Thursday, August 16, 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး သံဆူးကြိုးများ အခိုးခံရ


မြန်မာ အာဏာပိုင်များက ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေးအတွက် ကာရံထားသည့် နယ်စပ် ခြံစည်းရိုး ဘတ်ဝါယာ (သံဆူးကြိုး) များမှာ မသမာသူများ၏ ဖြတ်တောက် ခိုးယူခံရပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ မှောင်ခိုဈေးကွက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်ရိုးကို ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်း လေမူစရီ ကျေးရွာအနီးမှ မြင်ရပုံ (ဓာတ်ပုံ - ငြိမ်းချမ်း)
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ခြံစည်းရိုး ကာရံထားသည်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - Star)

သီလဝါစီးပွားရေးဇုန်တွင် ဂျပန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်မည် ဟုဆို


သီလဝါစီးပွားရေးဇုန်တွင် ဂျပန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်မည်ဟုဆို




နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက် ရှိသော သီလဝါအထူး စီးပွား ရေးဇုန်ကို မြန်မာနိုင်ငံမှ ပုဂ္ဂလိက လုပ်ငန်းရှင်နှင့် ဂျပန်နိုင်ငံမှ ကုမ္ပဏီတို့ ပူးပေါင်း၍ အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ စက်မှု လက်မှုနှင့် ကုန်သည်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်း အောင်က အတည်ပြု ပြောကြားသည်။

တိုက်တန်းနစ် 3D ဇာတ်ကား ဒဂုံ စင်တာ၂ တွင်ယခုလ ၁၇ ရက်နေ့တွင် ပြသမည်

တိုက်တန်းနစ် 3D ဇာတ်ကား ဒဂုံ စင်တာ၂ တွင်ယခုလ ၁၇ ရက်နေ့တွင် ပြသမည်







ကမ္ဘာကျော် ဒါရိုက်တာ ဂျိမ်းစ်ကမရွန် ရိုက်ကူးပြီး ကမ္ဘာတစ်ဝန်း တင် ဆက် ပြသခဲ့သော DRAMA AND ROMANCE ဆန်သော တိုက်တန်းနစ် ရုပ်ရှင် ဇာတ်ကားကို3D ဇာတ်ကားအဖြစ် ရန်ကုန်မြို့ ဒဂုံစင်တာ ၂ တွင် ယခုလ ၁၇ရက်နေ့တွင် စတင် ပြသတော့မည် ဖြစ်ကြောင်း မင်္ဂလာရုပ်ရှင် ကုမ္ပဏီ မန်နေဂျာတစ်ဦးက ပြောကြားသည်။

တိရစ္ဆာန် အသေကောင်များ တွေ့နေရသည့် စားအုန်းဆီ သိုလှောင်မှု အထူးကိုင် တွယ်မည်


စားအုန်းဆီ သိုလှောင်ကန် များအတွင်း မြွေ၊ ကြွက်နှင့် ဖား အသေများ ကိုတွေ့ရှိနေ ရကြောင်း ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးကျော်ထူး က ပြောသည်။ ''ကျွန်တော် တို့ သွားစစ်ဆေးတော့ ဆီသိုလှောင်ကန်တွေ အပြင် ဈေးကွက် ကို ဖြန့်ဖြူးတော့ ထည့်မယ့် ပီပါ ပုံးတွေက လည်း ဆေးကြော သန့်စင်ခြင်း မရှိဘဲ ထည့်သွင်း ဖြန့်ဖြူးနေ တာတွေ့ရှိခဲ့ရတယ်''ဟု ၄င်းက ပြောသည်။

၅၀၀ ကေဗွီ မဟာ ဓာတ်အားလိုင်း သုံးနိုင်ငံ၏ အကူ အညီဖြင့် ဆောက်လုပ်မည်


မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် အတွက် ၅၀၀ ကေဗွီ
မဟာ ဓါတ်အားလိုင်း တစ်ခုကို ဂျပန် ကိုရီးယားနှင့် ဆားဗီး ယား နိုင်ငံတို့ ၏အကူအညီဖြင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဦးဆောင် ညွှန်ကြားရေး တစ်ဦး ကပြောကြားသည်။

မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု ကမ္ဘာတွင် အနိမ့်ကျဆုံးဖြစ်ဟုဆို


တရားသူကြီး များ၏ အဂတိ လိုက်စားခြင်း အပါအဝင် ဖြောင့်မတ် မှန်ကန်မှု မရှိသော စီရင်မှု၊ လုပ်ဆောင်မှုများအပေါ် အရေးယူဆောင်ရွက်ရန် လိုအပ်သော အခြေခံဥပဒေတွင် တိကျစွာ ဖော်ပြ ထားသော အချက်အချို့မှအပ အခြားမည်သည့်အကြောင်းနှင့်မျှ အရေးယူဆောင်ရွက်၍ မရနိုင်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်း၍ ပြောကြားလိုက်သည်။

ဆေးဝါးအတု၊ ကြက်ဥအတု အပါအဝင် ပစ္စည်းအတုများအား စိစစ် အရေးယူမည်


ပြည်ပနိုင်ငံ များမှ နေ၍ မြန်မာနိုင်ငံ အတွင်း တရားမဝင် လိုင်စင်မဲ့ ကုန်ပစ္စည်း များနှင့် ကုန်ပစ္စည်း အတုများ ဝင်ရောက်နေသည့် အပေါ် အထူးကိစ္စ တစ်ရပ် အနေဖြင့် စစ်ဆေး ကြပ်မတ် အရေးယူ ဆောင်ရွက်ရန် ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင် စုကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများ သို့ ညွှန်ကြား ထားကြောင်း သိရသည်။

ရခိုင်တွင် ဘင်္ဂါလီများကို လူမျိုးတုံး သတ်ဖြတ်ဆိုသော စွပ်စွဲမှု မမှန်ဟု အမေရိကန် ရှင်းလင်း


ရခိုင်တွင် ဘင်္ဂါလီများကို လူမျိုးတုံး သတ်ဖြတ်ဆိုသော စွပ်စွဲမှု မမှန်ကန်ဟု အမေရိကန် ရှင်းလင်းရခိုင်ပြည်နယ် တွင် မြန်မာ အစိုးရက ဘင်္ဂါလီ ရိုဟင်ဂျာ များကို လူမျိုးတုံး အစုလိုက် အပြုံလိုက် သတ်ဖြတ်နေသည်ဆိုသော စွပ်စွဲချက် များနှင့် စပ်လျဉ်းပြီး အမေရိကန်ပြည်ထောင်စုက လုံးဝမဟုတ်မှန်သော သတင်းများဖြစ်သည်ဟု ပြောဆိုလိုက်ကြောင်း အမေရိကန်ပြည် ထောင်စုမှလာသော သတင်းများအရ သိရှိရသည်။

ရခိုင်ပဋိပက္ခ လာရောက် လေ့လာစုံစမ်းရန် အစ္စလာမ် OIC အဖွဲ့ကို မြန်မာအစိုးရ ဖိတ်ခေါ်


မူဆလင် ရိုဟင်ဂျာ တို့၏ အပြုအမှုနှင့် စပ်လျဉ်း၍ အုတ် အော်သောင်းသဲ အစပြု ဆန္ဒပြ ကန့်ကွက်မှုကို ရှုတ်ထွေး စေမည့် အားထုတ်မှု တစ်ရပ်အဖြစ် ဂိုဏ်းကဏ ရေးရာ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် တုန်လှုပ် ခြောက်ခြား ခဲ့ရသည့် မြန်မာနိုင်ငံ ကို အလည်အပတ် လာရောက်ရန် ဩဇာတိက္ကမရှိသော အစ္စလမ္မစ်အဖွဲ့တစ်ဖွဲ့ကို မြန်မာအစိုးရက ဖိတ်ကြားခဲ့သည်ဟု တရားဝင် သတင်းမီဒီယာတစ်ခုက သောကြာနေ့တွင် ထုတ် ဖော်ပြောဆိုခဲ့သည်။

ရခိုင်ကိစ္စပြေလည်မှ တိုင်းပြည်ဖွံ့ ဖြိုးရေး ရှေ့ဆက်နိုင်မည်ဟု သမ္မတပြော


ရခိုင်ကိစ္စပြေလည်မှ တိုင်းပြည်ဖွံ့ ဖြိုးရေး ရှေ့ဆက်နိုင်မည်ဟု သမ္မတပြော

ရခိုင်ဒေသ တည်ငြိမ် အေးချမ်းပြီး ပဋိပက္ခ ကိစ္စများ ပြေလည်နိုင် မှသာ တိုင်းပြည် ရှေ့ဆက် သွားနိုင်မည်ဟု သမ္မတ ဦးသိန်းစိန်က ပြော ကြားခဲ့ကြောင်း ရခိုင် တိုင်းရင်းသား တိုးတက်ရေးပါတီ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဖေသန်းက Venus News Weeklyသို့ ပြော ကြားသည်။

မြန်မာအစိုးရ ကူညီမှ မြန်မာအလုပ်သမား အရေး ပြေလည်မယ်


မေလက ထိုင်းနိုင်ငံ ဘန်ကောက် မြို့ မဟာချိုင် ဒေသမှာ ရှိတဲ့ မြန်မာ အလုပ်သမား တွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည် လာရောက်တွေ့ဆုံ စကားပြောသွားပြီး နောက်ပိုင်းမှာ ထိုင်း အာဏာပိုင်တွေရော၊ ထိုင်းနိုင်ငံသားတွေရော ဖမာ့(မြန်မာ)တွေအပေါ်မှာ ဆက်ဆံပုံ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပါတယ်။ အားကိုးရာ မဲ့နေတဲ့ မြန်မာအလုပ် သမားတွေဟာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာတယ်ဆိုရင်ပဲ အားကိုးတကြီး ကြိုဆိုကြတာ သတင်းတွေအရ တွေ့ကြ သိကြမှာပါ။

အထက်တန်းရှေ့နေ အမျိုးသမီးတစ်ဦး ကြမ်းပိုးသတ် ဆေးသောက် အဆုံးစီရင်


ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ် ၁၆ ရပ်ကွက်တွင် အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် အသက် ၃၈ နှစ်အရွယ် အထက်တန်းရှေ့နေ အမျိုးသမီး တစ်ဦး ကြမ်းပိုးသတ်ဆေး သောက်သုံး၍ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာထံမှသိရသည်။

ပုံစံတူ လူသတ်မှုကြောင့် ကျောက်ပန်းတောင်း ဒေသခံများ ထိတ်လန့်

မန္တလေးတိုင်း မြင်းခြံ ခရိုင် ကျောက်ပန်းတောင်း မြို့နယ် ထဲမှ ကျေးရွာ ၂ ရွာတွင် အမျိုးသမီး ၂ ဦး ပုံစံတူ သတ်ဖြတ် ခံခဲ့ရပြီးနောက် ကျောက်ပန်းတောင်း မြို့ပေါ်နှင့် ဒေသတွင်း ကျေးရွာနြေ ပည်သူများ စိုးရိမ်ထိတ်လန့် နေကြကြောင်း သတင်းရရှိသည်။
ကျောက်ပန်းတောင်မြို့၏ တောင်ဘက် ၆ မိုင်ခန့်အကွာ၌ ရှိသော ကြောင်ဒူး ကျေးရွာသူ အသက် ၆၉ နှစ်အရွယ် ဒေါ်သောင်း ဆိုသူနှင့် ယင်းကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ ရေထွက် ကျေးရွာတွင် အသက် ၅၆ နှစ်အရွယ် အမျိုးသမီး တဦးတို့သည် စိတ်မူမမှန်သူ တဦး၏ သတ်ဖြတ်ခံမှုမျိုးဖြင့် ပုံစံတူ သတ်ဖြတ် ခံခဲ့ရကြောင်း ယင်းအမှုများကို ကိုင်တွယ် ဆောင်ရွက်နေသော ရဲအရာရှိ များက ပြောသည်။

ပုသိမ်မြို့တွင် အဆိုးရွားဆုံး ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်၊ ဒါးကလမ်းပိုင်းမှာလည်း အခြေအနေ ဆိုးရွားလျှက်ရှိ


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ြမို့ရှိ ရပ်ကွက်အချိုတွင် ယခုလဆန်းပိုင်းမှစတင်ကာ င၀န်မြစ်ရေကြီးမှုကြောင့်   ရေဖုံးလွှမ်းမှုများဖြစ်ပေါ်နေပြီး ဒေသခံပြည်သူများ၏ နေရေး၊စားရေး၊သွားလာရေးများမှာ အခက်အခဲမျိုးစုံ ကြုံ တွေ့နေရကြောင်း သိရှိရသည်။

ပြည်တွင်းမိုဘိုင်းဖုန်းများ အာဆီယံနိုင်ငံများသို့ချိတ်ဆက်အသုံးပြုနိုင်ပြီဟု ဆက်သွယ်ရေးအတည်ပြု


မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းများအား အာဆီယံနိုင်ငံများတွင်သယ်ဆောင်အသုံးပြုနိုင်အတွက် ဆောင်ွက်လျှက်ရှိရာ လက်ရှိအချိန်တွင်ချိတ်ဆက်အသုံးပြုနိုင်ရန် အဆင့်သင့် အနေအထားသို့ရောက်ရှိနေပြီဖြစ်ကြောင်း    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

တိုင်းဒေသကြီး(၃)ခုတွင် ငါးမြစ်ချင်းခြစ် စားသုံးမှုစံချိန်တင်


န်ကုန်တိုင်းသားငါးကဏ္ဍတွင် ဈေးနူန်းသက်သာသောငါးမြစ်ချင်းခြစ်ဝယ်ယူစားသုံးမူ ဈေးကွက်မှာ ယခုနှစ်အတွင်း သိသိသာသာမြင့်မားလာပြီးမန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း အထိပါ ဈေးကွက်ကျယ်ပြန့်လာကြောင်းမြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က သိရှိရသည်။

ဘင်္ဂါလီဒုက္ခသည်စခန်းရောက် ဟိန္ဒူ(၉၈)ဦးအား စစ်တွေသို့ ပြန်လည်ပို့ဆောင်











ဘင်္ဂလီဒုက္ခသည်စခန်းသို့ရောက်ရှိသွားကြသည့် မီးဘေးသင့်ဟိန္ဒူဘာသာဝင် (၉၈)အားဦးကို သက်ဆိုင်ရာက စစ်တွေမြို့သို့ ယနေ့ (သြဂုတ်လ-၁၅)ရက်နေ့တွင်ပြန်လည်ပို့ဆောင်ပေးလိုက်ကြောင်း သတင်းရရှိသည်။

မြေနီကုန်းတွင် သမ္မတမိန့်ခွန်းအား ထောက်ခံဆန္ဒဖော်ထုတ်ခဲ့သူများ တရားစွဲခံရ


မြေနီကုန်း  UNHCR ရုံးရှေ့တွင် သမ္မတကြီးမိန့်ခွန်းကို အားပေးထောက်ခံဆန္ဒဖော်ထုတ်ခဲ့သူများမှ (၄)ဦးအား စမ်းချောင်းရဲစခန်းက ဥပဒေပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုခဲ့ရာ သြဂုတ်လ (၁၆)ရက်နေ့တွင် တရားလိုပြသက်သေ စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်း သိရသည်။

ရွှေပြည်သာနှင့် လှိုင်သာယာ လယ်သမားတို့ လျော်ကြေးရလို

ရန်ကုန် (မဇ္ဈိမ) ။       ။ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များရှိ အသိမ်းခံရသော လယ်မြေများအတွက် လယ်သမားများက လျော်ကြေး တဧကလျှင် သိန်း ၂၀၀ ရလိုကြောင်း အိုးအိမ်ဌာနသို့ တင်ပြ တောင်းဆိုသွားမည်ဟု လယ်သမားများအရေး ကူညီဆောင်ရွက်နေသူ ဦးဝင်းချိုက ပြောသည်။

ပုသိမ်တွင် ရေကြီး၍ ကျောင်း ၄၁ ကျောင်းပိတ်ထားရ

ရန်ကုန် (မဇ္ဈိမ) ။       ။ ရေကြီးဒဏ်ခံနေရသော ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှ စာသင်ကျောင်း ၄၁ ကျောင်းကို ဗုဒ္ဒဟူးနေ့မှ စတင်၍ ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်ဟု မြို့နယ်ပညာရေးမှုး ဦးကြင်သောင်းက မဇ္ဈိမကို တယ်လီဖုန်းမှတဆင့် ပြောသည်။

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်အေးမည်ဟု အကျိုးဆောင်များ ခန့်မှန်း

န်ကုန် (မဇ္ဈိမ) ။       ။ အိမ်ခြံမြေ အရောင်းအဝယ်လုပ်ရာတွင် ဝယ်ယူသူဘက်မှ ပေးဆောင်ရမည့် ရောင်းဝယ်ခွန်ကို တိုးမြင့်လိုက်ခြင်းကြောင့် လတ်တလော ဈေးကွက်တွင် အရောင်းအဝယ် နည်းပါးခြင်းမှာ နောက် သုံးလခန့် ဆက်ဖြစ်နေနိုင်ကြောင်း လုပ်ငန်းအကျိုးဆောင်များက ပြောသည်။

နယ်စပ်စခန်းနှစ်ခုတွင် စားသောက်ကုန် အရည်အသွေး ကြပ်မတ်မှု စတင်မည်

ရန်ကုန် (မဇ္ဈိမ) ။        ။ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နှင့် မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့များတွင် တင်သွင်းသည့် စားသောက်ကုန်များ၏ အရည်အသွေး ကြပ်မတ်စစ်ဆေးမှုများ ယခုနှစ် မကုန်မီ စတင်ပြုလုပ်သွားမည်ဟု ယင်းလုပ်ငန်း ဆိုင်ရာ အရာရှိတဦးက ပြောသည်။

ဈေးဝယ်ငွေထုတ် ကဒ်များ နောက်လထွက်မည်

ရန်ကုန် (မဇ္ဈိမ)။         ။ ဈေးဝယ်နိုင်ရန်နှင့် ဘဏ်များတွင် အပ်နှံထားသည့် ငွေများ ပြန်လည် ထုတ်ယူနိုင်ရန် MPU (Myanmar Payment Union) ဟု အမည်ပေးထားသည့် ကဒ်တမျိုးကို စက်တင်ဘာလအတွင်း စတင် အသုံးပြုနိုင်
တော့မည်ဟု အာရှိ စိမ်းလန်းစိုပြေရေးနှင့် ဖွံ့ဖြိုးမှုဘဏ် (AGB) ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးရဲမင်းဦးက မဇ္ဈိမကို ပြော သည်။

 ရခိုင်နှင့် ကချင်ပြည်နယ်များရှိ အချို့ဒေသများတွင် လုံခြုံရေးနှင့် ရာသီဥတု အခြေအနေများကြောင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခြင်း မရှိသေးဟုဆို



5204
5204ရခိုင်ပြည်နယ် မောင်တောမြို့အတွင်း ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်း တစ်ခုအတွင်းရှိ ကလေးငယ်များ
ဓာတ်ပုံ - ၀င်းမောင် (မောင်တော)
ကိုယ်ဝန်ဆောင် မိခင်များ အပါအ၀င် ငါးနှစ်အောက် ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးရေး အတွက် သြဂုတ်လ တစ်လလုံးအား ရက်သတ္တပတ်များ သတ်မှတ်၍ တစ်နိုင်ငံလုံး ဆောင်ရွက်လျက်ရှိရာ ရခိုင်နှင့်ကချင် ပြည်နယ်များရှိ အချို့ဒေသများတွင် လုံခြုံရေးနှင့် ရာသီဥတုအခြေအနေ များကြောင့် ရာနှုန်းပြည့်လုပ်ဆောင် နိုင်ခြင်းမရှိသေးကြောင်း ‘အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှား မှုသတင်းစာရှင်းလင်းပွဲ’ တွင် ပြောကြားချက်များအရ သိရသည်။

 တရုတ်နိုင်ငံတွင်း ရောက်နေသော ကချင်ပြည်နယ်မှ စစ်ဘေးရှောင် တိုင်းရင်းသား ၄၀၀၀ ကျော်ကို ယခုလအတွင်း တရုတ်အစိုးရက ပြန်လည်ထွက်ခွာ စေတော့မည်ဟု သိရ



တရုတ်နိုင်ငံအတွင်းသို့ ထွက် ပြေးတိမ်းရှောင်နေသော ကချင်ပြည် နယ်မှ စစ်ဘေးရှောင်တိုင်းရင်းသား ဦးရေ ၄၀၀၀ ကျော်အား ယခုလ အတွင်း တရုတ်အစိုးရက ပြန်လည် ထွက်ခွာစေတော့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံတွင်းရှိ ကယ်ဆယ်ရေး စခန်းအချို့တွင် ရောက်ရှိနေသော လူမှုကူညီရေး လုပ်ဆောင်နေသူအချို့ ထံမှ သိရှိရသည်။

 ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်ဇုန်၊ ရှော့ပင်းမောလ် လုပ်ငန်းများတွင် ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်စသော ပြည်ပနိုင်ငံများမှ ရင်းနှီးမြှပ်နှံမှုပြုလုပ်ရန် လာရောက်လေ့လာ ဆွေးနွေးမှုများရှိနေ



5202
ရန်ကုန်မြို့ရှိ ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသော Sedona Hotel
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်ဇုန်၊ ရှော့ပင်းမောလ်စသော လုပ်ငန်းများတွင် ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်စသော ပြည်ပနိုင်ငံများမှ ရင်းနှီးမြှပ်နှံမှု ပြု လုပ်ရန် လာရောက်လေ့လာ ဆွေးနွေး မှုများရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိ သည်။

 ဗွီအိုအေအသံလွှင့်ဌာနမှ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် သီးခြားတွေ့ဆုံမေးမြန်းမှု


အမေရိကန်နိုင်ငံအခြေစိုက် ဗွီအိုအေအသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်မှ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် သီးခြားတွေ့ဆုံပြီး အင်တာဗျူးပြုလုပ်ခဲ့သည့် အမေးအဖြေကဏ္ဍအား ပြန်လည် ဖော်ပြအပ်ပါသည်။ရခိုင်ပြည်နယ်က အရေးအခင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ သီးသန့်တွေ့ဆုံ မေးမြန်းထားခြင်းဖြစ်ပါသည်။

 နိုင်ငံတော်၏ကံကြမ္မာသည် ငြိမ်းချမ်းရေးရရှိမှု၊ မရရှိမှုအပေါ်တွင် လုံးဝမူတည်နေကြောင်း ဒုတိယသမ္မတ ပြောကြား



5209
ဒုတိယသမ္မတက ကော်မတီအဖွဲ့ဝင်များအား နှုတ်ဆက်နေစဉ် ဓာတ်ပုံ နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်
ပကတိအခြေအနေအရ နိုင်ငံတော်၏ ကံကြမ္မာသည် ငြိမ်းချမ်းရေး ရရှိမှု၊ မရရှိမှုအပေါ်တွင် လုံးဝမူ တည်နေသော သဘောပါရှိနေသည့် အတွက် ငြိမ်းချမ်းရေးကို မည်သို့ပင် ဖြစ်စေရအောင် ယူမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးမှလွဲပြီး အခြားရွေးစရာ လမ်းမရှိ ဖြစ်နေပါကြောင်းဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက သြဂုတ်လ ၁၂ ရက်နေ့က ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံသားဥပဒေကို အသစ်ရေးဆွဲပြဋ္ဌာန်းပြီး လက်ရှိ မြန်မာနိုင်ငံသား ဥပဒေ(၁၉၈၂ ခုနှစ်) အား ပယ်ဖျက်သင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လက်ခံဆွေးနွေးရန် အမျိုးသားလွှတ်တော် သဘောတူ



5208
လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြ လွှတ်တော်၌ အဆိုတင်သွင်းနေစဉ် ဓာတ်ပုံ စိုးမင်းထိုက်
မြန်မာနိုင်ငံသားဥပဒေကို အသစ်ရေးဆွဲပြဋ္ဌာန်းပြီး လက်ရှိ မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၄)အား ပယ်ဖျက်သင့်ကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လက်ခံဆွေးနွေးရန် အမျိုးသားလွှတ်တော်က သြဂုတ်လ ၁၃ ရက်နေ့က သဘောတူခဲ့သည်။

 ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဌာနချုပ် ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ


5207
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဌာနချုပ်ရုံးခန်း ဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို သြဂုတ်လ ၁၅ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့ နယ် ၅ရပ်ကွက်၊ အမှတ် ၂၆၊ကိုးမိုင် ပြည်လမ်းနှင့် စော်ဘွားလမ်းထောင့်တွင် ကျင်းပခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ တရားစီရင်ရေးဆိုင်ရာ တိုင်စာများ၊ လယ်ယာမြေ သိမ်းဆည်းခံရမှု တိုင်စာများ စတင်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရ

ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီသို့ တရားစီရင်ရေးဆိုင်ရာ တိုင်စာများ၊ လယ်ယာမြေ သိမ်းဆည်းခံရမှု တိုင်စာများ စတင်ရောက်ရှိလာပြီ ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က သြဂုတ်လ ၁၃ ရက်နေ့က ပြောကြားခဲ့သည်။

မန္တလေး သံဃာအပါး ၃၀၀ ကျော်ကို အဓမ္မ ဖယ်ရှားခိုင်း



2012-08-14
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်မှာရှိတဲ့ ၀ါခင်းကုန်း ဣစာသယ ပရိယတ္တိ စာသင်တိုက်က စာသင်သံဃာအပါး (၃၀၀) ကျော်ကို မြို့နယ်သံဃနာယက အဖွဲ့က ကျောင်းတိုက်ကနေ အဓမ္မ ဖယ်ရှားခိုင်းနေတဲ့အတွက် ကျောင်းနေသံဃာတော်တွေ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ တိုက်အုပ်ဆရာတော် ဦးကောသလ္လက RFA ကို မိန့်ကြားပါတယ်။

အလုပ်သမားခေါင်းဆောင်၂ ဦး ထုတ်ပယ်ခံရ



2012-08-14
ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး အလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေး ဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့တဲ့ ကိုမျိုးဇော်ထွန်းနဲ့ မိမိတို့ ၂ ဦးကို Essar ကုမ္ပဏီက ဒီကနေ့ အလုပ်က ထုတ်ပယ်လိုက်တယ်လို့ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုထွန်းသိန်းက RFA ကိုပြောပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်က စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်း အလုပ်သမားများ လုပ်ခလစာတွေ တိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုနေစဉ်။

မြန်မာအစိုးရကို OIC တိုက်တွန်း



2012-08-14
မြန်မာနိုင်ငံတွင်းရှိ လူမျိုး ဘာသာအားလုံးအတွက် အကျုံးဝင်မယ့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ နာလန်ထူရေး မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ မြန်မာ အစိုးရကို အစ္စလာမ် ဘာသာဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က တိုက်တွန်း လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်က စစ်တွေမြို့ရှိ ဒုက္ခသည်စခန်း၌ တူရကီ နိုင်ငံခြားရေး ၀န်ကြီးနှင့်အဖွဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်များနှင့် တွေ့ဆုံနေစဉ်။

အစိုးရနဲ့ ကေအိုင်အေ နှစ်ဖက်လုံး လူ့အခွင့်အရေး ဖောက်ဖျက်



2012-08-14
အစိုးရနဲ့ ကေအိုင်အေ နှစ်ဖက်လုံးက တပ်ဖွဲ့တွေဟာ ကချင်ပြည်နယ် ဒေသခံ လူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
RFA
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ ဖြစ်ပါသည်။

NLD (နေပြည်တော်) ရုံးခန်းဖွင့်ပွဲကျင်းပ



2012-08-15
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းက နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နေပြည်တော် ရုံးခန်းဖွင့်ပွဲကို တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် NLD ရုံးခန်းဖွင့်ပွဲတွင် မိန့်ခွန်းပြောနေစဉ်။

ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ဒုတိယ သမ္မတ ဖြစ်ပြီ



2012-08-15
လစ်လပ်နေတဲ့ ဒုတိယ သမ္မတ (၁) အဖြစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒီကနေ့ ခန့်အပ်လိုက်ပါတယ်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ် တင်မြှောက်ခံရတဲ့ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းဟာ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဒုတိယ သမ္မတ (၁) အဖြစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်။