
“တစ်ခါတစ်လေ
လူငယ်တွေက ကိုယ့်စိတ်ကြိုက် ဒီဇိုင်းပုံမျိုးတွေ လာအပ်ကြတယ်။ ရွှေဆိုင်က
မအပ်ကြတော့ ရတဲ့ပိုက်ဆံ ထက် ဆိုင်ခန်းခ၊ အလုပ်သမားခ၊
လိုအပ်တဲ့ပစ္စည်းဝယ်တာတို့နဲ့ လတိုင်း အိတ်စိုက်နေရတယ်” ဟု အင်းစိန်ဈေးမှ
(ရွှေ၊ ငွေ) ပန်းထိမ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမြင့်စိုးက ပြောသည်။
ဦးမြင့်စိုးက
ရွှေအရောင်းဆိုင်ကြီးများသည် မိမိဆိုင်အတွက် ပန်းထိမ်သမားများသီးသန့်
ငှားထားပြီး ပန်းထိမ် လုပ်ငန်းများ တွင် လက်ဝတ်ရတနာဒီဇိုင်းများ
အပ်နှံခြင်းမျိုး မရှိကြတော့သည့်အတွက် ပြင်ပ ပန်းထိမ်လုပ်ငန်း များ
ဝင်ငွေထိခိုက်လျက်ရှိနေကြသည်ဟု ၎င်းက ပြောသည်။
ယခင်က
လက်ဝတ်ရတနာ ဝတ်ဆင်သူများသည် မိမိစိတ်ကြိုက် ဒီဇိုင်းမျိုးစုံကို
ပန်းထိမ်ဆရာများထံတွင် အပ်နှံပြုလုပ်၍ ဝတ်ဆင်ကြ သည်ဟု သိရသည်။ လွန်ခဲ့သည့်
နှစ်နှစ်ကျော်ခန့်က ပြည်ပမှ နည်းပညာ အသုံးပြု၍ ပြုလုပ်ထားသည့် ခေတ်မီ
လက်ဝတ်ရတနာ ဒီဇိုင်းဆန်းများ ရွှေဆိုင်ကြီးများတွင် ရောင်းချလာကြသည့်
နောက်ပိုင်း လက်ဝတ်ရတနာ ပြုလုပ်ဝတ်ဆင်သူများသည် ရွှေဆိုင်ကြီးများမှ
ရတနာများကိုသာ ဝယ်ယူ ဝတ်ဆင်ကြတော့ သည်ဟု သိရသည်။
ထို့ကြောင့်
ပန်းထိမ်လုပ်ငန်းများတွင် အပ်နှံခြင်း နည်းလာပြီး
လုပ်ငန်းဝင်ငွေထိခိုက်မှုကြောင့် ရပ်တည်ရန် ခက်ခဲလာသည်ဟု
ပန်းထိမ်လုပ်ငန်းရှင်များက ပြောသည်။
“ရွှေဆိုင်အများစုက
ကိုယ့်ပန်းထိမ်ကိုယ့်အလုပ်သမားနဲ့ ကိုယ်ထားလာကြတယ်။ ပန်းထိမ်
လုပ်ငန်းတွေကို ပြန်မအပ်ကြတော့ဘူး။ ပန်းထိမ်ကို အပ်ရင်ပေးရမယ့်
ပိုက်ဆံပိုထွက်လာတယ်လေ။ ပန်းထိမ်လုပ်ငန်းတွေတင် မကပါဘူး ရွှေဆိုင်တွေမှာလည်း
ရွှေဈေး ကျနေတော့ အရောင်းအဝယ်သာ ဖြစ်နေတာ တွက်ခြေတော့ မကိုက်ဘူး”ဟု
“ရတနာ” ရွှေ၊ ငွေ လက်ဝတ်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ မမြင့်မြင့်စန်းက
ပြောသည်။
သို့သော်
မြန်မာရိုးရာ (ရွှေ၊ ငွေ) ပန်းထိမ်လုပ်ငန်း လုပ်ကိုင်ကြသူများသည်
လက်ရှိဖြစ်ပေါ်နေသော ရွှေဈေးနှုန်း ကျဆင်းမှု အပေါ်ထိ ခိုက်မှုအနည်းငယ်သာ
ရှိကြောင်း သိရသည်။ သို့သော် အပ်ထည် (ရွှေ၊ ငွေ) နည်းပါးလာ ခြင်းနှင့် အလုပ်
သမားခ၊ ဆိုင်ခန်းခ၊ လိုအပ် သည့် ပစ္စည်းကိရိယာ၊ ဓာတုပစ္စည်းများ စသည့်
ပစ္စည်းဈေးနှုန်းများ မြင့်တက်လာမှု တို့ကြောင့် ရှေရည်တွင်
ဆက်လက်လုပ်ကိုင်ရန် ခက်ခဲလာကြောင်း ရန်ကုန်မြို့တွင်းရှိ
ပန်းထိမ်လုပ်ငန်းများ ထံမှ သိရသည်။
“အလုပ်သမားခက
အနည်းဆုံး နှစ်ထောင့်ငါးရာကနေပြီးတော့ အလုပ်နေရာအလိုက် ငါးထောင်လောက်အထိ
ပေးရတယ်။ လုပ်ငန်းကောင်းနေရင်တော့ ပေးနိုင်တယ်။ ဒါပေမယ့် ပန်းထိမ်
လုပ်ငန်းတွေက အခု တော်တော် ကို ရပ်တည်ဖို့ ရုန်းကန်နေကြ တာဆိုတော့
ဘယ်လိုမှမလွယ်ဘူး”ဟု မြောက်ဥက္ကလာပ မြို့နယ်မှ (ရွှေ၊ ငွေ)
ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူနှင့် ပန်းထိမ်သမားတစ်ဦးဖြစ်သူ ဦးထွန်းကျော်က
ပြောသည်။
ရွေပန်းတိမ်လုပ်ငန်းအများမှာ
အပ်ထည်များကို ရွှေထည်များအတွင်းမှ ဖြတ်ယူလေ့ရှိပြီး၊ လက်စွပ်တစ်ကွင်း
ပြုပြင်လျှင် လက်ခအား ရွှေထည် တစ်ရွေးဖြစ်စေ၊ နှစ်ရွေးဖြစ်စေ
ယူလေ့ရှိကြောင်း ကမာရွတ်မြို့နယ်ရှိ ရွေထည်ပစ္စည်းပြုလုပ်သူများထံက
သိရှိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။