
မြန်မာ ကျပ်ငွေ သိန်းတစ် ရာ ကျော် တန်ဖိုးရှိ ငွေစက္ကူ ကျပ် ၅ဝဝဝ တန် အတုများ သယ်ဆောင် လာသူ အမျိုးသမီး တစ်ဦးအား တောင်ကြီးမြို့နယ် ဟိုမိန်းဒေသ တွင် ဒေသခံပြည် သူ့စစ်အဖွဲ့တစ်ဖွဲ့ က သြဂုတ်လ ၂၄ ရက်တွင် ဖမ်း ဆီးရမိခဲ့သည် ဟု
သိရသည်။
သို့ရာတွင် လိုက်နာမှုမရှိသည့်အတွက် ယခုကဲ့သို့ ထပ်မံဖမ်းဆီးရခြင်းဟု ဒေသခံအချို့ က ဆိုကြသည်။ နန်းနုသည် လင်းခေးမြို့နယ် နားကုန်းဒေသ ခံတစ်ဦးဖြစ်ပြီး မြန်မာ နှင့် ထိုင်း နှစ်နိုင်ငံစလုံး၏ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထား သူဖြစ်ကာ လွန်ခဲ့သည့်နှစ်ပေါင်း ၂ဝ ကျော်ကတည်းက ထိုင်းနိုင်ငံတွင် အခြေချနေထိုင်ခဲ့သူဟု သိရသည်။သူမ၏ ထွက်ဆိုချက်အရ ၄င်း ငွေစက္ကူ အတုများကို ချင်းမိုင်မြို့မှ တစ်ဆင့် မယ်ဟောင်ဆောင်လမ်း ကြောင်း အတိုင်း မြန်မာနိုင်ငံသို့ သယ်ယူခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။ ငွေစက္ကူအတု တန်ဖိုး ကျပ် ၅ သိန်းကို ထိုင်းဘတ်ငွေ ၇ ထောင် နှင့်ဝယ်ယူလဲလှယ်ခဲ့ရသည်ဟုလည်း ဆိုသည်။ပြည်သူ့စစ်အဖွဲ့က နန်းနုနှင့် အတူ သိမ်းဆည်းရမိသော ငွေသား များကို သက်ဆိုင်ရာအစိုးရတာဝန် ရှိသူများထံ လွှဲပြောင်းပြီးဖြစ်သည် ဟု သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။