Monday, August 6, 2012

ဒုက္ခသည်တွေအတွက် စုပေါင်းအလှူ ရေစက်ချ တရားဟောခွင့် ပိတ်ပင်ခံရ



2012-08-03
ဟင်္သာတမြို့သူ မြို့သားတွေက ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် စုပေါင်းအလှူကို ဆရာတော် ဦးသုမင်္ဂလ ကတစ်ဆင့် လှူဒါန်းတဲ့အခါမှာ ရေစက်ချ တရားဟောခွင့် ပိတ်ပင်ခံရတယ်လို့ သတင်းရရှိပါတယ်။
ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ကျပ်ငွေ သိန်း ၄၀ နဲ့ အစားအသောက်တွေ၊ ပစ္စည်းတွေကို ဟင်္သာတမြို့က ဆယ်ထပ်ကြီး ဘုရားဝင်းထဲက သာသနာ့ဗိမာန်မှာ ရေစက်ချ လှူဒါန်းမှာကို မြို့နယ် သံဃာ့ နာယကအဖွဲ့က ခွင့်ပြုခဲ့ပေမယ့် တိုင်း သံဃာ့နာယက အဖွဲ့က ပိတ်ပင်တားမြစ်တာလို့ ဟင်္သာတခရိုင် ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုသန့်စင်က RFA ကိုပြောပါတယ်။
"ရခိုင်ဒေသအတွက် ဒုက္ခရောက်နေတဲ့ သူတွေကို ဟသာင်္တခရိုင်က မဇ္ဈိမကြယ်စင်က ဦးဆောင်ပြီးတော့ ဒီဟသာင်္တခရိုင်ထဲမှာရှိတဲ့ မြို့နယ်တွေ အားလုံးကနေပြီးတော့ လှူကြတယ်ပေါ့။ အဲလှူကြတဲ့ပွဲမှာ ဆရာတော် ဦးသုမင်္ဂလက လာပြီး ရေစက်ချ တရားဟောမယ်။ အဲဒီဟောမဲ့ အစီအစဉ်ကို ရေစက်ချ တရားတွေတော့ ဟောလို့ရတယ်ဆိုပြီး ဆရာတော်ကြီးတော်တော် များများက ဆရာတော်ကို ခွင့်ပေးထားတယ်လေ။ ခွင့်ပေးထားလို့ ဆရာတော်လည်း အဲဒီလို ရေစက်ချ တရားတွေ လိုက်ဟောနေတယ်။ အခုလည်း ဒီမှာ ရေစက်ချတရားဟောဖို့ပဲ ကျွန်တော်တို့ စီစဉ်တာ။ အခုတစ်နာရီလောက် အလိုကျတော့မှ တိုင်းသာသနာ ကိုယ်စားပြုတယ်ဆိုပြီး ဒီကနေ လာတားကြတာ"
ဒါကြောင့် ဟင်္သာတမြို့ခံတွေ အနေနဲ့ ရေစက်ချတရား မနာလိုက်ရဘူးလို့ ဆိုပါတယ်။ ဆရာတော် ဦးသုမင်္ဂလဟာ ခွင့်ပြုမိန့် မရပဲ မှော်ဘီမြို့က သူ့ကျောင်းမှာ တရားဟောမှုနဲ့ တရားဟောခွင့် ပိတ်ပင်ခံထားရတဲ့ ဆရာတော် ဖြစ်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။