Tuesday, June 5, 2012

လွတ်လပ်ငြိမ်းချမ်းပန်းရဲ့ လမ်းဖျော်ဖြေမှုတွင် ၈၈ မျိုးဆက် ကျောင်းသားများ ပါဝင်ကူညီ

AddThis Social Bookmark Button
ကချင်စစ်ဘေး ဒုက္ခသည်များအတွက် တေးသီချင်း ဖျော်ဖြေမှုများဖြင့် ရန်ပုံငွေ လိုက်လံရှာဖွေကာ လှူဒါန်းနေသော လွတ်လပ်ငြိမ်းချမ်းပန်းရဲ့ လမ်းလူမှုကွန်ယက်အဖွဲ့၏ ဇွန်လ ၃ ရက်နေ့က ရန်ကင်းစင်တာတွင် ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ပါဝင်ကူညီ ဖျော်ဖြေခဲ့သည်။

'' ကျွန်တော်တို့ ထားဝယ်ခရီးစဉ်ကတည်းက ထားဝယ်မှာရှိတဲ့ ရွာသူရွာသားတွေက ကျပ်သိန်း ၂၀ ကျော်ကို ကချင်စစ်ဘေးဒဏ်ခံ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအတွက် လှူဒါန်းခဲ့တယ်။ ဆိုလိုတာက မြန်မာပြည်မြောက်ဖျားမှာ ဖြစ်နေတဲ့ကိစ္စဟာ မြန်မာပြည် တောင် ဖျားကသူတို့နဲ့ ဆိုင်တယ်ဆိုတဲ့စိတ် ရှိတယ်။ အဲတော့ ကချင်မှာဖြစ်နေတဲ့စစ်ဟာ ကျွန်တော်တို့ အားလုံးနဲ့ သက်ဆိုင်တယ်။ ကချင်မှာ ခံစားနေရတဲ့ စစ်ရဲ့ဒဏ်ရာဟာ ကျွန်တော်တို့အားလုံးရဲ့ ဒဏ်ရာလည်း ဖြစ်တယ်။ ဒီဒဏ်ရာကို ပျောက်အောင် ကျွန်တော်တို့ ကုသချင်တယ်။ ဒီမှာ ကိုရဲ လွင်တို့၊ ကိုသားထွေးတို့အနေနဲ့က ဒီလိုမျိုး အပတ်စဉ်တိုင်း လုပ်တဲ့အခါမှာ ကျွန်တော်တို့ ညီအစ်ကိုတွေက ထောင်ကထွက်လာကတည်းက ဒီမြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲ အောင်ကြိုးစားဖိုမူရှိပြီးသားပါ။ အဲဒီအတွက် ကျွန်တော်တို့ ၀ိုင်းဝန်းအားဖြည့်တာပါ'' ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောပါသည်။

လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့ကို မဇ္ဇျိမလှိုင်း တေးဂီတအဖွဲ့မှ ကိုရဲလွင်က ဦးဆောင်ဖွဲ့စည်းထားပြီး မေလ ၆ ရက်နေ့မှစပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖျော်ဖြေအလှူခံခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။