Sunday, April 29, 2012

ရခိုင်ပြည်နယ်တောင်ပိုင်း မဟာဓါတ်အားလိုင်းသွယ်တန်းရေး စတင်

ဓါတ်ပုံ-နိရဉ္စရာ
ဧပြီ ၂၈၊ ၂၀၁၂ (YPI)

ရခိုင်ပြည်နယ်တောင်ပိုင်းသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရန်
မဟာဓါတ်အားလိုင်းသွယ်တန်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း
လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများကပြောသည်။

ဧပြီ ၂၆ ရက်က အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုဝန်ကြီးလာရောက်၍
သံတွဲခရိုင်အတွင်း တည်ဆောက်မည့် ဓာတ်အားခွဲရုံများအတွက် မြေနေရာများ
လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

“မြေနေရာ အတည်ပြုပြီးတာနဲ့ဓာတ်အားခွဲရုံတွေ
စဆောက်မယ်၊တိုင်တွေစိုက်မယ်၊ပထမအဆင့်မှာ သံတွဲနဲ့တောင်ကုတ်မှာ
ဆောက်မှာဖြစ်ပါ တယ် ” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်အားခွဲရုံ တည်ဆောက်မည့် မြေနေရာများအား သက်ဆိုင်ရာ
ပိုင်ရှင်များထံမှ ၀ယ်ယူရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်းနှင့်
လိုင်းတည်ဆောက်ရေးစီမံကိန်းအဖွဲ့၏ ကွင်းဆင်းလေ့လာမှုများမှာ ဧပြီ ၁ ရက်
ကပင် စတင်နေပြီဖြစ်ကြောင်းလည်း၎င်းက ပြောသည်။

တောင်ကုတ်မြို့နယ်တွင် ၂၃၀/၆၆ kV ဓာတ်အားခွဲရုံတစ်ရုံနှင့် ၆၆/၁၁ kV
တစ်ရုံ၊သံတွဲမြို့နယ်တွင် ၆၆/၁၁ kV တစ်ရုံ တည်ဆောက်မည်ဖြစ်သည်။

ယင်းစီမံကိန်းများအား ၂၀၁၄ နောက်ဆုံးထား၍
ပြီးစီးအောင်ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းပြီးစီးမှု အပေါ်မူတည်ကာ
ထို့ထက်လည်းစောပြီး လျှပ်စစ်မီးရရှိနိုင်ကြောင်း တာဝန်ရှိသူများ ပြောသည်။

လက်ရှိတွင် ထားဝယ်အခြေစိုက် ဖိုးသီးချို ကုမ္ပဏီက သံတွဲမြို့နယ်အား ၂၄
နာရီ မီးပေးလျက်ရှိပြီး ဓာတ်အားသုံးစွဲခမှာ ပထမ ၁၀ ယူနစ်အတွက် ၃၅
ကျပ်နှုန်းနှင့် ကျန်ယူနစ်များအတွက် ၄၈၀ ကျပ်နှုန်း ဖြစ်သည်။

“ မဟာဓါတ်အားလိုင်း မြန်မြန်ပြီးဖို့ မျှော်လင့်ပါတယ်၊ အခုမီတာခတွေက
ဈေးကြီးလွန်းလို့ ” ဟုသံတွဲ ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်လျှပ်စစ်မီးရရှိရေးအတွက် စွမ်းအင်ဝန်ကြီးဌာနကလည်း
ဆောင်ရွက်မည်ဖြစ်ပြီးယင်း စီမံကိန်းမှာ ၂၀၁၅ တွင်မှ
ပြီးစီးနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းထုတ်ဂျာနယ်များတွင်ဖော်ပြထားသည်။       ။
 Yangon Press International

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။