Monday, August 6, 2012

နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်

နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များသည် တစ်စီးပွားတည်း ဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင် ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်း ပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဟု ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ရက်နေ့ရက်စွဲဖြင့် ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၁ တွင် ဖော်ပြထားသည်။
လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များမှာ “(က)ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး များ၊ (ခ) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ ၀င်များ၊ (ဂ) ပြည်ထောင်စုဝန်ကြီး များ၊ (ဃ) ပြည်ထောင်စုရှေ့နေချုပ်၊ (င) ပြည်ထောင်စုစာရင်း စစ်ချုပ်၊ (စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်ဝန်ကြီးများ၊ (ဆ)တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊ တရားသူ ကြီးချုပ်များ၊ တရားသူကြီးများ”တို့ ဖြစ်ကြောင်း သိရသည်။

ဒီပိုင်ဆိုင်မှုစာရင်းတွေကို မီဒီယာတွေကိုလည်း ထုတ်ပြန်ပေး သင့်ပါတယ်။ မီဒီယာတွေအနေနဲ့လည်း သူတို့သိတာတွေကို ရေးသား ဖော်ထုတ်လာတာတွေရှိရင် မှန်၊ မမှန် တိုက်ဆိုင်စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်  .  .  .
 စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို ပူးတွဲပါပုံစံ (၇) မျိုးတွင် ဖြည့်စွက်၍ လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတထံ အမည်ဖော်ပြ လိပ်မူ၍ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက် နေ့ ရုံးချိန်အတွင်း ဆက်သားဖြင့် ပေးပို့သွားရန် အကြောင်းကြားအပ်ပါသည်ဟု ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
“ဒီပိုင်ဆိုင်မှုစာရင်းတွေကို မီဒီယာတွေကိုလည်း ထုတ်ပြန်ပေးသင့်ပါတယ်။ မီဒီယာတွေ အနေနဲ့လည်း သူတို့သိတာတွေကို ရေးသားဖော်ထုတ် လာတာတွေရှိရင် မှန်၊ မမှန် တိုက်ဆိုင်စစ်ဆေးမှုတွေ လုပ်သင့် ပါတယ်”ဟု ဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစု ပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီး ပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြားအဖိုး တန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ် တော်အကြီးအမှူးထံ ပေးပို့ရမည်ဟု ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၆၈ တွင် ဖော်ပြထားသည်။
အစိုးရသစ်လက်ထက်တွင် Good Governance (ကောင်းမွန်သော အုပ် ချုပ်ရေး)၊ Clean Government (သန့် ရှင်းသောအစိုးရ) ဖြစ်ပေါ်လာရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ အဖြစ်တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့်အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆို ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်း ပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က တင်သွင်းခဲ့ပြီး မြေပုံမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဖေသန်းက ထောက်ခံဆွေးနွေးခဲ့ကာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူဆုံးဖြတ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးများအနေဖြင့် အများပြည်သူ ယုံကြည်အား ကိုးမှုပိုရစေရန် ပိုင်ဆိုင်မှုများ ကြေညာပြီးမှ အများပြည်သူ အကျိုးဆောင်ရွက်မည့် အဆင့်အထိ စီစဉ်ထားမှု ရှိ၊ မရှိ မေးမြန်းချက်အပေါ် စက်မှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက အချိန်မရွေးပေး၍ရကြောင်း ဖြေကြားထားခဲ့သည်။
ဇူလိုင်လ ၁ ရက်နေ့တွင် နေ ပြည်တော်၊ စက်မှုဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပသည့်တွေ့ဆုံ ပွဲ၌ ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း က “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ ခေတ်ကရှိခဲ့တယ်။ ဒါတွေက အချိန် မရွေးပေးလို့ရတယ်။ သို့သော်လည်း တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ ၀န်ကြီးတွေချည်းပဲမဟုတ်ပါဘူး။ တခြားကဏ္ဍတွေလည်း အများကြီးရှိပါတယ်။ စာရင်းတွေပြနေတာထက် လူ ကိုယ်၌စိတ်ကခံစားပြီး ရှင်းရှင်းလုပ်တာ ပိုပြီးတန်ဖိုးရှိမယ်လို့ ထင်တယ် ။ .  .  .  .  . ကျွန်တော့်အနေနဲ့ No Problem ကျွန်တော့်မိတ်ဆွေတွေ No Problem ပါ”ဟု စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း က ဖြေကြားခဲ့သည်။
“ဘယ်သူ့ကိုလာဘ်ပေးရတယ် ဆိုတာ တိတိကျကျပြောသိပ်တိကျရင် မနက်ဖြန်အရေးယူမယ်။ ကျွန်တော့် ကို လာဘ်ပေးရတယ်ဆိုရင် ကျွန်တော့် ကိုယ်ကျွန်တော်အရေးယူမယ်။ Corruption နဲ့ပတ်သက်လို့ အမှား လုံးဝမရှိပါဘူး။ မီဒီယာတွေအနေနဲ့ ကျွန်တော်ဆောင်ရွက် နေတာ မှန်ရင် ကူညီပါ အားပေးပါ။ ကျွန်တော်တို့ မှားမယ်ဆိုရင် တည့်မတ်ပေးပါ။ သို့သော်လည်း ကျွန်တော်တို့က လာဘ်စားနေတယ်လို့ ရမ်းတော့မလုပ်ပါနဲ့ တိတိကျကျပြောလိုက်ပါ။ ကျွန်တော် လာဘ်ယူရင်ကျွန်တော်ထွက်ပါမယ်။ ဒီအပြစ်ကို ကျွန်တော်ခံယူပါ့မယ်။ ထို့အတူပဲ ကျွန်တော့်မိတ်ဆွေ ၀န် ကြီးတွေ ကျွန်တော့်အဖွဲ့သားတွေ လာဘ်ယူရင် ကျွန်တော်အရေးယူဖို့ အတွက် ကျွန်တော်သမ္မတကို တင်ပြပါမယ်”ဟု ဦးစိုးသိန်းက ဆက်လက် ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။