Wednesday, February 20, 2013

ရွှေ(၆)ဆုဆွတ်ခူးရန် ကြိုးပမ်းမည်ဟု ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဆို

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ အားသာချက်ရှိသည့်    မြန်မာရိုးရာအားကစားနည်းများဖြင့် ရွှေတံဆိပ်များစွာ ရရှိအောင်ကြိုးစားသွားမည် ဖြစ်ကြောင်း    မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးနိုင်က ဆိုသည်။

 

လက်ရှိတွင် ခြင်းလုံးအားကစားနည်းအတွက် ကုန်ကျစရိတ်သိန်း(၇၀၀၀)ထောင်ကျော် ကုန်ကျခံပြီး လေ့ကျင့် လျက်ရှိကြောင်းကိုလည်း သိရသည်။

 

သက်ဆိုင်ရာနိုင်ငံများအားပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ဖိတ်ခေါ်ခဲ့ပြီးဖြစ်ကြောင်း ခြင်းလုံးကစားနည်းက   မြန်မာရိုးရားအားကစားနည်းဖြစ်သောကြောင့်  ကုန်အကျခံ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၀င်ယှဉ်ပြိုင် ရမည့် ခြောက်ပွဲမှ ရွှေတံဆိပ်ခြောက်ခုရရန် မျှော်မှန်းထားကြောင်းကိုလည်း သိရသည်။

 

`မြန်မာနိုင်ငံမှာ အာဆီယံဆီးဂိမ်းပြိုင်ပွဲကို နှစ်ပေါင်းလေးဆယ်ကျော်မှ ကျင်းပခွင့်ရတာပါ၊ဒါကြောင့် အားကစားနည်းများ စွာမှာ မြန်မာနိုင်ငံက အားနည်းနေချက်ရှိနေတဲ့အတွက် ပထမဆုံးအကြိမ်ပါဝင်မဲ့ ရိုးရာအားကစားနည်း လည်းဖြစ် အားသာချက်များတဲ့ ခြင်းလုံးအားကစားနဲ့ ရွှေတံဆိပ်များစွာရရှိအောင် လုပ်သွားမှာပါ´ဟု ဦးစိုးနိုင်  က ပြောသည်။

 

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း(၃၃)မျိုးပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ် ပြီး ပထမဦးဆုံး ထည့်သွင်းယှဉ်ပြိုင်မည့် ရိုးရာခြင်းလုံးပြိုင်ပွဲအတွက် ငွေကြေးအကုန်အကျများစွာ အသုံးပြု ထားသည့်အတွက် ယခုကဲ့သို့ အားသာချက်ရှိသည်ဟု ပြောခြင်းကြောင်းကိုလည်း သိရသည်။

 

ခြင်းလုံးအားကစားနည်းတွင် မူလအဆင့်မျိုးကွဲပြိုင်ပွဲ၊ မူလအဆင့်မျိုးတူ ပြိုင်ပွဲ၊ မူလအဆင့်အတွဲ ပြိုင်ပွဲ၊ ဒုတိယအဆင့်မျိုးကွဲပြိုင်ပွဲတို့အား အမျိုးသား၊အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ အစရှိသည့် အားကစားနည်း ရှစ်မျိုးအနက် မြန်မာနိုင်ငံမှ ခြောက်မျိုးဝင်ရောက်ယှဉ်ပြိုင်ကာ ရွှေဆု(၆)ဆုမျှော်မှန်းခြင်းဖြစ်သည်။

 

အဆိုပါပြိုင်ပွဲအတွက် သက်ဆိုင်ရာနိုင်ငံအလိုက် နည်းစနစ်များ သိရှိစေရန် ပြသပေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ဒိုင်အဖွဲ့ဝင်(၈၃)ဦး ထားရှိပြီးဖြစ်ကြောင်းနှင့် ယှဉ်ပြိုင်မည့် အားကစားသမားး ကျား(၂၅)ဦး၊မ(၂၅) ဦး ကိုလည်း ရွေးချယ်ထားရှိကာ နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။

 

ထိုင်း၊လာအို၊ဗီယက်နမ်၊စင်ကာပူ၊ကမ္ဘာဒီယားနိုင်ငံများသို့ မြန်မာခြင်းလုံးအားကစားသမားများအား စေလွှတ်ခဲ့ခြင်းကြောင်း၊ နည်စနစ်ပိုင်းဆိုင်ကဏ္ဍများလည်း ဖွံ့ဖြိုးလာကြောင်းကိုလည်း သိရသည်။

 

လက်ရှိအချိန်အထိ မြန်မာဆီးဂိမ်းခြင်းလုံးပြိုင်ပွဲများအတွက် မည်သည့်နိုင်ငံများမှ ပါဝင်ယှဉ်ပြိုင်မည်ဆိုသည်ကို သိရှိရခြင်းမရှိသေးကြောင်း အား/ကာဦးစီးအရာရှိ ဒေါ်ခင်အေးမူက ဆိုသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။