Sunday, April 29, 2012

နိုင်ငံခြားခရီးသွား များလာသဖြင့် PARKROYAL ဟိုတယ်က ပြင်ဆင်မှုများ စတင်

နိုင်ငံခြားခရီးသွား များလာသဖြင့် PARKROYAL ဟိုတယ်က ပြင်ဆင်မှုများ စတင်



မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည်များဝင်ရောက်မှု ယခင်ကထက်  ပိုမိုများပြားလာသဖြင့် PARKROYAL Yangonက ဟိုတယ်ပြင်ဆင်မှုများကို စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

 နိုင်ငံခြားခရီးသွားများသည် သစ်လွင်တောက်ပမှုနှင့် သန့်ရှင်းမှုများကို လိုလားသဖြင့် ခရီးသွားပြည်သူများ စိတ်ကြိုက်ဖြစ်စေရန် အခန်းအပြင်အဆင်၊ အမှတ်တရာဖြစ်စေသော ဆွဲဆောင်မှုများအတွက် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု PARKROYAL Yangon က တာဝန်ရှိသူများ ဆိုသည်။

“တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ PARKROYAL ဟိုတယ်လဲပါချင်ပါတယ်၊ နိုင်ငံခြားသားဧည့်သည်တွေလည်း တိုးတက်ဖို့ အများကြီးမျှော်လင့်တယ်။” ဟု PARKROYAL ဟိုတယ်မှ Maketing and Communications မန်နေဂျာ မသီရိကြာညိုက ပြောသည်။

ဟိုတယ်၏ ပြင်ဆင်မှုများတွင် သစ်ခွခန်းခ၊ သီးသန့်အစည်းဝေးခန်းမ (flat screen TV) များအားပြင်ဆင်ပြီး စီးနေပြီ ဖြစ်ကြောင်း သိရှိရသည်။

စီးပွားရေးလုပ်ငန်းရှင်များနှင့် အပန်းဖြေသူများအတွက်အနားယူနိုင်ရန် ပြင်ဆင်ထားကြောင်း ၎င်းတို့မှ ပြောသည်။

ဖွံ့ဖြိုးတိုးတက်မှုပေါ်လိုက်၍ ဟိုတယ်ခန်းနှင့် ဟိုတယ်များထပ်မံတိုးချဲ့ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ဧပြီ ၂၇ရက်ကပြုလုပ်ခဲ့သော   PARKROYAL Yangon ကပြုလုပ်ခဲ့သည့် အစည်းအဝေးများအရ သိရှိရသည်။

PARKROYAL Yangon သည် Myanmar’s Leading Business Hotel in the World Travel Award 2012 နှင့် Business Hotal of the year Myanmar in the 2011 Tourism Alliance Award များကို ရရှိထားသည့် ဟိုတယ်ဖြစ်သည်။


ရှုမ၀အောင် (မြစ်မခ)
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။