Sunday, April 29, 2012

ပြည်တွင်းရှိ အကြီးစား စက်မှုလုပ်ငန်း အချို့တွင် ကိုရီးယား နိုင်ငံမှ လာရောက် ရင်းနှီး မြှုပ်နှံသွားရန် ရှိ

ကိုရီးယား စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ Kotra မှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ ကိုရီးယား နိုင်ငံမှ အထည်ချုပ် စက်ရုံများ၊
Electronic ပစ္စည်းများ တပ်ဆင် ထုတ်လုပ်ရေး လုပ်ငန်း စက်ရုံများ၊ တာယာ စက်ရုံများနဲ့ သတ္တု တူးဖော်ရေး လုပ်ငန်း တွေဟာ မြန်မာနိုင်ငံမှာ လာရောက် စီးပွားရေး အရ ရင်းနှီးမြှုပ်နှံ သွားဖို့ သေချာ သလောက် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက် ရာမှာ အထည်ချုပ် လုပ်ငန်းမှာ စက်ရုံ ၁၀ ရုံခန့်၊ Electronic ပစ္စည်းများ တပ်ဆင် ထုတ်လုပ်ရေး လုပ်ငန်း များမှာ စက်ရုံ ၃ ရုံခန့်နဲ့ ပြည်တွင်း တာယာ စက်ရုံများမှာပါ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သတ္တုတွင်း တူးဖော်ရေး လုပ်ငန်းမှာ လုပ်ကိုင်ဖို့ အတွက် ကိုလည်း ကိုရီးယား နိုင်ငံမှ Korea Resource Coporation(Kores) မှ တာဝန်ရှိ သူများဟာ သက်ဆိုင်ရာ ၀န်ကြီး ဌာနနဲ့ တွေ့ဆုံမှုများ ပြုလုပ်ပြီး ပြည်တွင်းမှာ ကွင်းဆင်း တိုင်းတာရေး လုပ်ငန်းများ လုပ်ဆောင် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုရီးယား နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တွေဟာ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်နိုင်ဖို့ အတွက် ယခုလ အတွင်းမှာ နေပြည်တော်မှ တာဝန်ရှိသူ များနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်းလည်း သိရပါတယ်။
 MRTV-4

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။