Sunday, April 29, 2012

မကွေးမြိ့  Green Luck ဓါတ်ဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား၊လူတစ်ဦးသေဆုံး

၂၀၁၂၊မတ်လ(၂၈)ရက်၊ညနေ(၆း၀၅) နာရီတွင် မကွေးမြို့ ASIA WORLD Co.,Ltd ပိုင် Green Luck စက်သုံးဆီအရောင်းဆိုင်တွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ယင်းမီးလောင်မှုတွင် ဦးကျောက်ခဲ(ခ)ဦးမောင်ပု၊၈/မကန(နိုင်)၁၈၅၁၈၈ (ဘ)ဦးဘဆန်း၊ချမ်းမြေ့သာယာရပ်ကွက်(ဂ)အုပ်စု၊၅-လမ်း၊မကွေးမြို့ (သ) ၅၉ နှစ်ရှိ သန့်ရှင်းရေးဝန်ထမ်း ခန္ဓာကိုယ်အားမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

သို့သော် ဆိုင်တာဝန်ရှိသူများသည် မကွေးမြို့ Green Luck ဓါတ်ဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးမီးလောင်မှုကိုဖုံးဖိလိုသဖြင့် ဦးကျောက်ခဲအား ကြိတ်၍ မီးငြိမ်းသတ်ပြီး ည(၉း၃၀)အချိန်ခန့်မှ မည်သည့်ဆေးခန်း၊ပုဂ္ဂလိကဆေးရုံများမှ လက်မခံသဖြင့် မကွေးပြည်သူ့ဆေးရုံကြီးသို့ ဦးကျောက်ခဲဧ။် မူရင်းလိပ်စာကို လိမ်ညာပြီး တပင်ရွာ၊မင်းဘူးဟု လိပ်စာလိမ်လည်ပြီးတင်ပို့ခဲ့ပါတယ်။
သို့သော် မီးလောင်မှုအား မီးလန့်မှုသဘောမျိုးအမှုမဖွင့် ဆေးစာမယူဘဲ ဆေးကုသခဲ့ကြပါတယ်။
 ထိုသို့အကြောင်းအအရာများကို တာဝန်သိလူငယ်များမှ သိရှိf၍ သွားရောက်ကြည့်ရှု့ခဲ့သော်လည်း မလိုအပ်ကြောင်း၊ဘာမှမဖြစ်ကြောင်း အားလုံးသော အာဏာပိုင်အဖွဲ့အစည်းများနှင့် ပြေလည်ပြီးဖြစ်ကြောင်း ဆိုင်တာဝန်ခံများမှ ပြောဆိုငေါက်ငမ်းလွှတ်ခဲ့ကြပါတယ်
၂၀၁၂၊ဧပြီလ (၂၃)ရက်၊ည (၁၁း၄၀)အချိန်ခန့်တွင် ဦးကျောက်ခဲ(သ)၅၉ နှစ်မှာ မီးလောင်မှု ဝေဒနာများဖြင့် မကွေးပြည်သူ့ဆေးရုံကြီးပေါ်တွင် သေဆုံးသွားခဲ့ပါတယ်။၂၃.၄.၂၀၁၂ ညတွင် သေဆုံးသော်လည်း ၂၄.၄.၂၀၁၂နေ့အထိ အမှုဖွင့်အရေးယူထားခြင်းမရှိပါ။(၂၅) ရက် နေ့လည် (၁၁း၃၀) အချိန်မှ မြို့နယ်မှူး၊စခန်းမှူး၊ဒုရဲအုပ် များလာရောက်စစ်ဆေးခဲ့ပါတယ်။
Green Luck စက်သုံးဆီဆိုင် တာဝန်ရှိသူများသည် ဦးကျောက်ခဲဧ။် ဇနီးအား လိမ်ညာချော့မော့ပြီးအမှု မဖွင့်လိုကြောင်း အတင်းအကြပ်လက်မှတ်ရေးထိုးစေခဲ့ပါတယ်။အကြောင်းအရာများတွင် ASIA WORLD ၀န်ထမ်းများသည် အထက်အာဏာပိုင်အဖွဲ့အစည်းများကိုပိုင်လျှင် သာမာန်ဆင်းရဲသား၊ပညာမတတ်သောလူများ၊၀န်းထမ်းများ၊လူပုဂ္ဂိုလ်များဧ။် အသက်တစ်ချောင်းကိုပင်လျှင် တရားဥပဒေကို မထီမဲ့မြင်ပြုကာ ငွေပေးဖုံးကွယ်ပြီးရနိုင်သည်ဟု ယူဆပြီး လုပ်ဆောင်ခဲ့ပါသည်။ 
မကွေးမြို့ရဲတပ်ဖွဲ့များမှလည်း အမှုအား မသိကျိုးကျွံပြုကာ သေဆုံးပြီးမှ အမှုဖွင့်အရေးယူပါသည်။မကွေးပြည်သူဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန်ကြီး ဦးကျော်ကျော်နှင့်တာဝန်ကျဆရာဝန်များသည်လည်း မီးလောင်မှုဖြစ်သော ဦးကျောက်ခဲအား ရဲဆေးစာမပါဘဲ လူသားချင်းရိုင်းပင်းကူညီကာ ကုသပေးခဲ့ပါတယ်။
 သေဆုံးကြောင်းဆေးစာတွင်လည်း ဦးကျောက်ခဲဧ။် အသက်အား (၅၉)နှစ်အစား (၇၅)နှစ်ဟု မှားယွင်းရေးသားထားကြပါတယ်။ယခုကဲ့သို ကိစ္စရပ်များ နောက်နောင်မဖြစ်ပေါ်စေ ရန် နိုင်ငံတော်အကြီးအကဲများ၊သက်ဆိုင်ရာဌာနမှတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အများပြည်သူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။
Myanmar News Now



No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။