Thursday, August 30, 2012

ရခိုင်အကြမ်းဖက်သူများကို စားသောက် ကုန်များ ထောက်ပံ့သည်ဟုဆိုကာ ဓားဖြင့် ထိုးသတ်


ရခိုင်ပြည်နယ် မြောက်ဦး မြို့ နယ် အတွင်း ရန်ကုန်-စစ်တွေ လမ်းဘေး လောင်းကြက်ကျေးရွာတွင် ဆူပူအကြမ်းဖက် သူများကို စား သောက်ကုန် များ ထောက်ပံ့ပေး သည်ဟုစွပ်စွဲကာ ဓားဖြင့် ထိုးသတ် မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ရခိုင် ပြည်နယ်အစိုးရရုံးမှ သိရသည်။

ဩဂုတ် ၂၁ ရက် မြောက်ဦး မြို့နယ်လောင်းကြက်ကျေးရွာနေ ဦးငပျော့ကြီး ၆၄ နှစ်(ဘ) ဦးထွန်း အောင်ကျော်အား တစ်ရွာတည်းနေ ဦးမောင်အေးသာ ၆၂ နှစ်(ဘ) ဦးမောင်သာထွန်းက ဆူပူအကြမ်းဖက်သူများအား စားသောက်ကုန် များ ထောက်ပံ့သည်ဟု စွပ်စွဲပြော ဆိုကာ အသင့်ပါလာသော ငှက် ကြီးတောင်ဓားဖြင့် ထိုးသတ်ခဲ့သည့် အတွက် ဦးငပျော့ကြီးမှာ ဝမ်းဗိုက် တွင် ဓားဒဏ်ရာတစ်ချက်တည်းဖြင့် သေဆုံးသွားကြောင်း အဆိုပါရုံးမှ သိရသည်။
ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဦး ငပျော့ကြီး၏ဇနီး ဒေါ်မလုံးစိန် ၆၁ နှစ် (ဘ) ဦးထွန်းဖြူက မြောင်း ဘွယ်ရဲစခန်းကို သွားရောက်တိုင် ကြားခဲ့ရာ အဆိုပါ ရဲစခန်းက ပ ၄၆/ ၂၀၁၂ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။