Sunday, April 29, 2012

မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု ပြုလုပ်နိုင်သည်ဟု ရုရှားယူဆ

မြောက်ကိုရီးယားနိုင်ငံသည် လာမည့်သီတင်းပတ်အတွင်းတွင်က မြေအောက် နျူကလီးယား စမ်းသပ်မှုတစ်ခု ပြုလုပ်နိုင်သည်ဟု ရုရှားနိုင်ငံက ယူဆထားသဖြင့် အရှေ့ဘက်စွန်းရှိ ၎င်းတပ်ဖွဲ့များပမာဏကို တိုးမြှင့်ထားရှိရန် သတိပေးခဲ့သည်။

အထူးထောက်လှမ်းရရှိထားမှုများကို အခြေခံပြီး အရှေ့ဘက်စွန်းဒေသ Far East ရှိ စစ်တပ်ပမာဏကို တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Far East ရှိ ရုရှားတပ်ဖွဲ့မှ လုံခြုံရေးအရာရှိတစ်ဦးက ကျိုဒိုသတင်းဌာနသို့ ပြောကြားခဲ့သည်။ တိုကျိုရှိ ရုရှားသံရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကမူ အဆိုပါ သတင်းနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံက တတိယမြောက် နျူကလီးယား လက်နက်စမ်းသပ်မှုပြုမည်ကို ကျေနပ်မှုမရှိကြောင်း ရုရှားနိုင်ငံက ထုတ်ဖော်ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ၏ အရှေ့ဘက်စွန်းရှိ Vladivostok မြို့သည် မြောက်ကိုရီးယားနယ်စပ်နှင့် မိုင် ၆၀ ၀န်းကျင် အကွာအဝေးတွင်ရှိကြောင်း သိရှိရသည်။ အဆိုပါမြို့တွင် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလတွင် ကျင်းပရန် စီစဉ်ထားခဲ့သည်။

Ref: Telegraph

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။