ရေး လုံးဝဖျက်သိမ်းပေးဖို့ တောင်းဆို ခဲ့ကြတယ်လို့ ပါဝင်သူတဦး ဖြစ်တဲ့ အထက်မြန်မာပြည် သတင်းထောက်များ ကွန်ယက် တာဝန်ခံ ကိုစန်းယုကျော်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ပါတီ ၁၄ ခု တွေ့ဆုံ



2012-08-04
သမ္မတ ဦးသိန်းစိန်ဟာ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီ (၁၄) ခုက ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ပျဉ်းမနား နေပြည်တော်မှာ တွေ့ဆုံပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အခက်အခဲတချို့ ရှိနေမှု အပါအဝင် မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။