Thursday, August 30, 2012

ပခုက္ကူမြို့တွင် အုပ်စု ဖွဲ့ရမ်းကားမှု တစ်ခုဖြစ်ပွား

ပခုက္ကူမြို့တွင် အုပ်စု ဖွဲ့ရမ်းကားမှု တစ်ခုဖြစ်ပွား
ပခုက္ကူမြို့တွင် သြဂုတ်လ ၂၇ ရက် ည ၉နာရီခွဲ အချိန် ခန့်က အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀ ခန့်ရှိ လူအင်အားတစ်စုသည် ပခုက္ကူမြို့ အမှတ် ၁၂ ရပ်ကွက် အတွင်း ၀င်ရောက်ကာ ၄င်းရပ်ကွက်အတွင်းတွင်ရှိသော လူအများကို ရိုက်နှက်ခြင်း၊ ဈေးဆိုင်အချို့ရှိ ပစ္စည်းများကို ဖျက်စီးခြင်း ၊နေအိမ်များကို ခဲဖြင့် ပစ်ပေါက်ခြင်း၊ ၀န်းထရံများကို ချိုးဖျက်ခြင်းနှင့် အဆိုပါ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးအပါအ၀င် ရပ်ကွက်နေပြည်သူများကို ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆို ကြိမ်းမောင်း မှုြ
ဖစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လူအင်အား အဖွဲ့သည် အမှတ် ၁၅ ရပ်ကွက် ၊ မြစ်ကိုင်းရပ် လက်ပံ ကန်ချောင်တွင်နေထိုင်သော လူအချို့ဖြစ်ပြီး ယခင်ကလည်း ယခုလိုဖြစ်ရပ် ကဲ့သို့ပင် ရမ်းကားဖျက်ဆီးမှုလုပ်ရပ်များ လုပ်ဆောင်ခဲ့ မှုမှတ်တမ်းများရှိကြောင်း၊ ၄င်းတို့သည် အနီးအနားရပ်ကွက်များသို့ဝင်ရောက်ပြီး ဥပဒေမဲ့ အုပ်စု ဖွဲ့ရမ်းကားခြင်း များကို ဆောင်ရွက်လျှက်ရှိနေခြင်းကြောင့် အဆိုပါရပ်ကွက်များတွင်နေထိုင်ကြသော ဒေသခံမြို့သူမြို့သားများ၏ လုံခြုံရေး အခြေ အနေမှာ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ကြောင်း၊ တာဝန်ရှိသူများမှ ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်မှုပြုလုပ်ရန်လိုအပ်လျှက်ရှိကြောင်း ယင်းဒေသခံများကပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။