Thursday, August 30, 2012

CDMA ဖုန်းများပါ ဖုန်းသံစဉ် ရတော့မည်


မိမိ၏ မိုဘိုင်းဖုန်းသံစဉ် My Ring Tune စနစ် ထည့်သွင်းအသုံးပြုခွင့်ကို CDMA ဖုန်းများပါ အသုံးပြုနိုင်ရန် ၀န်ဆောင်မှုပေး မည်ဖြစ်ကြောင်း Fortune International ကုမ္ပဏီက သိရသည်။

ဖုန်းခေါ်ဆိုရာတွင် သာမာန်ဖုန်းမြည်သံအစား မိမိထည့်သွင်း အသုံးပြုလိုသည့် သီချင်းသံကို ပြောင်းလဲ ထားသော My Ring Tuneစနစ်တစ်ခုဖြစ်ပြီး လက်ရှိတွင် အဆိုပါစနစ်ကို ဂျီအက်စ်အမ်မိုဘိုင်း ဖုန်းများနှင့် ကမ်းရိုးတန်း WCDMA ဖုန်းများတွင်သာ အသုံးပြုနေခြင်းဖြစ်သည်။

ကျွန်တော်တို့ နောက်လလောက်မှာ ၀န်ဆောင်မှုပေးနိုင်အောင် ဆောင်ရွက်မှာပါ၊ ၊ဆော့စ်ဝဲလ် ရေးဖို့ ကျန်နေသေးပါတယ်၊   ငွေဖြတ်တောက်မယ့် စနစ်အတွက်၊ ကျန်တဲ့စနစ်တွေတော့ အားလုံး ပြီးသွားပါပြီ ၊” ဟု Fortune International ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိ ကောက်ခံနေသည့် နှုန်းထားများမှာ သီချင်း တစ်ပုဒ်လျှင် လစဉ်ကြေး ကျပ် ၂၀၀၀၊ သီချင်းထည့်သွင်းခ ကျပ် ၅၀၀ နှုန်း ကျသင့်မည်ဖြစ်ပြီး ယင်းငွေများကိုလည်း လစဉ်ပထမအပတ်မှ စတင်၍ အသုံးပြုသူ၏ မိုဘိုင်းဖုန်းထဲမှ နှုတ်ယူသွားခြင်းဖြစ်သည်။

ဈေးနှုန်းကိုတော့ လျှော့ချခြင်း မပြုလုပ်နိုင်သေားပါဘူး၊ ဟု ” Fortune International ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစနစ်ကို အသုံးမပြုချင်တော့ပါက လမကူးမီ ကြိုတင် အကြောင်းကြားပေးရမည်ဖြစ်ပြီး အကြောင်းမကြားထားပါက ပုံမှန်အတိုင်း ငွေဖြတ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

 လက်ရှိတွင် My Ring Tune စနစ်၌ ဝန်ဆောင်မှု ပေးထားသည့် သီချင်းများမှာ မြန်မာ၊ အင်္ဂလိပ်၊ အိန္ဒိယနှင့် တရုတ်သီချင်းများဖြစ်ပြီး အများဆုံး အသုံးပြုကြသည့် သီချင်းများမှာ မြန်မာသီချင်းများ ဖြစ်ကြောင်း သိရသည်။

My Ring Tune စနစ်ကို ၂၀၁၀ ခုနှစ်မှ စတင်ဝန်ဆောင်မှု ပေးခြင်းဖြစ်ပြီး လက်ရှိတွင် ဝန်ဆောင်မှုပေးသည့် ၂ နှစ်ပြည့် အဖြစ် လာမည့် စက်တင်ဘာလတွင် Promotion များ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအချိန် ဖုန်းသံစဉ်များတွင် အောင်လ၊ ဥာဏ်လင်းအောင်၊ လင်းလင်း၊ လေးဖြူ၊ မျိုးကြီးသီချင်းများအား လူကြိုက်များပြီး ပြည်ပအဆိုတော်များထဲမှ LMFAO (Party Rock Anthem)Justin Bieber (Baby) သီချင်းများမှာ လူကြိုက်များနေကြောင်း ဈေးကွက်အတွင်းက သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။