Thursday, August 30, 2012

နိုင်ငံခြားမှ ဆက်သွယ်ရေး ဂြိုဟ်တု ငှားသုံး မသုံး ဈေးနှုန်းပေါ် မူတည်


ဆက်သွယ်ရေး ဆိုင်ရာ ဂြိုဟ်တု ငှားရမ်း သုံးစွဲနှုန်း အပေါ် မူတည်ပြီး ငှားရမ်းခြင်းပြု မပြုကို ဆုံးဖြတ်သွားမည်ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ သိရသည်။ ''ဈေးချိုရင်တော့ ၅ နှစ်စာ ချုပ်ပြီး ငှားရမ်းသုံးစွဲသွားမှာပါ။ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ် ဆိုရင် ငှားသုံးမယ်။ အကျိုးမရှိဘူး ထင်ရင်တော့ သုံးစွဲသွားမှာ မဟုတ် ပါဘူး''ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦး က ပြောသည်။
လက်ရှိတွင် ဂြိုဟ်တု ငှားရမ်း သုံးစွဲမှု အတွက် စုံစမ်းမှုများ ပြုလုပ် လျက်ရှိပြီး ပြည်ပနိုင်ငံများမှလည်း ဆက်သွယ်ရေးသို့ လာရောက် ကမ်းလှမ်း မှုများ ပြုလုပ်လျက်ရှိနေ ကြောင်း ၄င်းကဆက်လက် ပြော သည်။ ''ဂြိုဟ်တုအတွက် လာကမ်း လှမ်းတဲ့ ကုမ္ပဏီတွေများပါတယ်။ တရုတ်၊ အိန္ဒိယစ တဲ့ကုမ္ပဏီတွေပါ။ လောလောဆယ်တော့ ပေးချေရ မယ့်နှုန်းထားနဲ့ အကျိုးရှိမရှိဆိုတာ ကို တွက်ချက်နေပါတယ်''ဟု ၄င်းက ဆက်လက်ပြော သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ ဆက်သွယ်ရေးလုပ်ငန်းများအ တွက် ၂ဝ၁၅ ခုနှစ်တွင် ကိုယ်ပိုင် ဂြိုဟ်တုလွှင့်တင်မည်ဟု ထုတ်ပြန် ထားခဲ့သော်လည်း ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် ကိုယ်ပိုင်ဂြိုဟ်တု လွှင့်တင်ရေးကို အသုံးမပြုတော့ဘဲ ငှားရမ်းသုံးစွဲမှုကို ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။
ယင်း ဂြိုဟ်တုငှားရမ်း သုံးစွဲ ဖြစ်ပါကဝေးလံခေါင်ဖျားသည့်ဒေသ များနှင့် ပင်လယ်အတွင်းရှိကျွန်းများ အတွက် ဆက်သွယ်မှု လွယ်ကူစေ ရန် အသုံးပြုသွားမည်ဖြစ်ကြောင်း မြို့တွင်းဆက်သွယ်မှုအား လက်ရှိ အသုံးပြုနေသည့် ဖိုင်ဘာကေ ဘယ်လ်စနစ်ကိုသာ အသုံးပြုမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုယ်ပိုင်ဂြိုဟ်တု လွှင့်တင်နိုင်ခြင်း မရှိသေးဘဲ ငှားရမ်း၍သာ သုံးစွဲနေ သည်။ မကြာမီကာလတွင် ဂျပန် နိုင်ငံမှ ကမ္ဘာမြေ လေ့လာရေး ဂြိုလ်တုကို မြန်မာနိုင်ငံအတွက် အခမဲ့ လွှင့်တင်ပေးမည်ဟု သိရ သည်။ယင်းဂြိုလ်တု လွှင့်တင်ဖြစ်ပါ က အစိုးရဝန်ကြီးဌာနအချို့ သုံးစွဲ ခွင့်ရမည်ဖြစ်သော်လည်း ဆက် သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာနမှ သုံးစွဲမည်မဟုတ် ကြောင်း ဆက်သွယ်ရေးမှ သိရ သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။