ယိုးဒယားနယ်စပ်မှ မော်လမြိုင်ဈေးကွက်တွင်းသို့ ကုန်စည်ဝင်ရောက်မူကျဆင်းလျှက်ရှိသော်လည်း ကုန်ဈေးနူန်း တည်ငြိမ်နေကြောင်း ဈေးကွက်တွင်းက သိရသည်။
''မြဝတီကဆင်းတဲ့ တက်တဲ့ကားတွေ မိုးရွာတော့ လမ်းမကောင်းတာတို့ ရေကြီး ရေလျှံ တာတွေကြောင့် ကားတွေရပ်ထားကြတယ်။ ဆွဲတဲ့ကားတွေလဲဆွဲတယ်။ မိုးတွင်းကားလမ်းတွေကြောင့် ကုန်စည်တင်ပို့မှုကလည်း ကျလာတယ်''ဟု မြဝတီ-ကော့ကရိတ် -မော်လမြိုင် မော်တော်ယာဉ်မောင်း ဦးသန်းဌေးက ပြောသည်။
နှစ်စဉ် မိုးရာသီတွင် မြဝတီနယ်စပ်ဒေသမှ မော်လမြိုင်သို့ ကုန်ပစ္စည်းဝင်ရောက်မူကျဆင်းတက်ပြီး ဈေးနူန်းမြင့်တက်မှုရှိ ခဲ့သော်လည်း လက်ရှိတွင် ဈေးနူန်းမြင့်တက်မှုမရှိကြောင်း ကုန်သည်များက ဆိုသည်။
ယိုးဒယားနယ်စပ်ဒေသမှ မော်လမြိုင်ဈေးကွက်တွင်းသို့ စားသောက်ကုန်ပစ္စည်းဝင်ရောက်မှု များပြားပြီး စက်သုံးဆီများလည်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
''ဒီမှာကထိုင်းဆီအသုံးများတယ်။ဈေးကမတက်ပါဘူး။အရင်လကတစ်ဂါလံကို ၃၂ဝဝ-၃၃ဝဝ ပဲ။အခုလည်း အဲ့ဒီဈေးပါပဲ။''ဟု မော်လမြိုင်မြို့တွင် ဆိုင်ကယ်တက္ကစီ ပြေးဆွဲနေသူကိုနိုင်က ပြောသည်။
မော်လမြိုင်စားသောက်ကုန်ဈေးကွက်တွင်း၌ ဈေးနှုန်းများ တည်ငြိမ်လျှက်ရှိသော်လည်း မီးဖိုချောင်သုံး ကြက်သွန်နီမှာ ဈေးနူန်းမြင့်တက်လျှက်ရှိကြောင်း သိရသည်။
''ဈေးကွက်မှာ လှုပ်တာက ကြက်သွန်နီပါ။ တစ်ပိသာကို ၃၅ဝကနေ ၅ဝဝ လောက်ပေး ရတဲ့ ကြက်သွန်က အခု တစ်ပိသာကို ၇ဝဝ-၈ဝဝလောက်ပေးရတယ်''ဟု မော်လမြိုင်၊ ကျိုက်မရောမှ စားသောက်ကုန်မျိုးစုံ အရောင်းဆိုင်မှ ဒေါ်သီတာက ပြောသည်။
မော်လမြိုင်ဈေးကွက်တွင်း အရောင်းအဝယ်ပြုလုပ်နေသော ကုန်ပစ္စည်းဈေးနူန်းများ
အမျိုးအစား အရေအတွက် ဇူလိုင်လကုန်ပိုင်း (ဈေးနူန်း) သြဂုတ်လဆန်းပိုင်း(ဈေးနူန်း)
“ဓာတ်ဆီ (အနီ၊အဖြူ) တစ်ဂါလံ ၃၃ဝဝ-၃၅ဝဝ ကျပ် ၃၄ဝဝ-၃၅ဝဝ ကျပ်
ကြက်သွန်နီ တစ်ပိသာ ၃၅ဝ-၅ဝဝ ကျပ် ၇ဝဝ-၈ဝဝ ကျပ်
ကျွဲရိုင်း (အချိုရည်) ၂၄လုံး (တစ်ပါကင်) ၇၅ဝဝ ကျပ် ၇၄ဝဝ-၇၅ဝဝ ကျပ်
Singha( Beeer) ၂၄လုံး (တစ်ပါကင်) ၁၁၂ဝဝ ကျပ် ၁ဝ၂ဝဝ ကျပ်
Leo( Beer) ၂၄လုံး (တစ်ပါကင်) ၁ဝ၈ဝဝ ကျပ် ၁ဝဝဝဝ ကျပ်
ဆီ (ယိုးဒယား) ၆၅ကျပ်သား (၁ထုတ်) ၁၂ဝဝ ကျပ် ၁၂၅ဝ ကျပ်
ကော်ဖီမစ် ( Birdy) တစ်ထုတ် ၂၂ဝဝ ကျပ် ၂၂၅ဝ ကျပ်

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။