Thursday, August 16, 2012

 ရခိုင်နှင့် ကချင်ပြည်နယ်များရှိ အချို့ဒေသများတွင် လုံခြုံရေးနှင့် ရာသီဥတု အခြေအနေများကြောင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခြင်း မရှိသေးဟုဆို



5204
5204ရခိုင်ပြည်နယ် မောင်တောမြို့အတွင်း ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်း တစ်ခုအတွင်းရှိ ကလေးငယ်များ
ဓာတ်ပုံ - ၀င်းမောင် (မောင်တော)
ကိုယ်ဝန်ဆောင် မိခင်များ အပါအ၀င် ငါးနှစ်အောက် ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးရေး အတွက် သြဂုတ်လ တစ်လလုံးအား ရက်သတ္တပတ်များ သတ်မှတ်၍ တစ်နိုင်ငံလုံး ဆောင်ရွက်လျက်ရှိရာ ရခိုင်နှင့်ကချင် ပြည်နယ်များရှိ အချို့ဒေသများတွင် လုံခြုံရေးနှင့် ရာသီဥတုအခြေအနေ များကြောင့် ရာနှုန်းပြည့်လုပ်ဆောင် နိုင်ခြင်းမရှိသေးကြောင်း ‘အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှား မှုသတင်းစာရှင်းလင်းပွဲ’ တွင် ပြောကြားချက်များအရ သိရသည်။

“အခုပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ရပ်မထားဘဲ သက်ဆိုင်ရာဒေသ တွေမှာရှိတဲ့ ကျန်းမာရေး ၀န်ထမ်းတွေက လုပ်ပေးနေပါတယ်။  လိုအပ်တဲ့ပစ္စည်းတွေကိုလည်း ကျန်းမာရေး ဌာနတွေအနေနဲ့လည်း ချန်ထားတာမျိုးမရှိပါဘူး။ ဒါပေမဲ့ တချို့နေရာ တွေက camp တွေ၊ တချို့နေရာတွေက လတ်တလော အခြေအနေအရ ပေးမသွားတဲ့နေရာတွေ ပြီးတော့ ရာသီဥတု အခြေအနေကြောင့် သွားဖို့အခက် အခဲရှိတဲ့နေရာတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ကတော့ လိုအပ်တဲ့ဆေးဝါးမှန်သမျှကို ခွဲတမ်းအလိုက် အားလုံးပေးထားပြီးတော့ သူ့ဒေသအလိုက် ပြည်နယ်တိုင်းဦးစီးဌာနမှူး တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါ တယ်။ အခုချိန်မှာတော့ မြို့နယ် ကျေးရွာအားလုံးမှာတော့ ရာနှုန်းပြည့် မလုပ်ဆောင်နိုင်သေးပါဘူး” ဟု အမျိုးသားအာဟာရဖွံ့ဖြိုးရေးနှင့်သုတေ သနဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထင်လင်းက အဆို ပါပွဲတွင် ပြောကြားခဲ့သည်။
သြဂုတ်လတစ်လလုံးအား ရက်သတ္တပတ်များ သတ်မှတ်၍ လုပ်ဆောင်ရာတွင် ပထမပတ်၌ မိခင် နို့တိုက်ကျွေးရေး၊ ဒုတိယပတ်၌ ငါးနှစ်အောက်ကလေးများ အာဟာရဖွံ့ဖြိုး ရေး၊ တတိယပတ်၌ ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုး ရေးနှင့် စတုတ္ထပတ်၌ အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေးလုပ်ငန်းများအား လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ ရက်သတ္တပတ်များ သတ်မှတ် လုပ်ဆောင်ရာတွင် မွေးစ မှ ခြောက်လအထိ မိခင်နို့တစ်မျိုး တည်းသာ တိုက်ကျွေးရန်၊ ဗီတာမင် အေဆေးလုံးတိုက်ကျွေးခြင်းလုပ်ငန်း လွှမ်းခြုံမှုမြင့်မားလာစေရန်၊ အသက် နှစ်နှစ်မှ ငါးနှစ်အောက်ကလေးများ၊ မူလတန်းကျောင်းသား အရွယ်ကလေး များနှင့်ကိုယ်ဝန်သုံးလအထက်အမျိုး သမီးများအား သန်ချဆေးတိုက်ကျွေးခြင်း လွှမ်းခြုံမှုမြင့်မားလာစေရန်၊ သံဓာတ်ဆေးပြား သောက်သုံးခြင်း ၏အကျိုးကျေးဇူးကို အမျိုးသမီး များပိုမိုနားလည်သဘောပေါက်လာ စေရန်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် နို့တိုက်မိခင်များ ဗီတာမင် ဘီ-၀မ်းအရေးပါပုံ ပိုမိုနားလည်ပြီး လိုလိုလားလား သောက်သုံးကြစေရန်၊ အရည်အသွေးပြည့်မီသောအိုင်အိုဒင်း ဆားထုတ်လုပ်စားသုံးမှု အရှိန်အဟုန်ကို မြှင့်တင်ရန်နှင့် အသက်အရွယ် အလိုက် အာဟာရပြည့်ဝမျှတစွာ စားသောက်တတ်သည့် ဓလေ့ပိုမိုထွန်း ကားလာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။