Sunday, April 29, 2012

ဧရာဝတီတိုင်း မြို့တော်တော်များများမှာ လျှပ်စစ်မီးဆိုးဆိုးဝါးဝါးပြတ်တောက်နေခြင်း

ပုသိမ်မြို့ 
ဧရာဝတီတိုင်း မြို့တော် ပုသိမ်မြို့အပါအ၀င် မြို့တော်တော်များများမှာ လျှပ်စစ်မီးဆိုးဆိုးဝါးဝါးပြတ်ေ
တာက်လျှက်ရှိပါတယ်။
 အိမ်မဲမြောင်းမြဘက်တွေမှာဆို တနေကုန်မှာ တစ်နာရီလောက်ပဲလျှပ်စစ်မီးရရှိပါတယ်။ မီးရရှိချိန်မှာလည်း လျှပ်စစ်မီးကိုဝိုင်းအသုံးပြုကြတဲ့အတွက် ၀န်မနိုင်ဘဲ မီးလာချိန်တစ်နာရီမှာတောင် မီးက ၁၀ခါလောက်ပြတ်နေပါတယ်။

ပုသိမ်မြို့မှာဆိုရင်လည်း တစ်နေ့ ၆နာရီပြတ် ၁၂နာရီလာဆိုပေမယ့် ၁၂ နာရီလာတဲ့အချိန်မှာ ၁၂ နာရီအပြည့်မလာဘဲ လာလိုက်ပြတ်လိုက်နဲ့ မီးလာချိန် ၆နာရီလောက် တောင်မရှိပါဘူး။ အခုအချိန်ဟာ အလွန်ပူပြင်းတဲ့နွေရာသီဖြစ်တြာေ
ကာင့် လျှပ်စစ်မီးပြတ်တောက်နေတာဟာ မီးဘေးအန္တရာယ်စိုးရိမ်ရသလို ရာသီဥတုကပူ မီးကပြတ်တော့ မြို့နေ ပြည်သူလူထုတွေ လူမှုဒုက္ခတွေကို ကိုယ်ရောစိတ်ပါ နွမ်းနယ်ခံစားနေရပါတယ်။ 

ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးက ဦးအောင်တင်မြင့်က ရပ်ကွက်ဘက်ကိုစည်းရုံးရေးဆင်းေ
တာ့ ဘာအဆင်မပြေတာရှိလဲမေးတော့ ပြည်သူလူထုက လျှပ်စစ်မီး အလုံအလောက်မရရှိဘူးလို့ပြောတော့ လျှပ်စစ်မီးအလုံအလောက်ရဖို့ သူတာဝန်ယူဖြေရှင်းပေးမယ်ဆိုပြီး အခုမဲရှုံးတော့ လူတောင်မတွေ့ရတော့ပါဘူး။

လျှပ်စစ်မီးမလုံလောက်မှုကြောင့် မီးအားလျှော့တယ်လို့ပြောပေမယ့် မီးအားဆွဲများတဲ့ လမ်းမီးတိုင်က ဆိုဒီယမ်မီးတွေ၊ စက်ရုံအလုပ်ရုံတွေနဲ့ ကိုယ်ပိုင်trasnformer ရှိတဲ့လုပ်ငန်းရှင်တွေရဲ့ အိမ်တွေ အလုပ်ရုံတွေမှာတေ့ မီးတွေထိန်ထိန်ငြီးနေပါတယ်။

အခုချိန်မှာ နည်းပညာတက္ကသိုလ်ကျောင်းသားတွေစာမေးပွဲဖြေဆိုချိန်နဲ့တိုက်ဆိုင်နေတာကြောင့် မီးပျက်နေတာဟာ ကျောင်းသားတွေအတွက်အတော်လေးဒုက္ခရောက်နေကြပါတယ်။ မြို့နေ နည်းပညာတက္ကသိုလ်ကျောင်းသားတွေကတော့ နောက်တစ်ရက်နှစ်ရက် သူတို့စာမေးပွဲဖြေဆိုချိန်ထိမီးက အခုလိုပဲမီးဆက်လက်ပြတ်နေမယ်ဆိုရင် မြို့နယ်လျှပ်စစ်ရုံးကို ငြိမ်ချမ်းစွာ လှည့်လည် ဆီတန်းဆန္ဒပြဖို့ စည်းရုံးစီစဉ်ထားကြကြောင်း ဧရာဝတီ ၂၄နာရီမီးလင်းရေးအဖွဲ့မှပြောပါတယ်။
Myanmar News Now

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။