Sunday, April 29, 2012

 ဧပြီလ ၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့သော တောင်ဥက္ကလာပမြို့နယ်ရှိ (ဟေမ၀န်ဈေး) အတွင်း ဆိုင်ခန်းများအား ဇွန်လ၌ အပြီးပြန်လည်ပေးအပ်မည်


ဧပြီလ ၉ ရက်နေ့က လောင်ကျွမ်းခဲ့သော ဟေမ၀န်ဈေးအား ပြန်လည်ပြင်ဆင်မူများ ပြုလုပ်နေသည်ကို တွေ့ရစဉ်
ဧပြီလ ၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့သော တောင်ဥက္ကလာမြို့နယ်ရှိ (ဟေမ၀န်ဈေး) အတွင်း ဆိုင်ခန်းများအားလုံးကို ဇွန်လ၌ အပြီး ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း  အဆိုပါဈေးရှိ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

အဆိုပါ မီးလောင်ကျွမ်းမူမှာ ဟေမ၀န်ဈေးအတွင်းရှိ ညစောင့်ဝန်ထမ်း ထွန်းညှိထားသော ခြင်ဆေးခွေမှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်းပေါင်း ၈၉၃ ခန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်ကျွမ်းခဲ့သော ဆိုင်ခန်းများအား ရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီး ဈေးဆိုင်ခန်းအသစ် ပြန်လည်တည်ဆောက်မှုများ ပြုလုပ်လျက်ရှိပြီး ယခုအခါ ရွှေဆိုင်တန်းများကို ဦးစားပေးတည်ဆောက်လျက်ရှိပြီး မတ်လအတွင်း ဆိုင်ခန်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ဆိုင်ခန်းများအား ဇွန်လလယ်ပိုင်းတွင် ပေးအပ်သွားမည် ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါဈေးမှာ ၁၉၆၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မီးလောင်ကျွမ်းမူ ၃ ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခု လောင်ကျွမ်းခဲ့သောမီးမှာ ဆုံးရှုံးမှု ကျပ် ၆၁၃ သိန်းအထိ အများဆုံး ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခင် ၂၀၀၁ ခုနှစ်က လောင်ကျွမ်းခဲ့သော မီးမှာ ဆိုင်ခန်း ၅ ခန်းဆုံးရှုံးခဲ့ပြီး ဆိုင်ခန်းများ အား လေးလခန့်နှင့် တည်ဆောက်ခဲ့ကြောင်း၊ ယခုအခါ နှစ်လအတွင်း အပြီးသတ် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း  အဆိုပါဈေးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။