Monday, August 6, 2012

 လက်ရှိအချိန်တွင် ပုံမှန်အခြေအနေသို့ မရောက်သေးကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မောင်တောမြို့သို့ ရောက်ရှိစဉ်အတွင်း ပြောကြား



7443
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မောင်တောမြို့နယ် (၄)မိုင် အမှတ်(၂) ရဲတပ်ရင်းတွင် ဖွင့်လှစ်ထားသော
ကယ်ဆယ်ရေးစခန်းရှိ တိုင်းရင်းသား ဒုက္ခသည်များနှင့် တွေ့ဆုံနေစဉ်
လက်ရှိ အခြေအနေသည် ပုံမှန်အခြေအနေသို့ မရောက်နိုင်သေးသည်ကို တွေ့ရပါကြောင်း ဒုတိယ သမ္မတဒေါက်တာ စိုင်းမောက်ခမ်းက သြဂုတ်လ ၃ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် (၄)မိုင် အမှတ်(၂) ရဲတပ်ရင်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းရှိ တိုင်းရင်းသား ဒုက္ခသည်များနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

လုံခြုံရေးကိုလည်း တာဝန်ရှိ ပုဂ္ဂိုလ်များက တာဝန်ယူထားသည့် အတွက်လုံခြုံရေးပိုင်းဆိုင်ရာအထိုက် အလျောက်တော့ရှိလာပြီဖြစ်ကြောင်း၊ မီးလောင်ပြီးသောအိမ်များ၊ ကျောင်း များ၊ ဆေးခန်းများ၊ ဘာသာရေး ဆိုင်ရာအဆောက်အဦများ ပြင်ဆင် ဆောက်လုပ်ရသည်မှာ  အချိန်အ နည်းငယ်ပေးရမည့်သဘော ရှိပါ ကြောင်း၊ အစိုးရမဟုတ်သည့် အဖွဲ့ အစည်းများ၊ အနယ်နယ်အရပ်ရပ် မှ မိဘပြည်သူများပေးပို့သည့် အကူအညီများအပြင် နိုင်ငံတော်အစိုးရ မှလည်း စားဝတ်နေရေး အဆင်ပြေအောင် စီမံပေးထားပြီး ဖြစ်ပါကြောင်း ဟု ဒုတိယသမ္မတက ဆက်လက် ပြောကြားခဲ့သည်။
ဒုတိယသမ္မတက “အခြေအနေ တည်ငြိမ်အေးချမ်းလာပြီ၊ နေရာထိုင်ခင်း အဆင်ပြေလာပြီဆိုရင် ကိုယ့်ရပ် ကိုယ့်ရွာကို ပြန်ပြီးတော့မှ ကိုယ့်ရဲ့ လုပ်ငန်းကို ပုံမှန်လုပ်ရမှာပဲ ဖြစ်ပါတယ်။ အခုရောက်လာတဲ့ကိစ္စတွေ တော့ ဒီမှာမြင်တွေ့ရသလောက်ဆို လို့ရှိရင်လည်းပဲ တချို့နေရာတွေလည်း အခြေအနေဆိုးသလို တချို့နေရာတွေ လည်း အခြေအနေ တည်ငြိမ်နေပြီးသား တွေ့ရပါတယ်။ ‘ဒါက အမြင်ပေါ့။ စိတ်ဓာတ်ရေးရာအနေနဲ့ကတော့ သူသူကိုယ်ကိုယ် တစ်မျိုးအားငယ် နေတာရှိကောင်းရှိပါလိမ့်မယ်။ သို့ သော်လည်းပဲ နိုင်ငံတော်အနေနဲ့ ကတော့ တတ်နိုင်သမျှ ကူညီစောင့် ရှောက်ပေးမှာ အားလုံးတော့ သိစေ ချင်ပါတယ်။ လိုအပ်တဲ့ပစ္စည်းပစ္စယ တွေ လိုအပ်တဲ့စားဝတ်နေရေးကိစ္စ တွေ လိုအပ်တဲ့ ထောက်ပံ့မှုတွေကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေး သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီကနေ့ ဒီမှာရောက်ရှိနေတဲ့ မိဘပြည်သူတွေလည်း ဘာတွေများ လိုအပ်သလဲ တင်ပြကြဖို့လိုပါတယ်။ ပြန်လည်ထူထောင်တဲ့နေရာမှာ နိုင်ငံတော် အစိုးရတစ်ခုတည်းကိုပဲ အားကိုးတာ မဟုတ်ဘဲနဲ့ မိမိဘက်ကလည်း စိတ်ရော၊ ကိုယ်ရော တတ်နိုင်တဲ့ဘက်က ပါဝင်ဆောင်ရွက်ပါမှ မြန်မြန်ဆန်ဆန် ပြီးသွားမှာဖြစ်တဲ့အတွက် ဒါကိုလည်း အတတ်နိုင်ဆုံး လုပ်သွားကြပါလို့ တိုက်တွန်းလိုပါတယ်”ဟု ဆက် လက်ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယသမ္မတ အား ကယ်ဆယ်ရေးစခန်းတွင် လာ ရောက်ခိုလှုံနေကြသူများကိုယ်စား ခရေမြိုင် ကျေးရွာသားတစ်ဦးက လိုအပ်ချက်များအား တင်ပြရာတွင် မိမိ တို့ကျေးရွာများသို့ ပြန်လည်သွား ရောက်နေထိုင်ရာတွင် စစ်တပ်၊ ရဲ စသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ လို အပ်ပါကြောင်း၊ မိမိကိုယ်ကိုယ် မိမိ ကာကွယ်နိုင်ရန် ပြည်သူ့စစ်များ ဖွဲ့ စည်းပေးရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသား ကျေးရွာအချင်းချင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေ ရန်အတွက် လမ်းများ၊ တံတားများ ဖောက်လုပ်တည်ဆောက်ပေးရန် လို အပ်ကြောင်း၊ ပဋိပက္ခဖြစ်ပွားခဲ့ရာ၌ မိမိတို့ရပ်ရွာစွန့်ခွာ ထွက်ပြေးလာရသည့်အတွက် လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြုသည့် ကျွဲနွားလယ် ယာပစ္စည်းများ မရှိတော့၍ လယ်ယာလုပ်ငန်းများပြန်လည်လုပ်ကိုင် နိုင်ရန် လယ်ထွန်စက်ကဲ့သို့ စက်မှု ကိရိယာများ ထောက်ပံ့ပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။