နိုင်ငံတကာ
ဖုန်းခေါ်ဆိုနိုင်သည့် Y-talk စနစ်ကို အိမ်သုံးနှင့်
မိုဘိုင်းဖုန်းများတွင်ပါ ခေါ်ဆိုအသုံးပြုနိုင်ရန် ဆောင်ရွက်နေကြောင်း
ဝန်ဆောင်မှုပေးသည့် VMG TELECOMS ကုမ္ပဏီက သိရှိရသည်။
Y-talk စနစ်အား မိုဘိုင်းဖုန်းများတွင် သုံးစွဲမည်ဆိုပါက VOIP
ဆော့ဖ်ဝဲအခမဲ့ထည့်သွင်းပေးမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုခများကိုလည်း
လက်ရှိမြန်မာ့ ဆက်သွယ်ရေးမှ ပြည်တွင်းခေါ်ဆိုမှုအတွက် ရောင်းချပေးသည့်
ကြိုတင်ငွေဖြည့်ကတ်စနစ်အတိုင်း အသုံးပြု ရမည် ဖြစ်ကြောင်း သိရသည်။
”မိုဘိုင်းဖုန်းတွေကနေ
နိုင်ငံတကာ ဖုန်းခေါ်ဆိုနိုင်ဖို့ မြန်မာ့ဆက်သွယ်ရေးကို လုပ်ပိုင်ခွင့်
တင်ပြီးပါပြီ။ ခွင့်ပြုချက်ရ မှာပါ။ ကျတာနဲ့ အမြန်ဆုံး အကောင်အထည်
ဖော်ဆောင်ရွက် ပေးမှာပါ” ဟု VMG TELECOMS ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက
ပြောသည်။
လက်ရှိတွင်
Y-talk ဖုန်းခေါ်ဆို ကတ်များအား ရန်ကုန်တွင် မြို့နယ်
အားလုံးနီးပါးရောင်းချ ပြီးစီးသွား ပြီဖြစ်ပြီး မြန်မာနိုင်ငံအတွင်း
အင်တာနက်သုံးစွဲနိုင်သည့် အခြားမြို့ကြီးများတွင်လည်း ဆက်လက်ရောင်းချ
သွားမည် ဖြစ်သည်။
Y-talk
စနစ်အား VMG TELECOMS ကုမ္ပဏီမှ ရတနာပုံတယ်လီပို့၊ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းတို့နှင့် ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ပြီး ၂ဝ၁၁ ခုနှစ် ဇွန်လမှ
စတင်၍ ဖော်ဆောင်ခဲ့ကာ စတင်သုံးစွဲခွင့်ကို ၂ဝ၁၂ ဖေဖော်ဝါရီလ တတိယပတ်တွင်
ချပေးခဲ့သည်။
“ဒီလို
လုပ်ပေးမယ်ဆို တာသေချာပြီဆိုရင်တော့ ကောင်းပါတယ်၊ ကျွန်တော်တို့
မိုဘိုင်းဖုန်းတွေရော၊ အိမ်တွေမှာ ပါအသုံးပြုလို ရမယ်ဆိုတော့ ကောင်းပါတယ် ”
ဟု လှည်းတန်းရှိ ကိုမင်းစိုးကပြောသည်။
၎င်း
အကောင့်ကဒ် ဝယ်ယူပြီးပါက User Name နှင့် Password ရရှိမည်ဖြစ်ပြီး၊
ဈေးကွက်အတွင်းတွင် Y-Talk ကား အက်ဖ်အီးစီ ၁ဝ တန်၊ ၃ဝ တန်၊ ၅ဝ တန်
ကြိုတင်ငွေပေးကဒ်ဖြင့် ငွေဖြည့်သွင်း၍ပြည်တွင်း/ပြည်ပသို့
ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်သည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။