Thursday, August 16, 2012

ရခိုင်ပဋိပက္ခ လာရောက် လေ့လာစုံစမ်းရန် အစ္စလာမ် OIC အဖွဲ့ကို မြန်မာအစိုးရ ဖိတ်ခေါ်


မူဆလင် ရိုဟင်ဂျာ တို့၏ အပြုအမှုနှင့် စပ်လျဉ်း၍ အုတ် အော်သောင်းသဲ အစပြု ဆန္ဒပြ ကန့်ကွက်မှုကို ရှုတ်ထွေး စေမည့် အားထုတ်မှု တစ်ရပ်အဖြစ် ဂိုဏ်းကဏ ရေးရာ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် တုန်လှုပ် ခြောက်ခြား ခဲ့ရသည့် မြန်မာနိုင်ငံ ကို အလည်အပတ် လာရောက်ရန် ဩဇာတိက္ကမရှိသော အစ္စလမ္မစ်အဖွဲ့တစ်ဖွဲ့ကို မြန်မာအစိုးရက ဖိတ်ကြားခဲ့သည်ဟု တရားဝင် သတင်းမီဒီယာတစ်ခုက သောကြာနေ့တွင် ထုတ် ဖော်ပြောဆိုခဲ့သည်။

ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးနှင့် ရိုဟင်ဂျာတို့အကြား အကြမ်းဖက်တိုက်ခိုက်မှုအား စုံစမ်းစစ်ဆေးရန် တိုက်တွန်း ထားသော ကမ္ဘာ့အကြီးဆုံး မူဆလင်အုပ်စုဖြစ်သည့် ဆော်ဒီ အခြေစိုက် “အစ္စလမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့” အလည် အပတ်ရောက်မည်ကိုကြိုဆိုပါကြောင်း အဆိုပါပြဿနာ အပေါ် ပြေငြိမ်းလိုသောဆန္ဒရည်ရွယ်ချက်ဖြင့် သမ္မတကြီး ဦးသိန်းစိန်က ထုတ်ဖော် ပြောဆိုခဲ့သည်။
အိုအိုင်စီ ခေါ် “အစ္စလမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့” အတွင်းရေးမှူးသည် ရခိုင်ဒေသရှိ ဖြစ်ရပ်မှန်ကို သက်သေခံ သိရှိနိုင်မည်ဟု မိမိယုံကြည်မျှော်လင့်ကြောင်း နှစ်ဖက်စလုံးရှိ အိမ်ရာ ပစ်ပြေးလာကြသည့်သောင်းနှင့်ချီသော ပြည်သူ လူထုကို စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများလည်းပေးထားပါ ကြောင်း သမ္မတကြီးက ထုတ်ဖော်ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် The New Light of Myanmar သတင်းစာက ဖော်ပြခဲ့သည်။
၎င်းစာရင်းအရ နှစ်ဖက်စလုံးမှ အသေအပျောက် ၇၇ ဦးသာ ရှိသည်ဟုဆိုသည်။ ရာနှင့်ချီသောနိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းနှင့် မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါလီမန်သို့ ရွေးကောက်တင် မြှောက်နိုင်ရေးအပါအဝင် သမ္မတကြီး ဦးသိန်းစိန်ဆောင်ရွက် နေသည့်ပြုပြင်ပြောင်းလဲရေး ကျယ်ကျယ်ပြန့်ပြန့်မြှင့်တင်နေမှု အပေါ် အဆိုပါသွေးစွန်းသောကိစ္စသည် အနုတ်လက္ခဏာ အရိပ်သဖွယ်မိုးနေသည်။
မူဆလင်များအရေးနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂက ကြောက်ရွံ့စရာကောင်းသည့်နှိမ့်နှင်းမှုဟု ဖော်ပြလိုက်ပြီးနောက် တွင် ရခိုင်ဒေသရှိ လုံခြုံရေးတပ်ဖွဲ့များက နှိပ်စက်ညှင်းပန်း သည် ဆိုသည့် စွပ်စွဲချက်ကိုမြန်မာအစိုးရက ပယ်ချခဲ့သည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။