www.yemintun86.blogspot.com
၁၂.၄.၂၀၁၂ တွင်တည်ထောင်သည်
မူလစာမျက်နှာ
နည်းပညာများ
Flash song များ
ဗဟုသုတများ
ကဗျာစာမျက်နှာ
စားသောက်ဖွယ်ရာအဖြာဖြာ
အားကစားသတင်းဆိုဒ်
Gmail
Facebook
ဂိမ်းများ
Sunday, April 29, 2012
သံလမ်းမိုင်း(ဗုံး)ကွဲမှုကြောင့် မန္တလေး-မြစ်ကြီးနားရထား တွဲချော်၊ လူရှစ်ဦးသေဆုံး
မန္တလေး-မြစ်ကြီးနားရထား(ဓါတ်ပုံ-Google Images)
မန္တလေးမြို့မှ ယမန်နေ့(၂၈.၄.၁၂) နေ့လည် ၁ နာရီခန့်က မြစ်ကြီးနားသို့ထွက်ခွာသွားသော မန္တလေး-မြစ်ကြီးနား ရထားသည် နန်းကွေ့-ပြည်ထောင် ရထားလမ်းပိုင်းအတွင်း တစ်နေရာတွင် ယနေ့(၂၉.၄.၁၂) နံနက်အစောပိုင်းက သံလမ်း မိုင်း(ဗုံး)ကွဲမှုကြောင့် တွဲချော်ကာ လူရှစ်ဦး သေဆုံးသွားကြောင်း ရထားဝန်ထမ်းတစ်ဦးက CJMyanmar သို့ သတင်းပို့ပါ
သည်။
အဆိုပါ ရထားနောက်မှ မြစ်ကြီးနားသို့ ထွက်ခွာသော အခြားသော မန္တလေး-မြစ်ကြီးနား ရထားတစ်စင်းသည် ယခုအခါ နဘားဘူတာတွင် ရပ်တန့်ထားရကြောင်းနှင့် မန္တလေး-မြစ်ကြီးနား အသွားအပြန် ရထားပြေးဆွဲမှုကို ၅ ရက်ခန့် ရပ်တန့်ထားနိုင်ကြောင်းလည်း သိရသည်။
မန္တလေး-မြစ်ကြီးနား ကုန်စည်စီးဆင်းမှု ရပ်တန့်သွားသဖြင့် ယနေ့ မြစ်ကြီးနားတွင် စားသောက်ကုန်ပစ္စည်းများသည် နဂိုဈေးထက် အတန်ငယ် မြင့်တက်လျက်ရှိလာနေကြောင်းလည်း
CJMyanmar က သတင်းရရှိပါသည်။
CJMyanmar
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။