Sunday, April 29, 2012

စစ်တွေ ပွိုင့်ကမ်းခြေတွင် အပမ်းဖြေကြသူများ များပြားနေ

စစ်တွေ ပွိုင့်ကမ်းခြေတွင် အပမ်းဖြေကြသူများ များပြားနေ



ရာသီဥတုပူပြင်လာသည့်အတွက် အားရက်ရပ်များတွင် စစ်တွေမြို့ရှိပင်လယ်ကမ်းခြေပွိုင့်ကမ်းခြေ၌ အပန်းဖြေ သူများ တစ်နှစ်ထက် တစ်နှစ်ပိုများပြားလာနေကြောင်း မြို့ခံများက ပြောသည်။

“ဒီမှာ အပန်းဖြေကြတဲ့အလေ့အထ ပိုများလာတာ တွေ့ရတယ်၊ ဟိုး လွန်ခဲ့တဲ့ နှစ်တွေထက် အပန်းဖြေကြတဲ့ သူတွေပိုများတယ်၊ ဒီအပတ် ကဆိုရင်ပင်လယ်ကမ်းခြေမှာ မြို့ရောနယ်က လူတွေပါလာရောက်ပြီး ပင်လယ် ကမ်းခြေမှာအပန်းလာဖြေကြတယ်၊  ပွဲကျင်းပသလို စည်းကားနေတယ်’’ဟု စစ်တွေမြို့မှ လူငယ်တစ်ဦး ဖြစ်သည့် ကိုကျော်ဌေးက ပြောသည်။
ယခင်ကာလများတွင် ပင်လယ်ကမ်းခြေတွင် အပန်းဖြေသူ နည်းပါးပြီးပြည်ပနိုင်ငံသားများသာ အပန်းဖြေလေ့ ရှိကြသည်။
“ကျနော်လဲ သတိထားမိတယ်၊ အရင်ကဆိုရင် ပင်လယ်ကမ်းခြေမှာ စားသောက်ဆိုင်တွေ စည်စည်ကား ကားမရှိဘူး၊   ခုနောက်ပိုင်း သတိထားမိတာက အဆင့်မြင့်စားသောက်ဆိုင်တွေ ရှိလာတယ်၊ဆိုင်ခန်းတွေ လည်း ပိုများလာတယ်’’ဟု ၄င်းက ဆက်ပြောသည်။
စစ်တွေပင်လယ်ကမ်းခြေသည် နိုင်ငံခြားသားများအတွက် နေရာကောင်းတစ်ခု ဖြစ်သော်လည်း စနစ်တကျ သန့်ရှင်းမှု မရှိသည့်အတွက် လိုအပ်ချက်များစွာရှိကြောင်း  သိရသည်။
“ဒီစစ်တွေပင်လယ်ကမ်းခြေကိုစနစ်တကျလုပ်လိုက်ရင်နိုင်ငံခြားတွေ လာရောက်လည်ပတ်မဲ့ နေရာ တစ်ခုတိုး လာမှာတော့ အမှန်ဘဲ၊ ဒီလိုပင်လယ်ကမ်းခြေ နေရာတွေက ရခိုင်မှာ အများကြီးတယ် ၊ဒါပေမယ့် အပန်းဖြေ စခန်း အဆင့်ထိဖြစ်မလာသေးဘူး’’ဟု စစ်တွေမြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
စစ်တွေပင်လယ်ကမ်းခြေသို့ မြို့ပေါ်မှ လူထုများက စနေ တနင်္ဂနွေအားလပ်ရက်များ အတွင် သွားရောက် အပန်းဖြေကြသည့် ဓလေ့တစ်ခုသည်  တိုးလာကြောင်းသိရသည်။
အလားတူ မာန်အောင်မြို့နယ်တွင် ရှိသောမေဃဝတီကမ်းခြေသည်လည်း ပြန်လည်ပြုပြင်မှုမရှိသဖြင့်  ကမ်းခြေမှာပျက်စီးနေကြောင်းလည်း မာန်အောင်မြို့ခံတစ်ဦး၏ ပြောဆိုမှုအရသိရသည်။



မိုးဝေ- မြစ်မခ(ရခိုင်ပြည်နယ်)
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။