Thursday, August 30, 2012

ရန်ကုန်နှင့် ထားဝယ်မြို့များကို အခြေပြု၍ ပုဂ္ဂလိက လေကြောင်းလိုင်းသစ်နှစ်ခု ပြေးဆွဲရန်ရှိ

ရန်ကုန်နှင့် ထားဝယ်မြို့များကို အခြေပြု၍ ပုဂ္ဂလိကလေကြောင်းလိုင်းသစ်နှစ်ခု ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း လေကြောင်းလိုင်း အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။ ရန်ကုန်မြို့အခြေပြု၍ ပျံသန်းမည့် လေကြောင်းလိုင်းမှာ Golden Myanmar  လေကြောင်းလိုင်းဖြစ်ပြီး ရန်ကုန်မြို့အခြေပြု၍ ပြည်တွင်း၊ ပြည်ပခရီးစဉ်များအား ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။

Golden Myanmar  လေကြောင်းလိုင်းအား အများပိုင်ကုမ္ပဏီစုဖွဲ့၍ ပျံသန်းသွားမည်ဖြစ်ကြောင်း CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက သြဂုတ်လ ၂၁ ရက်နေ့က ပြောကြားခဲ့ပါသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ရှိရာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ကို အခြေပြု၍ ထားဝယ်- ရန်ကုန် တိုက်ရိုက်ခရီးစဉ် ပြေးဆွဲရန်စီစဉ်ထားသည့် လေကြောင်းလိုင်းမှာ တနင်္သာရီလေကြောင်းလိုင်းဖြစ်ပြီး၊ ယင်းလေကြောင်းလိုင်းအား တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အခြားစီးပွားရေး လုပ်ငန်းရှင်များက တည်ထောင်ပြေးဆွဲခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

''ရေနက်ဆိပ်ကမ်းတည်ရှိတဲ့ ထားဝယ်မြို့ကို အခြေပြုပြီး လေကြောင်းလိုင်းသစ်ပြေးဆွဲဖို့ စီစဉ်နေတာကြာပါပြီ။ ဒီနှစ်ထဲမှာတော့ ခွင့်ပြုချက်လည်းရထားပြီး အောက်တိုဘာမှာစပြီး ပြေးဆွဲနိုင်ဖို့ လေယာဉ်ဝယ်ယူဖို့ စီစဉ်နေတယ်လို့ သိရတယ်'' ဟု လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူက ဆိုပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။