Thursday, August 16, 2012

မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု ကမ္ဘာတွင် အနိမ့်ကျဆုံးဖြစ်ဟုဆို


တရားသူကြီး များ၏ အဂတိ လိုက်စားခြင်း အပါအဝင် ဖြောင့်မတ် မှန်ကန်မှု မရှိသော စီရင်မှု၊ လုပ်ဆောင်မှုများအပေါ် အရေးယူဆောင်ရွက်ရန် လိုအပ်သော အခြေခံဥပဒေတွင် တိကျစွာ ဖော်ပြ ထားသော အချက်အချို့မှအပ အခြားမည်သည့်အကြောင်းနှင့်မျှ အရေးယူဆောင်ရွက်၍ မရနိုင်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်း၍ ပြောကြားလိုက်သည်။

တရားသူကြီးများကို အကာ အကွယ်ပေးမှုများ လွန်စွာများပြား နေသောကြောင့် အရေးယူရန် အခွင့် အလမ်းမရှိသလောက်ဖြစ်ကြောင်း လည်းတွေ့ရှိရမှာ ဖြစ်ပါတယ်”ဟု ၄င်းကဆိုသည်။
ကော်မတီဥက္ကဋ္ဌ သူရဦးအောင် ကို၏ အစီရင်ခံစာတင်ပြချက်များ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ဒီမိုကရေစီ အင်အားစု များက ထောက်ခံရန်ပြင်ဆင်နေပြီ ဖြစ်ကြောင်းပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးမင်းသူကပြောသည်။ “ဥပဒေအရ လုပ်ပိုင်ခွင့်အာ ဏာ အကန့်အသတ်ထက် ကျော် လွန်လုပ်ဆောင်ခြင်းမျိုးကို တရား သူကြီးတွေကမလုပ်ဖို့ တကယ့်ကို ထိထိရောက်ရောက် ပြောတာ”ဟု ၄င်းကဆိုသည်။
ဒီမိုကရေစီ နိုင်ငံများတွင် တရားသူကြီးများကို ဥပဒေမျက်နှာ သာကြည့်ရန်၊ ဖြောင့်မတ်မှန်ကန်စွာ နှင့် လွတ်လပ်စွာစီရင်ဆောင်ရွက် နိုင်ရန် ၄င်းတို့၏ ရာထူးသက်တမ်းနှင့် လုပ်ပိုင်ခွင့်အာဏာကို အခြေခံ ဥပဒေက အတိအကျ ပြဋ္ဌာန်းပေး ထားကြောင်း သူရဦးအောင်ကိုက ပြောသည်
။ “ယနေ့မြန်မာနိုင်ငံကို တရား ဥပဒေစိုးမိုးမှု အနိမ့်ကျဆုံးနိုင်ငံများ စာရင်းမှာ ကမ္ဘာက ထည့်သွင်း ထားပါတယ်။ တရားစီရင်ရေး မဏ္ဍိုင်ဟာ အဂတိတရားများ ဖုံး လွှမ်းနေဆဲဖြစ်ကြောင်း ပြည်တွင်း ပြည်ပကလည်း ကျယ်လောင်စွာ အော်ဟစ်နေကြပါတယ်။ယိမ်းယိုင် တိမ်းစောင်းနေတဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို လွှတ်တော်သက်တမ်း တစ်ခု သို့မဟုတ် နှစ်ခု သတ်မှတ် ကာလတစ်ခုအတွင်းမှာ ဖြောင့်မတ် ကြံ့ခိုင်လာဖို့ဆိုရင်တော့ လက်တွေ့ ကျမယ့် နည်းလမ်းသုံးခုကို အကြံ ပြုတင်ပြလိုပါတယ်”ဟု ၄င်းက ဆို သည်။
ပထမနည်းလမ်းတွင် တရား သူကြီး၊ တရားရေး အရာရှိများကို လုပ်သက် အဓိကမဟုတ်ဘဲ ဖြောင့် မတ်မှန်ကန်မှု၊ လူထုအပေါ် မေတ္တာထားမှုတို့ကို အဓိက ထားစဉ်းစား ရန်နှင့် တရားလွှတ်တော် အဆင့်များတွင် သီလ၊ သမာဓိ၊ ပညာ ပြည့်စုံသော ပြည်ပ ပညာရှင်များကို ထည့်သွင်းဖွဲ့စည်းခြင်း၊ ဒုတိယ အဖြစ် ပြည်သူ့ အကျိုးစီးပွားကို ကြည့်သောပြည်သူ့ကိုယ်စားလှယ် များကို တရားလွှတ်တော်အဆင့် တွင် ဖွဲ့စည်းပေးရန်နှင့် တတိယ နည်းလမ်းမှာ ဂျာမနီနိုင်ငံကို ဥပမာပေးကာ အဆိုးရွားဆုံး တရားစီရင် ရေးစနစ်မှ ကမ္ဘာ့အကောင်းဆုံး တရားစီရင်ရေးစနစ်သို့ ရောက်ရှိ လာပုံတို့နှင့် ထောက်ပြကာ မြန်မာ နိုင်ငံတွင်လည်း လုပ်ဆောင်ရန် အကြံပြုတင်ပြသွားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။