Sunday, April 29, 2012

လင်းလင်းအပါအ၀င် ဒီချုပ်ကိုယ်စားလှယ်များ သြစတေးလျနိုင်ငံသို့ထွက်ခွာ

လင်းလင်းအပါအ၀င် ဒီချုပ်ကိုယ်စားလှယ်များ သြစတေးလျနိုင်ငံသို့ထွက်ခွာ



 










သြစတေးလျနိုင်ငံ အလုပ်ရုံဆွေးနွေးပွဲသို့  လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၊ ပုဗ္ဗသီရိမြို့နယ်   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊



ဒက္ခိဏသီရိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းနှင့် အဆိုတော် လင်းလင်းတို့ ယနေ့ မနက် ဧပြီ ၂၈ ရက်နေ့ ရန်ကုန်မှ ထွက်ခွာ သွားခဲ့ကြောင်း သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်တာပါ။ ဒေါ်စုက လူရွေးပြီးတော့ လွှတ်တာပါ။ အလုပ်ရုံ ဆွေးနွေးပွဲမှာ (၅)ရက် သင်တန်းတက်ရမယ်။ ပြီးတော့ သြစတေးလျ လွှတ်တော်ကို သွားပြီးလေ့လာရမယ်။” ဟု ဦးဖြိုးမင်းသိန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်က ပြောသည်။

သြစတေးလျနိုင်ငံ လေဘာပါတီဖိတ်ခေါ်မှုကို ယခင်က ကိုဘိုဘိုဦးဆိုသူအပါအ၀င် (၅)ဦး သွားရောက်ရန် စီစဉ်ထားကြောင်း သိရှိရသည်။ ကိုဘိုဘိုဦးသည် နိုင်ငံကူးလက်မှတ် အချိန်မှီမရရှိသဖြင့် ကျန်နေခဲ့ကြောင်း ဒေါ်ခင်မိမိကြွယ်ကပြောသည်။
အဆိုတော်လင်းလင်းသည် ဒီချုပ်ပါတီဝင်တစ်ဦးဖြစ်ပြီး ၄င်းအားဒေါ်အောင်ဆန်းစုကြည်မှ ရွေးချယ်စေလွှတ် ခြင်းဖြစ်ကြောင်း သိရသည်။ သူသည် စဉ်းစားပါတေးစီးရီးခွေဖြင့် လူငယ်ပရိတ်သက်များကြား အောင်မြင်မှု ရရှိနေသည့် လူငယ်အဆိုတော်ဖြစ်သည်။
ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။