Thursday, August 30, 2012

ပြည်ပရောက် မြန်မာ ပညာရှင် များကို အမြဲတမ်းနေထိုင် ခွင့်ပေးရန် သမ္မတ စဉ်းစား


ပြည်ပရောက် မြန်မာပညာ ရှင်များ မြန်မာနိုင်ငံသို့ ပြန်လာ၍ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်နိုင်စေရန် ၎င်းတို့ကို မြန်မာနိုင်ငံသား အဖြစ် ပြန်လည် မခံယူသေး ပါကလည်း အမြဲတမ်းနေထိုင်ခွင့် (PR-Permanent Resident) ကဲ့သို့ ပုံစံမျိုးဖြင့် ခွင့်ပြုရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စဉ်းစားနေကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီနှင့် သြဂုတ် ၂၁ ရက်က လယ်တော ရိပ်သာတွင် တွေ့ဆုံဆွေးနွေး စဉ် ပြည်ပရောက် (ပြည်ပနိုင်ငံသား ခံယူထားသော) မြန်မာပညာရှင်များ အမိနိုင်ငံပြန်လာ၍ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကူညီလုပ်ကိုင်နိုင်စေရန် အခြားနိုင်ငံများ၌ အောင်မြင်စွာ လုပ်ကိုင်ခဲ့သော အမြဲတမ်းနေထိုင်ခွင့်ကဲ့သို့ ပုံစံမျိုးဖြင့် ခွင့်ပြုရန် ဖြစ်နိုင်ခြေ ရှိ၊ မရှိ အလေးထား ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သော အကြံပေးကောင်စီဝင် ပုဂ္ဂိုလ်များကပြောသည်။ “အရေးကြီးတဲ့အချက်က သမ္မတကြီးအနေနဲ့ ဒါကို အထူးလိုလားတယ်”ဟု အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောသည်။ “၀ိုင်းစဉ်းစားတော့ အနီးစပ်ဆုံးပုံစံက PR ပုံစံလေးနဲ့များပေးရင် အဆင်ပြေမလားပေါ့။ အဲဒါတွေ ဆွေးနွေးတာပါ။ အသေးစိတ်ကတော့ သမ္မတကြီးအနေနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတွေနဲ့ ဆက်လုပ်ရမှာပေါ့။ အဲဒီအဆင့်ပဲ ရှိပါသေးတယ်။ အဖွဲ့ဝင်(အကြံပေးကောင်စီအဖွဲ့ဝင်များ) အများစုရဲ့ သဘောထားအရတော့ ဒါဖြစ်နိုင်ခြေအရှိဆုံး နည်းလမ်းပေါ့။ အဲဒီလို မြင်တာပေါ့”ဟု ဦးတင်ထွဋ်ဦးက ဆက်လက်ပြောသည်။
ပြည်ပရောက် မြန်မာပညာရှင်များ မိခင်နိုင်ငံပြန်လာ၍ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် ၀ိုင်းဝန်းကူညီရန် သမ္မတဦးသိန်းစိန်က ၂၀၁၁ သြဂုတ် ၁၇ ရက်တွင် စတင်ဖိတ်ခေါ်ခဲ့ပြီး ၎င်းပြောကြားသော မိန့်ခွန်းများတွင် မကြာခဏ ဖိတ်ခေါ်ခဲ့သည်။ ထို့အတူ အဝေးရောက် မြန်မာပညာရှင်အချို့မှာ နိုင်ငံရေး အကူးအပြောင်း ကာလတွင် မိခင်နိုင်ငံပြန်လာ၍ ၀ိုင်းဝန်းကူညီပေးနေသူများ ရှိနေပြီဖြစ်ပြီး အချို့မှာလည်း ပြန်လာရန် ကြိုးပမ်းနေသူ၊ အခြေအနေကို စောင့်ကြည့်နေသူများ ရှိသည်။ ပြည်ပနိုင်ငံသား ခံယူထားသော မြန်မာပညာရှင်များအနေဖြင့် ချက်ချင်း အခြားနိုင်ငံသား ခံယူထားမှုကို စွန့်လွှတ်၍ မြန်မာနိုင်ငံသား ခံယူရန် မလွယ်ကူပေ။ ထိုနည်းတူ မြန်မာနိုင်ငံ၏ ဥပဒေများအရလည်း လူပုဂ္ဂိုလ်တစ်ယောက်တည်း နှစ်နိုင်ငံသားအဖြစ် ခံယူ၍မရဟု အကြံပေးကောင်စီ ၀င်များက ပြော သည်။ ထို့ကြောင့် ပြည်ပနိုင်ငံ သား ခံယူထားမှုကို စွန့်လွှတ်ရန် မလိုဘဲ ပြည်တွင်းပြန်လာ၍ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်နိုင်ရန် အမြဲတမ်းနေထိုင်ခွင့်ပုံစံမျိုးကို ခွင့်ပြုရန် စဉ်းစားနေခြင်းဖြစ်သည်။ “သူတို့လည်း ဒီမှာလာပြီး လုပ်သာကိုင်သာရှိအောင်၊ လုပ်နိုင်ကိုင်နိုင်ရှိအောင် ကျွန်တော်တို့ ဘယ်လိုလုပ်ပေးမလဲ။ ဘယ်နိုင်ငံတွေမှာ ဘယ်လိုလုပ်ပေးနေသလဲ။ အိန္ဒိယတို့ ဘာတို့လည်း ဒီလိုပဲ ခေတ္တပြန်လာပြီးနေနိုင်တဲ့ PR ပုံစံမျိုးလေးတွေနဲ့ လုပ်ပေးနေတဲ့ နိုင်ငံတွေရှိတယ်။ ဥပမာ ကျွန်တော်တို့ဆီက လူတွေတောင်မှ စင်ကာပူသွားပြီး အလုပ်လုပ်ပြီး PR ရနေတဲ့သူတွေ အများကြီးရှိတယ်။ သူတို့ ပြန်လာမယ်။ PR နဲ့ လုပ်မယ်။ အားလုံးအဆင်ပြေတယ်။ Citizenship ကို သူတို့ ပြန်လိုချင်တယ်ဆိုတော့မှ အပြီးလျှောက်ကြပေါ့။ စသဖြင့်ပေါ့။ အဲလိုနည်းလမ်းလေးတွေ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာလေးတွေ နည်းနည်းဆွေးနွေးတာပါ”ဟု အထက်ပါ အကြံပေးကောင်စီဥက္ကဋ္ဌက ပြောသည်။
“ပြန်လာရင် သူတို့ရဲ့ပညာကို ပြန်သုံးချင်တာ။ အိန္ဒိယတို့၊ တောင်ကိုရီးယားတို့၊ ဗီယက်နမ်တို့ နောက်ဆုံး တရုတ်တို့လည်း ဒီလိုပုံစံမျိုးနဲ့ သူတို့ဆီက ပညာရှင်တွေကို ပြန်ခေါ်တာရှိတယ်။ ဒါကြောင့် အဓိကကတော့ ပြည်ပရောက် ပညာရှင်တွေကို ဘယ်လိုစနစ်နဲ့ လက်ခံမလဲဆိုတာပေါ့”ဟု အကြံပေးကောင်စီအဖွဲ့ဝင် ဦးသန်းလွင်က ပြောသည်။ ပြည်ပရောက် မြန်မာပညာရှင်များကို အမြဲတမ်းနေထိုင်ခွင့် ပုံစံမျိုးပေး၍ လက်ခံရန်စနစ်မှာ ဆွေးနွေးဆဲအဆင့်သာဖြစ်၍ အသေးစိတ် အချက်အလက်များ ပါဝင်မည့် နောက်ဆက်တွဲ ဆွေးနွေးပွဲများ ပြုလုပ်ရန် လိုသေးကြောင်း ဦးသန်းလွင်က ပြောသည်။ ဦးသန်းလွင်မှာ ပြည်ပရောက် မြန်မာများကို ဖိတ်ခေါ်၍ နိုင်ငံဖွံ့ဖြိုးရေးတွင် ၎င်းတို့၏ ပညာနှင့် အတွေ့အကြုံများ အကျိုးရှိစွာ အသုံးချရန် သမ္မတကို အကြံပေးသူများအနက်မှ တစ်ဦးအပါအ၀င်ဖြစ်သည်။
ပြည်ပရောက် နိုင်ငံသားများ လက်ခံရာတွင် အောင်မြင်ခဲ့သော အိန္ဒိယ၊ တောင်အာဖရိက၊ ဗီယက်နမ်၊ တရုတ် စသော နိုင်ငံများ၏ ပုံစံများကို ဥပမာပေး၍ အဝေးရောက် မြန်မာများကို ပြန်လက်ခံရေးအတွက် သမ္မတကိုယ်တိုင် အလေးအနက် ဆွေးနွေးခဲ့ကြောင်း ကောင်စီအဖွဲ့ဝင် ဦးလှမောင်ရွှေကလည်း ပြောသည်။ သမ္မတနှင့် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီတို့ တွေ့ဆုံဆွေးနွေးမှုမှာ လေးကြိမ်မြောက်ဖြစ်ပြီး သြဂုတ် ၂၁ ရက် တွေ့ဆုံမှုတွင် လယ်ယာကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ပညာရေး၊ နိုင်ငံဖွံ့ဖြိုးရေး၊ နည်းပညာ စသောကဏ္ဍများနှင့် ပြည်ပရောက် 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။