Thursday, August 30, 2012

 သာကေတမြို့နယ်တွင် လိုက်ထရပ်ကိုယ်ပိုင်ယာဉ်နှင့် ဟီးနိုးကွန်တိန်နာ ယာဉ်နှစ်စီးတိုက်မှုကြောင့် လေးဦးအပြင်းအထန်ဒဏ်ရာရရှိကာ ရှစ်ဦး အနည်းအငယ်ဒဏ်ရာရရှိခဲ့

သာကေတမြို့နယ်တွင် လိုက်ထရပ်ကိုယ်ပိုင်ယာဉ်နှင့်ဟီနိုးကွန်တိန် နာယာဉ်နှစ်စီးတိုက်မှုကြောင့် လေးဦး အပြင်းအထန်ဒဏ်ရာရရှိကာ ရှစ်ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် သာကေတမြို့နယ် ရှုခင်းသာလမ်းအတိုင်း အနောက်မှအရှေ့သို့ ယာဉ်မောင်းရဲဝင်း မောင်းနှင်လာသော ဂဃ/၃၆၇၄၊ လိုက်ထရပ် အဖြူရောင် (ကိုယ်ပိုင်)ယာဉ်သည် ရတနာလမ်းဆုံအနီးအရောက်တွင် တစ်ဘက်ယာဉ်ကြောရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ ကိုခင်မောင်ဝေ မောင်းနှင်လာသော ၅က/၉၅၃၄ ဟီးနိုးကွန်တိန် အငှားယာဉ်အားတိုက်မိသဖြင့် ယာဉ်နှစ်စီးပျက်စီးခဲ့ကာ ၈ဃ/၃၆၇၄ ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူများ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် လူပုဂ္ဂိုလ်သုံးဦး ဒဏ်ရာရရှိခဲ့ပြီး ရဟန်းသံဃာတော်ကိုးပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဒဏ်ရာရရှိသူများထဲမှ ရဟန်းသံဃာတော်လေးပါးမှာ သြဂုတ်လ ၂၉ ရက်နေ့ ညနေ ၆ နာရီအချိန်အထိ သတိမရရှိသေး ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကို သာကေတအမှတ်(၂)ရဲစခန်း(ပ)၆၈၀/၂၀၁၂၊ ပုဒ် မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်ပြီးစစ် ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။