Showing posts with label ဥာဏ်ဥာဏ် (မြစ်မခ). Show all posts
Showing posts with label ဥာဏ်ဥာဏ် (မြစ်မခ). Show all posts

Friday, September 7, 2012

သုံးထောင်တန်နှင့်ငါးထောင်တန် ကြိုတင်ငွေဖြည့်ကဒ်များ ထွက်လာတော့မည်


ကြိုတင်ငွေဖြည့်ကဒ်များအားပြည်သူများ  အလွယ်တကူအသုံးပြုနိုင်ရန်အတွက် ကျပ်သုံးထောင်တန်နှင့် ကျပ်ငါးထောင်းတန် ကြိုတင်ငွေဖြည့်ကဒ်များ ထုတ်လုပ်ရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကသိရှိရသည်။

Thursday, September 6, 2012

ဆက်သွယ်ရေးဝန်ထမ်းတစ်သောင်းကျော် အရပ်ဘက်သို့ ပြောင်းရမည်ဟု သတင်းများပေါ်ထွက်


ကော်ပိုရေးရှင်းအဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းမည် ဖြစ်၍့  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများမှ နိုင်ငံ့ဝန်ထမ်း တစ်သောင်းကျော်အား အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းများအဖြစ် ပြောင်းလဲသွားဖွယ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။


Thursday, August 30, 2012

CDMA ဖုန်းများပါ ဖုန်းသံစဉ် ရတော့မည်


မိမိ၏ မိုဘိုင်းဖုန်းသံစဉ် My Ring Tune စနစ် ထည့်သွင်းအသုံးပြုခွင့်ကို CDMA ဖုန်းများပါ အသုံးပြုနိုင်ရန် ၀န်ဆောင်မှုပေး မည်ဖြစ်ကြောင်း Fortune International ကုမ္ပဏီက သိရသည်။

ဖုန်းခေါ်ဆိုရာတွင် သာမာန်ဖုန်းမြည်သံအစား မိမိထည့်သွင်း အသုံးပြုလိုသည့် သီချင်းသံကို ပြောင်းလဲ ထားသော My Ring Tuneစနစ်တစ်ခုဖြစ်ပြီး လက်ရှိတွင် အဆိုပါစနစ်ကို ဂျီအက်စ်အမ်မိုဘိုင်း ဖုန်းများနှင့် ကမ်းရိုးတန်း WCDMA ဖုန်းများတွင်သာ အသုံးပြုနေခြင်းဖြစ်သည်။

Sunday, August 26, 2012

ပြင်ပဈေးကွက်တွင် CDMA 800 MHz ဖုန်းလိုင်းကဒ် ဈေး ကျပ်(၃)သိန်းကျော်အထိမြင့်တက်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ  ချထားမှုရပ်ဆိုင်းထားသော CDMA 800 MHz ဖုန်းလိုင်းကဒ်များမှာ အပြင်ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လျှက်ရှိပြီး ဈေးနှုန်းများမှာလည်း သိသိသာသာမြင့်တက်လာကြောင်း ဖုန်းအရောင်းဆိုင်များမှ သိရှိရသည်။

Thursday, August 16, 2012

ပြည်တွင်းမိုဘိုင်းဖုန်းများ အာဆီယံနိုင်ငံများသို့ချိတ်ဆက်အသုံးပြုနိုင်ပြီဟု ဆက်သွယ်ရေးအတည်ပြု


မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းများအား အာဆီယံနိုင်ငံများတွင်သယ်ဆောင်အသုံးပြုနိုင်အတွက် ဆောင်ရွက်လျှက်ရှိရာ လက်ရှိအချိန်တွင်ချိတ်ဆက်အသုံးပြုနိုင်ရန် အဆင့်သင့် အနေအထားသို့ရောက်ရှိနေပြီဖြစ်ကြောင်း    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

Sunday, August 12, 2012

လာမည့်နှစ်အတွင်း အပြီးသတ်တည်ဆောက်မည့် လှည်းတန်းဂုံးကျော်တံတား


ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းခုံးကျော်တံတားအား ၂ဝ၁၃ခုနှစ် ဇူလိုင်လမှသာအပြီးသတ်တည်ဆောက်နိုင် မည်ဖြစ်ကြောင်း ယင်းတံတားအား တာဝန်ယူတည်ဆောက်နေသည့် ရွှေတောင်ကုမ္ပဏီက သိရှိရသည်။

Wednesday, August 8, 2012

အရစ်ကျ ငွေပေးစနစ်ဖြင့် ရောင်းချသော မိုဘိုင်းဖုန်း ၀ယ်ယူသူနည်းပါးသောကြောင့် ငွေပေးသွင်းရမည့်နှုန်းများပြင်ဆင်


အစိုးရဝန်ထမ်းများအား အရစ်ကျငွေပေးချေစနစ်ဖြင့် ချထားပေးလျှက်ရှိသော မိုဘိုင်းဖုန်းများအား ၀ယ်ယူသူနည်းပါးသောကြောင့်စက်တင်ဘာလဆန်းပိုင်းမှစ၍ ငွေပေးသွင်းရမည့် နှုန်းထားများအား လစာအလိုက် လျှော့ချသတ်မှတ်လိုက်ကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

Thursday, July 19, 2012

မြန်မာ့ဆက်သွယ်ရေးက ပြန်လည်စစ်ဆေးရမည့် ညပိုင်းဖုန်းခေါ်ဆိုခ နှုန်းထားများ

ဖုန်းဘီလ်စနစ်မှ ငွေဖြည့်ကဒ်စနစ်သို့ ပြောင်းလဲအသုံးပြုနေသော မိုဘိုင်းဖုန်းကဒ်အချို့၏ ညပိုင်းဖုန်းခေါ်ဆိုခမှာကျပ်ငွေ (၅၀)အပြည့် ပေးဆောင်နေရကြောင်း သုံးစွဲသူများထံက သိရှိရသည်။

Wednesday, July 18, 2012

ယခုလမှစ၍ ထီတိုက်သည့် ၀န်ဆောင်မှု Call Center က ပေးမည်

ယခုလမှ စတင်ကာ  အောင်ဘာလေ ထီပေါက်စဉ်မှ  လစဉ်ထီတိုက်ပေးမည့် ဝန်ဆောင်မှုအား ရတနာပုံ Call Center က ၀န်ဆောင်မှုပေးတော့မည်ဖြစ်ကြောင်း သိရသည်။
ထီပေါက်စဉ် အက္ခရာနှင့် ထီနံပါတ်များကို အွန်လိုင်းwww.myanmarelottery.com ၀က်ဘ်ဆိုက် လိပ်စာမှ တစ်ဆင့် မှ တဆင့် ထီတိုက်ပေးခြင်း၊ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းစသည့် ဝန်ဆောင်မှုပေးမည် ဖြစ်သည်။

မြန်မာ့ပထမဆုံး အင်တာနက်မှ ဈေးဝယ်ယူနိုင်မည့်စနစ်အား ပုဂ္ဂလိကဘဏ်တစ်ခုက စီစဉ်


  မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် အွန်လိုင်းမှတဆင့် ဈေးဝယ်ယူခြင်းကို ပုဂ္ဂလိကဘဏ်တစ်ခုသည် သြဂုတ်လမှ စတင်အသုံးပြုနိုင်ရန်အတွက် အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အင်တာနက်မှတစ်ဆင့် ဈေးဝယ်ယူခြင်းစနစ်အား အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး (AGD) ဘဏ်နှင့် ရတနာပုံတယ်လီပို့တို့ ပူးပေါင်းကာ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

Tuesday, July 17, 2012

ချင်းပြည်နယ်တွင် မိုဘိုင်းစခန်းများတည်ဆောက်ပြီးပါက ဖုန်းလိုသလောက် ချထားပေးမည်

ချင်းပြည်နယ်၌ မိုဘိုင်းစခန်းများတည်ဆောက်ပြီးစီးပါက ယင်းဒေသမှ တောင်းဆိုသလောက် မိုဘိုင်းဖုန်း ဆင်ကဒ်များ ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက  သိရှိရသည်။
 
 

Wednesday, June 27, 2012

နေပြည်တော် NOCအတွက် အကျိုးတူလုပ်ငန်းရှင်များအား ဆက်သွယ်ရေးမှ ကမ်းလှမ်း

မကြာခင်လပိုင်းအတွင်း နေပြည်တော်တွင် ဖွင့်လှစ်မည့် Network Operation Center (NOC)အတွက်အကျိုးတူဆောင်ရွက် လိုသော ကုမ္ပဏီများအားမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကဖိတ်ခေါ်ထားကြောင်း သိရှိရသည်။
 

Sunday, June 24, 2012

ဇူလိုင်လ(၁)ရက်နေ့တွင် CDMA မိုဘိုင်းဖုန်းများအတွက် ကြိုတင်ငွေပေးချေစနစ်စတင်

ဖုန်းဘေလ်စနစ်ဖြင့်ပေးဆောင်နေရသော CDMA  မိုဘိုင်းဖုန်းများအား ဇူလိုင်လ(၁)ရက်နေ့မှ စတင်ကာ ကြိုတင်ငွေပေးချေ (Prepaid) စနစ်သို့ ပြောင်းလဲအသုံးပြုမည်ဖြစ်သည်။
 
 
ထို့အတူ ယခင် CDMA ဖုန်းဘေလ်များပေးဆောင်နေရသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငွေလက်ခံ ကောင်တာရုံးများကိုလည်း ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။
 

Friday, June 15, 2012

ပိုမိုအားသာချက်ရှိလာသည့် MPU Chip ကဒ်အား စမ်းသပ်သုံးစွဲကြမည်

MPU စနစ် Chip ကဒ်များအား ဇူလိုင်လအတွင်း စတင်စမ်းသပ်သုံးစွဲမည်ဖြစ်ကြောင်း မြန်မာငွေပေးချေမှုအဖွဲ့ (Myanmar Payment Union)က သိရှိရသည်။


MPU Chip ကဒ်များသည် ATM စနစ်နည်းတူ ငွေထုတ်ယူသည့်စနစ်တစ်ခုဖြစ်ပြီး ၎င်းATM ကပ်များထက် လုံခြုံရေးအပိုင်းတွင် ပိုမို စိတ်ချ ရကြောင်း သိရှိရသည်။ Chip ကဒ်များ၏ အားသာချက်မှာ ကော်ပီကူးယူ၍ မရနိုင်ခြင်းနှင့် ကဒ်ထဲရှိ Data များကို အလွယ်တ ကူဖောက်ယူ၍ မရနိုင်ခြင်းဖြစ်သည်။

Tuesday, June 12, 2012

ယခင်ကထက်လိုင်းဆွဲအား ပိုကောင်းသော အင်တာနက်ရရှိနိုင်တော့မည့် CDMA 800 MHz ဖုန်းများ

လက်ရှိချထားပေးလျှက်ရှိသော CDMA 800 MHz ဖုန်းများအား အင်တာနက်လျှောက်ထားမှု ကို ဇွန်လ (၁၂) ရက်နေမှစတင်၍ အသုံးပြုနိုင်မည်ဖြစ်ကြေင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်သည်။
 

မိုဘိုင်းအင်တာနက်အခက်အခဲများအား Mobile Care Centerသို့ မေးမြန်းနိုင်


မိုဘိုင်းဖုန်းများအင်တာနက်သုံးစွဲရာတွင် အခက်အခဲတစ်စုံတစ်ရာဖြစ်ပေါ်လာပါက မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ဖွင့်လှစ်ထားသော Mobile Care Center တွင် မေးမြန်းစုံစမ်းနိုင်ကြောင်း သိရှိရသည်။
 

Thursday, June 7, 2012

ဆက်သွယ်ရေးဈေးကွက်သို့ ဆွီဒင်နှင့်အမေရိကန်အခြေစိုက်ကုမ္ပဏီများဝင်ရောက်မည်

 ဥာဏ်ဥာဏ် (မြစ်မခ)

မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်အတွင်းသို့ ဆွီဒင်နှင့် အမေရိကန်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီများ က ၀င်ရောက်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။

Wednesday, June 6, 2012

အွန်လိုင်းစနစ်ဖြင့် ဖုန်းဘီလ်ဆောင်နိုင်သော ဘဏ်အရေအတွက်တိုးလာ

 











ဘီလ်စနစ်သုံးမိုဘိုင်းဖုန်းများအနေဖြင့် သြဂုတ်လတွင်ထွက်ရှိလာမည့်ဖုန်းဘီလ်များမှစတင်ကာ ဘဏ်(၅)ခုတွင် အွန်လိုင်းစနစ်ဖြင့် ပေးဆောင်နိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

Tuesday, June 5, 2012

Y-talk စနစ်အား အိမ်သုံးနှင့် မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်

နိုင်ငံတကာ ဖုန်းခေါ်ဆိုနိုင်သည့် Y-talk စနစ်ကို အိမ်သုံးနှင့် မိုဘိုင်းဖုန်းများတွင်ပါ ခေါ်ဆိုအသုံးပြုနိုင်ရန် ဆောင်ရွက်နေကြောင်း ဝန်ဆောင်မှုပေးသည့် VMG TELECOMS ကုမ္ပဏီက သိရှိရသည်။
 

Saturday, June 2, 2012

တောင်းဆိုမှုများရှိလာပါက နှစ်သိန်းဖုန်းကဒ်များအား နိုင်ငံတော်ကအရှုံးခံ၍ ရောင်းချသွားမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းကဒ်နှုန်းထားများအား နိုင်ငံတော်သမ္မတကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ ဈေးနှုန်းလျှော့ချခိုင်းမည်ဆိုပါက အရှုံးခံ၍ လျှော့ချပေးမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက သိရှိသည်။