Sunday, April 29, 2012

မေလကစ၍ Y-talk နှုန်းထားလျော့ချကောက်ခံသွားရန်စီစဉ်

မေလကစ၍ Y-talk နှုန်းထားလျော့ချကောက်ခံသွားရန်စီစဉ်



Y-talk Calling စနစ်သုံးစွဲခနှုန်းထားများနှင့်ပတ်သက်၍ မေလပထမပတ်မှ စတင်ပြီး လျှော့ချကောက်ခံ သွားမည်ဖြစ်ကြောင်း VMG Telecoms Co.Ltd က သိရှိရသည်။

“လက်ရှိ VOIP ဖုန်းခေါ်ဆိုခ မြင့်မားနေလို့ပါ။ ဒါကိုလည်း လျှော့ချဖို့ ဆက်သွယ်ရေးကို စာတင်ထားပါတယ်။ ခွင့်ပြု၊ မပြုဆိုတာကိုတော့ အခုထိ မသိရသေးဘူး။ ကုမ္ပဏီဘက်ကတော့ လျှော့ချဖို့ ရှိတယ်”ဟု VMG Telecoms Co.,Ltd  တာဝန်ရှိသူက ပြောသည်။
လက်ရှိအချိန်တွင် Y-talk သုံးစွဲခနှုန်းထားများမှာ p-fingo သုံးစွဲခ နှုန်းထားများထက် အနည်းငယ်များ နေကြောင်သိရှိရသည်။
 “ကိုယ်ပိုင်သုံးစွဲချင်တဲ့သူတွေအတွက်တော့ Y-talk Calling စနစ်မှာ Solfwareကို ကိုယ်တိုင် Download လုပ်ခွင့်မရှိသေးဘဲ သုံးစွဲမယ်ရင် သုံးစွဲပုံအဆင့်အတိုင်း လုပ်ရမှာဖြစ်တယ်၊ဆိုင်မှာဆိုရင်တော့ လုပ်ပြီးသား အဆင်သင့်ဖြစ်လို့ ပိုအဆင်ပြေမယ်” ဟု VMG Telecoms Co.,Ltd  တာဝန်ရှိသူက ပြောကြားသည်။
အချို့ အင်တာနက်ဆိုင်တွေမှာ အသုံးပြုနေသည့် နိုင်ငံခြားဖုန်းခေါ်ဆိုနိုင်သော Pfingo အနေဖြင့် Software များအား ကိုယ်တိုင် download ပြုလုပ်နိုင်ပြီး သုံးစွဲသူ အနေဖြင့် password ရှိပါက သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ဖုန်းခေါ်ဆိုသည့် Y-talk စနစ် ဖုန်းခေါ်ဆိုခမှာ ဆက်သွယ်သည့် နိုင်ငံအပေါ် မူတည်၍ တစ်မိနစ်လျှင် ကျပ် ၁၅၀ မှ ကျပ် ၃၀၀ အထိ ရှိပြီး တရားမဝင်ခေါ်ဆိုသည့် စနစ်မှာ နိုင်ငံအပေါ်မူတည်၍ တစ်မိနစ် ကျပ် ၁၀၀ ၀န်းကျင်သာ ကုန်ကျလျက် ရှိကြောင်း သိရသည်။
 Y-talk ဖုန်းခေါ်ဆိုနိုင်သည့် စနစ်အား အင်တာနက်ဆိုင်များတွင်သာ သုံးစွဲခွင့်ပေးထားသည်။ ယင်းသို့ သုံးစွဲခွင့်ပေးရာတွင်လည်း VOIP ဆော့ဖ်ဝဲလ် ထည့်သွင်းထားသည့်ဆိုင်တွင်သာ အသုံးပြုနိုင်ပြီး ရန်ကုန်-မန္တလေးမြို့ကြီးနှစ်မြို့တွင်သာ အသုံးပြုနိုင်သေးကြောင်းသိရသည်။
Y-talk ဖုန်းခေါ်ဆိုသည့် စနစ်အား VMG TELECOMS ရတနာပုံတယ်လီပို့၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့မှ အကျိုးတူ ပူးပေါင်းဝန်ဆောင်မှုပေးနေကြောင်း သိရသည်။


ဥာဏ်ဥာဏ် (မြစ်မခ)
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။