ယင်းလေ့ကျင့်မှုသည် အနောက်တောင်ပိုင်း ပါလာဝမ်ကျွန်းတွင် နှစ်စဉ်ပြုလုပ်နေကျ အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှု၏ တစိတ်တပိုင်း ဖြစ်သည်။ ပြန်သိမ်းသည့်အသွင် လေ့ကျင့်မှုမှာ ဖိလစ်ပိုင် ပိုင်နက်အတွင်းတွင်သာ လေ့ကျင့်ခြင်းဖြစ်သော်လည်း အငြင်းပွားရေပိုင်နက် နှင့် ဝေးကွာခြင်းမရှိပေ။
တရုတ်သည် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်တို့နှင့် တောင်တရုတ်ပင်လယ်တွင် ရေပိုင်နက် အငြင်းပွားမှုများရှိနေပြီး နိုင်ငံအသီးသီးသည် ယင်းဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရန်နှင့်စစ်ရေးမဟာမိတ်များ တည်ဆောက်ရန် အပြိုင်ကြိုးပမ်းနေသည်။ ယခုစစ်ရေးလေ့ကျင့်မှုသည် ထိပ်တိုက်ရင်ဆိုင်မှုကို မြင့်တက်စေမည်ဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်တွင် တရုတ်က သတိပေးထားသည်။
ယခုစစ်ရေးလေ့ကျင့်ချိန်တွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်လျူဝေမင်းက ရေပိုင်နက်အငြင်းပွားမှုကို နိုင်ငံတကာနှင့် ချီသည့်ကိစ္စဖြစ်အောင်လုပ်ခြင်းသည် အခြေအနေများကို ပိုမိုရှုပ်ထွေးစေနိုင်သည်ဟု သတိပေးထားသည်။
ဖိလစ်ပိုင်တာဝန်ရှိသူများကမူ ယခုစစ်ရေးလေ့ကျင့်မှုသည် ပုံမှန်သာဖြစ်ပြီး အမေရိကန်နှင့် ပူးပေါင်းကာ စွမ်းဆောင်ရည်မြှင့်တင်ရန် ဆောင်ရွက်သည့် ရိုးရှင်းသည့်ကိစ္စသာဖြစ်ကြောင်း ပြောကြားထားသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။