Thursday, August 30, 2012

ကရင်ပြည်နယ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ


အစိုးရက နိုင်ငံတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် လုပ်ဆောင်မည်ဟု ကတိပြုနေသော်လည်း ကရင် ပြည် နယ် အတွင်းရှိ မိသားစုများ၏ သုံးပုံ တပုံခန့်သည် လူ့အခွင့်အရေး ချိုးဖောက်မှု ခံနေရဆဲဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ တဖွဲ့က ထုတ်ဖော် ပြောကြား လိုက်သည်။

ဦးပိုင် ရှင်းလင်းချက် မပြည့်စုံဟု ကြေးနီစီမံကိန်း ယာသိမ်းခံများ တုံ့ပြန်


စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီ စီမံကိန်းအတွက် သိမ်းမြေများနှင့်ပတ်သက်၍ မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်နှင့် တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌတို့၏ ဖြေရှင်းချက်များမှာ ယာသိမ်းခံတောင်သူများ၏ နစ်နာမှုများကို လျစ်လျူရှု ခဲ့ကြောင်း မူရင်းယာပိုင်ရှင်များက ပြောသည်။

ဒုက္ခသည်များအတွက် အကူအညီ စစ်သင်္ဘောဖြင့် ပို့မည်


မလေးရှားနိုင်ငံ အန်ဂျီအို  တစ်ခုမှ မြန်မာ မွတ်ဆလင် ဒုက္ခသည်များ အတွက် အကူအညီများကို ဘင်္ဂလာဒေခ်ျ့သို့ စစ်သင်္ဘော တစ်စီးဖြင့် ပို့ဆောင်ပေးမည်ဟု ဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ခ်ျ ပတ်စ်ပို့ဖြင့် နယ်စပ် ဖြတ်ကျော် ခရီးသွားလာခွင့် ပြန်လည် ဖွင့်လှစ်


ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ဆူပူအကြမ်း ဖက်မှုကြောင့် သုံးလကြာ ပိတ်ထားခဲ့ရသော မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ် ပတ်စ်ပို့ဖြင့် နေ့ချင်ပြန် နိုင်ငံ ဖြတ်ကျော်သွားလာခွင့်ကို ယမန်နေ့ သြဂတ်(စ်)လ ၂၈ ရက်နေ့က  ပြန်လည် ဖွင့်လှစ် လိုက်ပြီးဖြစ်ကြောင်း သတင်း ရရှိသည်။

ပြည်ပရောက် မြန်မာ ပညာရှင် များကို အမြဲတမ်းနေထိုင် ခွင့်ပေးရန် သမ္မတ စဉ်းစား


ပြည်ပရောက် မြန်မာပညာ ရှင်များ မြန်မာနိုင်ငံသို့ ပြန်လာ၍ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်နိုင်စေရန် ၎င်းတို့ကို မြန်မာနိုင်ငံသား အဖြစ် ပြန်လည် မခံယူသေး ပါကလည်း အမြဲတမ်းနေထိုင်ခွင့် (PR-Permanent Resident) ကဲ့သို့ ပုံစံမျိုးဖြင့် ခွင့်ပြုရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စဉ်းစားနေကြောင်း သတင်းရရှိသည်။

နိုင်ငံခြားမှ ဆက်သွယ်ရေး ဂြိုဟ်တု ငှားသုံး မသုံး ဈေးနှုန်းပေါ် မူတည်


ဆက်သွယ်ရေး ဆိုင်ရာ ဂြိုဟ်တု ငှားရမ်း သုံးစွဲနှုန်း အပေါ် မူတည်ပြီး ငှားရမ်းခြင်းပြု မပြုကို ဆုံးဖြတ်သွားမည်ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ သိရသည်။ ''ဈေးချိုရင်တော့ ၅ နှစ်စာ ချုပ်ပြီး ငှားရမ်းသုံးစွဲသွားမှာပါ။ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ် ဆိုရင် ငှားသုံးမယ်။ အကျိုးမရှိဘူး ထင်ရင်တော့ သုံးစွဲသွားမှာ မဟုတ် ပါဘူး''ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦး က ပြောသည်။

၅ဝဝဝတန် အတု သိန်းတစ်ရာကျော် ဖမ်းဆီးရမိ

၅ဝဝဝ တန် အတု သိန်းတစ်ရာကျော် ဖမ်းဆီးရမိ
မြန်မာ ကျပ်ငွေ သိန်းတစ် ရာ ကျော် တန်ဖိုးရှိ ငွေစက္ကူ ကျပ် ၅ဝဝဝ တန် အတုများ သယ်ဆောင် လာသူ အမျိုးသမီး တစ်ဦးအား တောင်ကြီးမြို့နယ် ဟိုမိန်းဒေသ တွင် ဒေသခံပြည် သူ့စစ်အဖွဲ့တစ်ဖွဲ့ က သြဂုတ်လ ၂၄ ရက်တွင် ဖမ်း ဆီးရမိခဲ့သည် ဟု 
သိရသည်။

သန်းခေါင် စာရင်း ကောက်ယူရာတွင် လူမျိုးစု အားလုံး ပါဝင်ရန် အရေးကြီး ဟုဆို


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်း စုကြည်တို့ နှင့် နေပြည်တော်တွင် သြဂုတ်လ ၂၇ ရက်နေ့က တွေ့ဆုံခဲ့သော ကုလသမဂ္ဂ လူဦးရေ ရံပုံငွေ အဖွဲ့ (UNFPA) အမှုဆောင် ဒါရိုက်တာ Dr.Babatunde Osotimehin က သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးစု အားလုံးပါဝင်ရန် အရေးကြီးကြောင်း ထုတ်ပြန်ပြောကြားသည်။

ပခုက္ကူမြို့တွင် အုပ်စု ဖွဲ့ရမ်းကားမှု တစ်ခုဖြစ်ပွား

ပခုက္ကူမြို့တွင် အုပ်စု ဖွဲ့ရမ်းကားမှု တစ်ခုဖြစ်ပွား
ပခုက္ကူမြို့တွင် သြဂုတ်လ ၂၇ ရက် ည ၉နာရီခွဲ အချိန် ခန့်က အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀ ခန့်ရှိ လူအင်အားတစ်စုသည် ပခုက္ကူမြို့ အမှတ် ၁၂ ရပ်ကွက် အတွင်း ၀င်ရောက်ကာ ၄င်းရပ်ကွက်အတွင်းတွင်ရှိသော လူအများကို ရိုက်နှက်ခြင်း၊ ဈေးဆိုင်အချို့ရှိ ပစ္စည်းများကို ဖျက်စီးခြင်း ၊နေအိမ်များကို ခဲဖြင့် ပစ်ပေါက်ခြင်း၊ ၀န်းထရံများကို ချိုးဖျက်ခြင်းနှင့် အဆိုပါ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးအပါအ၀င် ရပ်ကွက်နေပြည်သူများကို ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆို ကြိမ်းမောင်း မှုြ
ဖစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရခိုင်အကြမ်းဖက်သူများကို စားသောက် ကုန်များ ထောက်ပံ့သည်ဟုဆိုကာ ဓားဖြင့် ထိုးသတ်


ရခိုင်ပြည်နယ် မြောက်ဦး မြို့ နယ် အတွင်း ရန်ကုန်-စစ်တွေ လမ်းဘေး လောင်းကြက်ကျေးရွာတွင် ဆူပူအကြမ်းဖက် သူများကို စား သောက်ကုန် များ ထောက်ပံ့ပေး သည်ဟုစွပ်စွဲကာ ဓားဖြင့် ထိုးသတ် မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရခိုင် ပြည်နယ်အစိုးရရုံးမှ သိရသည်။

ဆမ္မဆယ်လမ်းကြောင်းမှ တစ်နေ့လျှင်နွားကောင်ရေ တစ်ထောင်ဝန်းကျင် တရုတ်သို့တင်ပို့နေ


ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုနယ်ဆမ္မဆယ်ကျေးရွာမှတဆင့် တရုတ်ပြည်သို နွားကောင်ရေတင်ပိုများရှိ နေရာ  တစ်နေလျှင် နွားကောင်ရေ(၁၀၀၀)၀န်းကျင်  တင်ပို့နေသည်ဖြစ်၍ နွားမျိုးပြုန်းတီးမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ဆန်ဈေးတည်ငြိမ်စေရန် အရန်ဆန်တန်ချိန်ငါးထောင် ချရောင်းမည်


ပြည်တွင်းဆန်ဈေးကွက်တွင်း  ဆနဈေးနန်းများမြင့်တက်နေခြင်းကြောင့်  မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များ အသင်းမှ အရန်ဆန်တန်ချိနငါးထောင်ဈေးကွက်တွင်း ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း  သိရှိရသည်။

CDMA ဖုန်းများပါ ဖုန်းသံစဉ် ရတော့မည်


မိမိ၏ မိုဘိုင်းဖုန်းသံစဉ် My Ring Tune စနစ် ထည့်သွင်းအသုံးပြုခွင့်ကို CDMA ဖုန်းများပါ အသုံးပြုနိုင်ရန် ၀န်ဆောင်မှုပေး မည်ဖြစ်ကြောင်း Fortune International ကုမ္ပဏီက သိရသည်။

ဖုန်းခေါ်ဆိုရာတွင် သာမာန်ဖုန်းမြည်သံအစား မိမိထည့်သွင်း အသုံးပြုလိုသည့် သီချင်းသံကို ပြောင်းလဲ ထားသော My Ring Tuneစနစ်တစ်ခုဖြစ်ပြီး လက်ရှိတွင် အဆိုပါစနစ်ကို ဂျီအက်စ်အမ်မိုဘိုင်း ဖုန်းများနှင့် ကမ်းရိုးတန်း WCDMA ဖုန်းများတွင်သာ အသုံးပြုနေခြင်းဖြစ်သည်။

အကြီးမားဆုံးသော အစိုးရအဖွဲ့ပြောင်းလဲမှုအပေါ်တွင် ပြည်သူဘက်က အကောင်းမြင်


နိုင်ငံတော် သမ္မတကြီးမှ ပြည်ထောင်စု ဝန်ကြီးနှင့်ဒုတိယဝန်ကြီး အသစ်များအား ပြောင်းလဲခန့်အပ်သည့် အပေါ်တွင်   ပြည်သူအကျိုးအတွက် အမှန်တကယ်ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိသဖြင့် ကြိုဆိုကြောင်း ပြည်သူများက ဆိုသည်။

ဂျပန်ကလပ်အသင်းများတွင် မြန်မာများ လေ့ကျင့်ကစားရန် သဘောတူ

ရန်ကုန် (မဇ္ဈိမ)။             ။ မြန်မာ ဘောလုံး အားကစားသမား လူငယ်များကို ဂျပန် ကလပ် အသင်းများ၊ ဂျပန် လူငယ်အသင်းများတွင် သွားရောက်ကစားလေ့ကျင့်နိုင်ရန် မြန်မာ နေရှင်နယ်လိဂ် နှင့် ဂျပန်ဘောလုံးလိဂ် J-League တို့ တနင်္လာနေ့က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် စာချုပ် ချုပ်ဆိုခဲ့ကြသည်။

ထိုးစစ်ဆင် ရှေ့တန်းတပ်များကို သမ္မတ အရေးယူရန် ကချင်များ တောင်းဆို

ချင်းမိုင်(မဇ္စျိမ)။   ။ သမ္မတ၏ ညွှန်ကြားချက်အား မလိုက်နာဘဲ ကချင်ပြည်နယ်တွင် ထိုးစစ်များ ဆင်နွှဲလျက်ရှိသည့် အစိုးရ ရှေ့တန်းတပ်များကို “ထိရောက်စွာ အရေးယူပေးရန်” ကချင်အဖွဲ့အစည်းများက တောင်းဆိုလိုက်ကြသည်။ 

ခွင့်ပြုမိန့်မရ ရိုဟင်ဂျာ ဆန့်ကျင်ရေး ဆန္ဒပြမှု ဆက်လက်ကြားနာ

ရန်ကုန် (မဇ္ဈိမ) ။       ။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ် ကွင်တားနား သြဂုတ်လဆန်းပိုင်းက
မြန်မာနိုင်ငံသို့ လာရောက်စဉ် ရိုဟင်ဂျာ ဆန့်ကျင်ရေး ဆန္ဒပြမှု ဦးဆောင်ခဲ့သူများအား တရားစွဲဆိုထားသည့်အမှုကို စမ်းချောင်းမြို့နယ် တရားရုံးက အင်္ဂါနေ့တွင် ကြားနာခဲ့သည်။

ပြည်ပ ငွေအကူများကို လယ်ယာ ကဏ္ဍတွင် အဓိက သုံးစွဲသွားမည်

ရန်ကုန် (မဇ္ဈိမ) ။       ။ နိုင်ငံတကာက ပံ့ပိုးလာသည့် ငွေကြေးအကူအညီများကို မြန်မာ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိကထား သုံးစွဲသွားမည်ဟု သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ကိုးကား၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့် က ပြောသည်။

အဏ္ဏဝါ ဂေဟစနစ် ကျွန်းစုမှ စတင်ထိန်းသိမ်းရန် ပြင်ဆင်

ရန်ကုန် (မဇ္ဈိမ)။   ။ ဇီဝမျိုးစုံ မျိုးကွဲများနှင့် ရေသံယံဇာတများတည်ရှိရာ တနင်္သာရီတိုင်း၊  ကျွန်းစုမြို့နယ်၌ သန္တာကျောက်တန်း၊ ပင်လယ်မြက်ခင်း အပါအဝင် အဏ္ဏဝါဂေဟစနစ် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယခုနှစ်အတွင်း
ဆောင်ရွက်သွားရန် အဆိုပြုထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။

 တောင်ငူမြို့၏ စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက်သို့ ထပ်မံရောက်ရှိ ဒုတိယအကြိမ် ရေလွှမ်းမိုးခြင်းကြောင့် စိုက်ပျိုးခြင်းမရှိသေးသည့် လယ်မြေများပျက်စီးမှု ပိုများနိုင်


တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေသည် ယင်းမြို့၏စိုးရိမ်ရေအမှတ် အထက်သို့ ဒုတိယအကြိမ်မြင့် တက်ရောက်ရှိလာပြီး ပထမအကြိမ် ရေလွှမ်းမိုးစဉ်က ပျက်စီးသွားသော လယ်မြေများတွင် အစားထိုးစိုက်ပျိုး ရန်မျိုးစပါးများ ပံ့ပိုးထားသော်လည်း ပြန်လည်စိုက်ပျိုးနိုင်ခြင်း မရှိသေးဘဲ ပထမအကြိမ်ရေလွှမ်းမိုးမှုဖြစ်ပွားစဉ်က ထိခိုက်ခဲ့သောလယ်မြေများ ဒုတိယအကြိမ်ရေလွှမ်းမိုးမှု ဖြစ်ပွားပါက ပျက်စီးဆုံးရှုံးမှု ထပ်မံဖြစ်ပွား နိုင်ကြောင်း ဒေသခံမိုးစပါးစိုက်ပျိုးသူ တောင်သူလယ်သမားများထံမှ သိရှိရသည်။

 တံတားဦးမြို့နယ် စကားအင်း-ဒေါင်းဦးလမ်း မိုင်တိုင်အမှတ်(၃၈၁/၅) မိုင်အနီးရှိ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းပိုင်းပြိုကျမှုကြောင့် ခရီးသွားဒေသခံအချို့ ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် စကားအင်း-ဒေါင်းဦးလမ်း မိုင်တိုင်အမှတ်(၃၈၁/၅)မိုင်အနီးရှိ ကျောက်ဖြူမှ ယူနန်သို့ သွယ်တန်းထားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ လမ်းပိုင်းပြိုကျမှုကြောင့် ခရီးသွားဒေသခံအချို့ ယာဉ်တိမ်းမှောက်မှုများဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း သိရသည်။

 သာကေတမြို့နယ်တွင် လိုက်ထရပ်ကိုယ်ပိုင်ယာဉ်နှင့် ဟီးနိုးကွန်တိန်နာ ယာဉ်နှစ်စီးတိုက်မှုကြောင့် လေးဦးအပြင်းအထန်ဒဏ်ရာရရှိကာ ရှစ်ဦး အနည်းအငယ်ဒဏ်ရာရရှိခဲ့

သာကေတမြို့နယ်တွင် လိုက်ထရပ်ကိုယ်ပိုင်ယာဉ်နှင့်ဟီနိုးကွန်တိန် နာယာဉ်နှစ်စီးတိုက်မှုကြောင့် လေးဦး အပြင်းအထန်ဒဏ်ရာရရှိကာ ရှစ်ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ သိရသည်။

 မြန်မာနိုင်ငံ၌ ဦးနှောက်သေ နှလုံးခုန်နေသည့် ကျောက်ကပ်အလှူရှင်ထံမှ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသနိုင်ရန် စတင်ပြင်ဆင်နေဟု သိရ


မြန်မာနိုင်ငံ၌ ဦးနှောက်သေ နှလုံးခုန်လူသေ (Cadaveric heart beating) နေသည့် ကျောက်ကပ်အလှူ ရှင်ထံမှ ကျောက်ကပ်အစားထိုးခွဲ စိတ်ကုသနိုင်ရန် စတင်ပြင်ဆင်နေကြောင်း ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံသစ်ကြီး ဆီးနှင့်ကျောက်ကပ် ခွဲစိတ်ကုပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာတိုးလွင်၏ ပြောကြားချက်အရ သိရှိရသည်။

ရန်ကုန်နှင့် ထားဝယ်မြို့များကို အခြေပြု၍ ပုဂ္ဂလိက လေကြောင်းလိုင်းသစ်နှစ်ခု ပြေးဆွဲရန်ရှိ

ရန်ကုန်နှင့် ထားဝယ်မြို့များကို အခြေပြု၍ ပုဂ္ဂလိကလေကြောင်းလိုင်းသစ်နှစ်ခု ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း လေကြောင်းလိုင်း အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။ ရန်ကုန်မြို့အခြေပြု၍ ပျံသန်းမည့် လေကြောင်းလိုင်းမှာ Golden Myanmar  လေကြောင်းလိုင်းဖြစ်ပြီး ရန်ကုန်မြို့အခြေပြု၍ ပြည်တွင်း၊ ပြည်ပခရီးစဉ်များအား ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။

 ၂၀၁၂ ခုနှစ် ခုနစ်လတာ ကာလအတွင်း ထုတ်ပေးခဲ့သည့် မြန်မာနိုင်ငံကူးလက်မှတ် တစ်သိန်းနှစ်သောင်းကျော် ၌ ထက်ဝက်နီးပါးမှာ အမျိုးသမီးများ အတွက် ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်များဖြစ်


၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ  ဇူလိုင်လကုန်အထိ ခုနစ်လတာ ကာလအတွင်း မြန်မာနိုင်ငံကူး လက်မှတ် အရေအတွက်တစ်သိန်း နှစ်သောင်းကျော် ထုတ်ပေးခဲ့ပြီး ထိုသို့ထုတ်ပေးခဲ့ရာတွင် အမျိုးသမီး အရေအတွက် ခြောက်သောင်းနီးပါး ပါဝင်ကြောင်း သတင်းရရှိသည်။

 နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများသို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် လှည့်ပတ်ရန်ပုံငွေအဖြစ် နိုင်ငံတော်ဘဏ်မှ ကျပ် ၁၅၀၀ ဘီလျံကျော် ချေးယူခွင့်ပြုမည်


နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများသို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် လှည့်ပတ်ရန်ပုံငွေအဖြစ် နိုင်ငံတော်ဘဏ်မှ ကျပ် ၁၅၀၀ ဘီလျံကျော် ချေးယူသုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ Chery ကုမ္ပဏီ ထုတ်ကားများတွင် ကင်ဆာဖြစ်စေနိုင်သည့် ဓာတုကျောက်မှုန့်သုံးထားမှုတွေ့ရှိ၍ သြစတျေးလျတွင် ကားများပြန်သိမ်းနေပြီး စင်ကာပူတွင်လည်း Chery ကားများအားစစ်ဆေးနေ မြန်မာနိုင်ငံတွင်လည်း Chery ကုမ္ပဏီထုတ်ကားများ တင်သွင်းအသုံးပြုမှုများပြား


တရုတ်နိုင်ငံထုတ် Chery ကား များတွင် ကင်ဆာ၊ တီဘီဖြစ်စေနိုင်သည့် ဓာတုကျောက်မှုန့် အသုံးပြုထားကြောင်းတွေ့ရှိရ၍ သြစတျေးလျနိုင်ငံတွင် Cheryကားများပြန်သိမ်းနေပြီး စင်ကာပူနိုင်ငံတွင်လည်း Chery ကားများကို စစ်ဆေးနေကြောင်း Straits Times သတင်းစာတွင် ဖော်ပြထားသည်။

အသစ်ခန့်အပ်မည့် ၀န်ကြီးများ အရပ်သားပညာရှင် ပါဝင်ဖို့ရှိ



2012-08-29
သမ္မတ ဦးသိန်းစိန် အခုရက်ပိုင်းအတွင်း စတင်ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အချိန်ကာလ (၂)လ လောက် ကြာမြင့်ဖို့ရှိပြီး ပြုပြင်ပြောင်းလဲရေး မလုပ်ချင်တဲ့ ၀န်ကြီးတွေကို ဆက်လက် အနားပေးသွားမှာ ဖြစ်သလို အသစ်ခန့်အပ်မယ့် ၀န်ကြီးတွေထဲမှာလည်း အရပ်သား ကျွမ်းကျင် ပညာရှင်တွေ ပါဝင်လာဖို့ ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
Photo: Myanmar President Office
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးနေစဉ်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဆောင်ရွက်ချက် စစ်ဆေးကြားနာဖို့ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့



2012-08-29
ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ ဆောင်ရွက်ချက်တွေကို စစ်ဆေး ကြားနာဖို့အတွက် ပြည်သူ့လွှတ်တော်က စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ခုကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်က လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။

မီဒီယာဥပဒေဆိုင်ရာ တိုင်ကြားစာ အမျိုးသားလွှတ်တော်က ကြားနာ



2012-08-29
ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲတဲ့ သတင်းမီဒီယာဥပဒေအပေါ် စာနယ်ဇင်းသမားတွေ စုပေါင်းလက်မှတ်ထိုး တိုင်ကြားထားတာနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်ကော်မတီ ဥက္ကဋ္ဌတွေက စာနယ်ဇင်းသမားတွေကို ဒီကနေ့ ခေါ်ယူပြီး ပထမဆုံး ကြားနာခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်က လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အနုပညာ အရည်အချင်းအရ ရွေးချယ်မည်



2012-08-29
မြန်မာနိုင်ငံမှာ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုတွေ ပေးအပ်ချီးမြှင့်ရာမှာ အနုပညာ အရည်အချင်း အပေါ် အခြေခံပြီး စတင် ဆုံးဖြတ်ရွေးချယ် သွားတော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အကြီးအကဲက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သတင်းစာ ရှင်းလင်းပွဲတွင် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း အမှာစကား ပြောကြားနေစဉ်။

လူရွှင်တော် မောင်မေတ္တာနဲ့အဖွဲ့ ပုသိမ်မြို့ ရေဘေးသင့် ပြည်သူအတွက် လှူဒါန်း



2012-08-29
ဟာသ သရုပ်ဆောင် လူရွှင်တော် မောင်မေတ္တာနဲ့အဖွဲ့က ပုသိမ်မြို့ ရေဘေးသင့် ပြည်သူတွေအတွက် ဆန်နဲ့ ကလေးငယ်တွေအတွက် ကျောင်းသုံးဗလာစာအုပ်တွေ ဒီကနေ့ သွားရောက် လှူဒါန်းကြောင်း သိရပါတယ်။
ပုသိမ်မြို့တဝိုက် ကန်ကြီးထောင့်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်နဲ့ မနော်ဟရီရပ်ကွက်က ဒေသခံပြည်သူ သုံးထောင်ကျော်ကို သွားရောက် လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ လူရွှင်တော် မောင်မေတ္တာက RFA ကိုပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်က ပြန်သွားတဲ့ရှေ့နေ အမှုဟောင်းအတွက် ထောင်ဒဏ်ကျ



2012-08-29
ပြည်ပရောက် မြန်မာတွေပြန်လာဖို့ သမ္မတက ဒီနှစ်ဆန်းမှာ ဖိတ်ခေါ်လိုက်တဲ့နောက် ထိုင်းမြန်မာ နယ်စပ်ကနေ ပြန်သွားတဲ့ ရှေ့နေ ကိုစောကျော်ကျော်မင်းကို သူအရင်က စွပ်စွဲခံထားရတဲ့ တရာရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ်ခံလိုက်ရပါတယ်။