Tuesday, June 5, 2012

 ရန်ကုန်-ဒလ ခရီးသည်တင် ရေယာဉ်တွင် ipay ကတ်စနစ် စတင်အသုံးပြု

ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ရန်ကုန်-ဒလ ခရီးသည်တင်ရေယာဉ် (ပန်းဆိုးတန်း) ဆိပ်ခံဘောတံတားတွင် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ipay ကတ်စနစ်ကို စတင် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။


''ကျွန်တော်တို့ ဒီကတ်စနစ်ကို အသုံးပြုဖို့ အစီအစဉ်က အရင်ကတည်းက ရှိပြီးသားပါ။ စစချင်းနေ့မှာပဲ ခရီးသည်တွေ စိတ်ဝင်စားခဲ့ကြတာ တွေ့ရတယ်။ ကတ်တန်ဖိုးကို ၇၀၀ အနည်းဆုံး သတ်မှတ်ပြီး ကျပ်တစ်သိန်းအထိ သွင်းလို့ရတယ်။ အခုကတော့ ipay ကတ်နဲ့ စီးမယ်ဆိုရင် သတ်မှတ်ထားတဲ့ ၀င်ပေါက်ကနေ ၀င်ရပါမယ်။ ကတ်မ၀ယ်ပဲနဲ့ အရင်လို လက်မှတ်ဝယ်စီးမယ်ဆိုလည်း ရပါတယ်။ ဒါနဲ့ပတ်သက်တာတွေကို မရင်းနှီးသေးတဲ့ ခရီးသည်တွေဆိုရင် ကျွန်တော်တို့က ရှင်းပြတာမျိုးတွေ လုပ်ပေးပါတယ်'' ဟု ipay ရေကြောင်းတာဝန်ခံ ကိုပြည့်ဖြိုးနောင်က ပြောသည်။
''ipay ဆိုတာ ကြားဖူးတာတော့ ကြာပြီ။ တစ်ခါမှ မသုံးဖူးဘူး။ ကျွန်မထင်တာကတော့ တစ်ခါတလေမှ ခရီးသွားသူတွေထက်စာရင် နေ့စဉ် ရုံးသွားရုံးပြန်၊ ကျောင်းသားတွေအတွက်ဆို ပိုအဆင်ပြေမယ်လို့ ထင်တယ်။ အမြဲတမ်းစီးတဲ့ သူတွေအတွက်ဆို အကြွေကိစ္စ သိပ်မရှိတော့ဘူးပေါ့'' ဟု ပန်းဆိုးတန်းမှ ဒလသို့ ပြေးဆွဲနေသော ရေယာဉ်ပ်ါမှ ခရီးသည်တစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။